တာခ်ီလိတ္ၿမိဳ႕ေရွာင္လမ္းအတြက္ ေျမယာေလ်ာ္ေၾကးေပးရမည့္ ေျမပိုင္ရွင္ (၁၆၉)ဦးတြင္ (၃၉)ဦးသာ ေလ်ာ္ေၾကးလက္ခံရန္က်န္ရိွ

တာခ်ီလိတ္ၿမိဳ႕ေရွာင္လမ္းအတြက္ ေျမယာေလ်ာ္ေၾကးေပးရမည့္ ေျမပိုင္ရွင္ (၁၆၉)ဦးတြင္ (၃၉)ဦးသာ ေလ်ာ္ေၾကးလက္ခံရန္က်န္ရိွ
စက်တင်ဘာ 12, 2019
By Tachileik News Agency
ျမန္မာ - ထိုင္းနယ္စပ္၊ တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမရပ္ကြက္မွ ေဆခမ္းရပ္ကြက္အထိ ေဖာက္လုပ္မည့္ ၿမိဳ႕ေရွာင္လမ္းအတြက္ သိမ္းဆည္းမည့္ေျမယာမ်ားအတြက္ ေျမယာေလ်ာ္ေၾကးေပးသည့္ တတိယအႀကိမ္အျဖစ္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၁၂)ရက္ေန႔က ေတာင္သူ (၂၇)ဦးကို ေျမယာေလ်ာ္ေၾကး က်ပ္သိန္း (၈,၉၀၀)ေက်ာ္ ေပးအပ္သည္။

“ေနာက္ထပ္ေပးဖို႔ (၃၉) ဦးက်န္ေသးတယ္။ တံတား (၂) နားက စည္ပင္ပန္းၿခံရယ္၊ နကသေျမရယ္ (၂)ေနရာေပါ့။ အဲဒါက ဌာနဆိုင္ရာ လုပ္ထံုးလုပ္နည္းနဲ႔အညီ ျပန္လည္စြန္႔လႊတ္သြားမွာပါ။ ေလ်ာ္ေၾကးေပးဖို႔က ေတာင္သူ (၃၉) ဦးပဲက်န္ေတာ့တာ။ အခု တတိယအႀကိမ္မွာ အသစ္လက္ခံယူတာ (၁၉) ဦး၊ အစိုးရက ေလ်ာ္ေၾကးထပ္ေဆာင္းေပးတာ (၈) ဦး စုစုေပါင္း (၂၇) ဦးပါ”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ စီမံခန္႔ခြဲေရးေကာ္မတီ ဥကၠဌ၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ၿမိဳ႕ေရွာင္လမ္းေဖါက္လုပ္မည့္ေနရာတြင္ ပါဝင္မည့္ ေျမယာပိုင္ရွင္ စုစုေပါင္း (၁၆၉)ဦးကို ေလ်ာ္ေၾကးေပးေနရာ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၁၂)ရက္ေန႔အထိ ေလ်ာ္ေၾကးလက္ခံၿပီးသူ (၁၅၇)ဦးကို ေလ်ာ္ေၾကးေငြ စုစုေပါင္း က်ပ္သိန္း (၁၈,၀၀၀)ေက်ာ္ ေပးအပ္ထားၿပီးျဖစ္သည္။

ၿမိဳ႕ေရွာင္လမ္းေဖာက္လုပ္ရာတြင္ လမ္းနယ္တြင္ပါဝင္မည့္ လယ္ယာေျမႏွင့္ အိမ္ၿခံေျမမ်ားအတြက္ ေျမယာေလ်ာ္ေၾကးႏွင့္ သီးႏွံေလ်ာ္ေၾကးေပးအပ္ရာ လန-၃၉ က်ၿပီးသည့္ အိမ္ၿခံေျမ(၄၀x၆၀)တစ္ကြက္လွ်င္ က်ပ္သိန္း(၁၉၀)၊ လန-၃၉ က်ၿပီးသည့္ လယ္ယာဥယ်ာဥ္ၿခံေျမ ႏွင့္ ေျမလြတ္ေျမရိုင္းမ်ားအား တစ္ဧကလွ်င္ က်ပ္သိန္း(၁၉၀)ႏႈန္းျဖင့္ ေပးအပ္ျခင္းျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕ေရွာင္လမ္းကို ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား (၂)အနီးမွေန၍ မယ္ဆုိင္ေခ်ာင္းတေလွ်ာက္   စက္မႈဇုန္ႏွင့္ ဝမ္ပံုျဖတ္လမ္း ဦးထြန္းေအာင္ဂိတ္အထိ ေဖာက္လုပ္မည္ျဖစ္သည္။

Tachileik News Agency
သတင္း - ဟန္စိုးထုိက္
ဓါတ္ပံု -  ေက်ာ္ဇင္ဟိန္း




~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်၊ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်မှ ဆေခမ်းရပ်ကွက်အထိ ဖောက်လုပ်မည့် မြို့ရှောင်လမ်းအတွက် သိမ်းဆည်းမည့်မြေယာများအတွက် မြေယာလျော်ကြေးပေးသည့် တတိယအကြိမ်အဖြစ် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့က တောင်သူ (၂၇)ဦးကို မြေယာလျော်ကြေး ကျပ်သိန်း (၈,၉၀၀)ကျော် ပေးအပ်သည်။

“နောက်ထပ်ပေးဖို့ (၃၉) ဦးကျန်သေးတယ်။ တံတား (၂) နားက စည်ပင်ပန်းခြံရယ်၊ နကသမြေရယ် (၂)နေရာပေါ့။ အဲဒါက ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့အညီ ပြန်လည်စွန့်လွှတ်သွားမှာပါ။ လျော်ကြေးပေးဖို့က တောင်သူ (၃၉) ဦးပဲကျန်တော့တာ။ အခု တတိယအကြိမ်မှာ အသစ်လက်ခံယူတာ (၁၉) ဦး၊ အစိုးရက လျော်ကြေးထပ်ဆောင်းပေးတာ (၈) ဦး စုစုပေါင်း (၂၇) ဦးပါ”ဟု တာချီလိတ်မြို့နယ် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြို့ရှောင်လမ်းဖောက်လုပ်မည့်နေရာတွင် ပါဝင်မည့် မြေယာပိုင်ရှင် စုစုပေါင်း (၁၆၉)ဦးကို လျော်ကြေးပေးနေရာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့အထိ လျော်ကြေးလက်ခံပြီးသူ (၁၅၇)ဦးကို လျော်ကြေးငွေ စုစုပေါင်း ကျပ်သိန်း (၁၈,ဝဝဝ)ကျော် ပေးအပ်ထားပြီးဖြစ်သည်။

မြို့ရှောင်လမ်းဖောက်လုပ်ရာတွင် လမ်းနယ်တွင်ပါဝင်မည့် လယ်ယာမြေနှင့် အိမ်ခြံမြေများအတွက် မြေယာလျော်ကြေးနှင့် သီးနှံလျော်ကြေးပေးအပ်ရာ လန-၃၉ ကျပြီးသည့် အိမ်ခြံမြေ(၄၀x၆၀)တစ်ကွက်လျှင် ကျပ်သိန်း(၁၉၀)၊ လန-၃၉ ကျပြီးသည့် လယ်ယာဥယျာဉ်ခြံမြေ နှင့် မြေလွတ်မြေရိုင်းများအား တစ်ဧကလျှင် ကျပ်သိန်း(၁၉၀)နှုန်းဖြင့် ပေးအပ်ခြင်းဖြစ်သည်။

တာချီလိတ်မြို့ရှောင်လမ်းကို မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၂)အနီးမှနေ၍ မယ်ဆိုင်ချောင်းတလျှောက် စက်မှုဇုန်နှင့် ဝမ်ပုံဖြတ်လမ်း ဦးထွန်းအောင်ဂိတ်အထိ ဖောက်လုပ်မည်ဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net