ျပည္နယ္ဒုတိယရဲတပ္ဖြဲ႔(က်ဳိင္းတံု)မွ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ေန႔အား ဂုဏ္ျပဳသည့္ အေနျဖင့္ က်ဳိင္းတံုၿမိဳ႕ရွိ ဘိ္ုးဘြားရိပ္သာတြင္ စုေပါင္းသန္႔ရွင္းေရးျပဳလုပ္

ျပည္နယ္ဒုတိယရဲတပ္ဖြဲ႔(က်ဳိင္းတံု)မွ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ေန႔အား ဂုဏ္ျပဳသည့္ အေနျဖင့္ က်ဳိင္းတံုၿမိဳ႕ရွိ ဘိ္ုးဘြားရိပ္သာတြင္ စုေပါင္းသန္႔ရွင္းေရးျပဳလုပ္
စက်တင်ဘာ 14, 2019
By Tachileik News Agency

(၅၅)ႏွစ္ေျမာက္ ျမန္မာနိုင္ငံရဲတပ္ဖြဲ႔ေန႔အား   ဂုဏ္ျပဳေသာအားျဖင့္ ျပည္နယ္ဒုတိယရဲတပ္ဖြဲ႔(က်ဳိင္းတံု)မွ တပ္ဖြဲ႔၀င္မ်ား ႏွင့္ မိသားစု၀င္မ်ားမွ စုေပါင္းသန္႔ရွင္းေရးအျဖစ္ ဘိုးဘြားရိပ္သာတြင္ ၂၀၁၉ခုႏွစ္ စက္တင္ဘာလ(၁၄)ရက္ေန႔ နံနက္ပိုင္းက လုပ္ေဆာင္ခဲ့ၾကေၾကာင္း သိရသည္။

ျပည္နယ္ဒုတိယရဲတပ္ဖြဲ႔(က်ဳိင္းတံု)မွ တပ္ဖြဲ႔၀င္မ်ား၊ က်ဳိင္းတံုခရိုင္ရဲတပ္ဖြဲ႔မွ တပ္ဖြဲ႔၀င္မ်ား၊ ယာဥ္ထိန္းတပ္ဖြဲ႔စု(၁၁၈)က်ဳိင္းတံုမွ တပ္ဖြဲ႔၀င္မ်ား၊ မူးယစ္တပ္ဖြဲ႔စု(၂၈)က်ဳိင္းတံုမွ တပ္ဖြဲ႔၀င္မ်ား၊ ေလေၾကာင္းရဲတပ္ဖြဲ႔မွ တပ္ဖြဲ႔၀င္မ်ား စုစုေပါင္း အင္အား (၁၀၀)၀န္းက်င္က က်ဳိင္းတံုၿမိဳ႕ ဘိုးဘြားရိပ္သာ၀န္း အတြင္း အျပင္ရွိ ေပါင္းျမက္မ်ား၊ အမႈိက္မ်ားႏွင့္ ၿခံဳႏြယ္မ်ားအား ခုတ္ထြင္ရွင္းလင္းခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

(၅၅)ႏွစ္ေျမာက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ေန႔သည္ ၂၀၁၉ခုႏွစ္ ေအာက္တိုဘာလ(၁)ရက္ေန႔တြင္ က်ေရာက္မည္ျဖစ္သည္။

Tachileik News Agency
သတင္း - ၿငိမ္းခ်မ္း(ျပည္)


~~~~~~~~⊰❂ Unicode Version ~~~~~~~~

(၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ဂုဏ်ပြုသောအားဖြင့် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ တပ်ဖွဲ့ဝင်များ နှင့် မိသားစုဝင်များမှ စုပေါင်းသန့်ရှင်းရေးအဖြစ် ဘိုးဘွားရိပ်သာတွင် ၂၀၁၉ခုနှစ် စက်တင်ဘာလ(၁၄)ရက်နေ့ နံနက်ပိုင်းက လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ တပ်ဖွဲ့ဝင်များ၊ ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့စု(၁၁၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များ၊ လေကြောင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား (၁၀၀)ဝန်းကျင်က ကျိုင်းတုံမြို့ ဘိုးဘွားရိပ်သာဝန်း အတွင်း အပြင်ရှိ ပေါင်းမြက်များ၊ အမှိုက်များနှင့် ခြုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

(၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့သည် ၂၀၁၉ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည်ဖြစ်သည်။

Tachileik News Agency
သတင်း - ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net