လိပ္ကၽြန္းလူသတ္မႈမွ ေသဒဏ္ခ်မွတ္ခံထားရသည့္ ဝင္းႏွင့္ေဇာ္၏ ေနာက္ဆံုးအယူခံ ရံႈးနိမ့္

လိပ္ကၽြန္းလူသတ္မႈမွ ေသဒဏ္ခ်မွတ္ခံထားရသည့္ ဝင္းႏွင့္ေဇာ္၏ ေနာက္ဆံုးအယူခံ ရံႈးနိမ့္
သြဂုတ် 29, 2019
By Tachileik News Agency
ထုိင္းႏိုင္ငံ၊ လိပ္ကြၽန္း(ခိုေတာင္ကၽြန္း) လူသတ္မႈျဖင့္ ေသဒဏ္ခ်မွတ္ခံထားရသည့္ ျမန္မာႏုိင္ငံသား ဝင္းေဇာ္ထြန္းႏွင့္ ေဇာ္လင္းတုိ႔၏ ေနာက္ဆံုးအယူခံကို ထိုင္းႏိုင္ငံ တရားလႊတ္ေတာ္ခ်ဳပ္က ေသဒဏ္အတည္ျပဳ အမိန္႔ခ်မွတ္လိုက္ၿပီျဖစ္သည္။

ဝင္းနွင့္ေဇာ္၏ေနာက္ဆံုးအယူခံကို ႏြန္ထဘူရီခ႐ိုင္တရားရံုးတြင္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၉)ရက္ေန႔ ထုိင္းစံေတာ္ခ်ိန္ နံနက္ (၁၁)နာရီခြဲမွစ၍ ဖတ္ၾကားခဲ့ျခင္းျဖစ္သည္။

“ အခု တရားရံုးကအမိန္႔ဖတ္ၾကားမႈအရ ေသဒဏ္ကိုပဲ အတည္ျပဳလုိက္ပါတယ္ ”ဟု ဝင္းႏွင့္ေဇာ္၏ အမႈ ကိစၥ အတြက္ လုိက္လံေဆာင္ရြက္ေပးေနသည့္ ထုိင္းႏုိင္ငံအေျခစိုက္ ေရႊ႕ေျပာင္းအလုပ္သမား အခြင့္အေရးကြန္ရက္ (MWRN )မွ မႈခင္းေရးရာႏွင့္ စည္းရံုးေရးတာဝန္ခံ ကိုစိုင္းစိုင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို ၾသဂုတ္လ(၂၉)ရက္ေန႔ ေန႔လည္ပိုင္းက ေျပာသည္။

တရားစီရင္မႈ၏ ေနာက္ဆံုးအဆင့္ျဖစ္သည့္ အယူခံကို အမိန္႔ဖတ္ၾကားျခင္းကို ဝင္းေဇာ္ထြန္းႏွင့္ ေဇာ္လင္းတုိ႔ အေနျဖင့္ ဘာသာျပန္ျဖင့္ နားေထာင္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံေတာင္ပိုင္း ဆူရတ္ဌာနီခရိုင္အတြင္းရိွ ခိုေတာင္ကၽြန္း (လိပ္ကၽြန္း)တြင္ ၂၀၁၄ ခုႏွစ္ကုန္ပိုင္းက ၿဗိတိန္ႏိုင္ငံသား (၂) ဦး အသတ္ခံရမႈႏွင့္ ပတ္သက္ၿပီး ျမန္မာႏုိင္ငံသားႏွစ္ဦးျဖစ္သည့္ ေဇာ္လင္းႏွင့္ ဝင္းေဇာ္ထြန္းတို႔အား ေကာ္စမြီခ႐ုိင္တရား႐ုံးက ၂၀၁၅ ခုႏွစ္၊ ဒီဇင္ဘာလ (၂၄) ရက္ေန႔တြင္ ေသဒဏ္ စီရင္ခ်က္ခ်ခဲ့ျခင္းခံရသျဖင့္ ထိုင္းေရွ႕ေနမ်ား ပူးေပါင္း၍ ထိုင္းအယူခံ တရားရံုးတြင္ ႏွစ္ႀကိမ္တိုင္တိုင္ အယူခံတင္ခဲ့ၿပီးျဖစ္သည္။

ဝင္းႏွင့္ေဇာ္အား ခ်မွတ္သည့္ျပစ္ဒဏ္ႏွင့္ပတ္သက္၍ ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္လ (၂၁) ရက္ေန႔တြင္ ေကာ့စေမြ တရားရံုးမွ တစ္ဆင့္ အဆင့္ျမင့္ထုိင္းအယူခံတရားရံုးသို႔ ေနာက္ဆံုးအယူခံတင္ခဲ့ၿပီးေနာက္ ၂၀၁၈ ခုႏွစ္၊ မတ္လ (၂၃) ရက္ေန႔က ထိုင္းအဆင့္ျမင့္တရားရံုးသို႔ အယူခံ ခုခံေလွ်ာက္လဲခ်က္ တင္သြင္းထားခဲ့ကာ ထိုင္းအဆင့္ျမင့္တရားရံုးမွ အၿပီးသတ္အမိန္႔ခ်မွတ္ရန္ ေစာင့္ဆုိင္းေနၾကျခင္းျဖစ္သည္။

ဝင္းႏွင့္ေဇာ္က လူသတ္မွဳႏွင့္ ပတ္သက္၍ ဝန္ခံသည္ဟု ထိုင္းရဲအရာရွိမ်ားက အခင္းျဖစ္ပြားၿပီးေနာက္ ထုတ္ျပန္ေၾကညာခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ထိုင္းရဲမ်ား၏ ႏွိပ္စက္ဝန္ခံခိုင္းျခင္းေၾကာင့္ ဝန္ခံခဲ့ရၿပီး လူသတ္မွဳကို မက်ဴးလြန္ေၾကာင္း ထြက္ဆိုထားခဲ့ျခင္းျဖစ္သည္။

Tachileik News Agency
Photo: Andy Hall

~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံ၊ လိပ်ကျွန်း(ခိုတောင်ကျွန်း) လူသတ်မှုဖြင့် သေဒဏ်ချမှတ်ခံထားရသည့် မြန်မာနိုင်ငံသား ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့၏ နောက်ဆုံးအယူခံကို ထိုင်းနိုင်ငံ တရားလွှတ်တော်ချုပ်က သေဒဏ်အတည်ပြု အမိန့်ချမှတ်လိုက်ပြီဖြစ်သည်။

ဝင်းနှင့်ဇော်၏နောက်ဆုံးအယူခံကို နွန်ထဘူရီခရိုင်တရားရုံးတွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၉)ရက်နေ့ ထိုင်းစံတော်ချိန် နံနက် (၁၁)နာရီခွဲမှစ၍ ဖတ်ကြားခဲ့ခြင်းဖြစ်သည်။

“ အခု တရားရုံးကအမိန့်ဖတ်ကြားမှုအရ သေဒဏ်ကိုပဲ အတည်ပြုလိုက်ပါတယ် ”ဟု ဝင်းနှင့်ဇော်၏ အမှု ကိစ္စ အတွက် လိုက်လံဆောင်ရွက်ပေးနေသည့် ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN )မှ မှုခင်းရေးရာနှင့် စည်းရုံးရေးတာဝန်ခံ ကိုစိုင်းစိုင်းက တာချီလိတ်သတင်းအေဂျင်စီသို သြဂုတ်လ(၂၉)ရက်နေ့ နေ့လည်ပိုင်းက ပြောသည်။

တရားစီရင်မှု၏ နောက်ဆုံးအဆင့်ဖြစ်သည့် အယူခံကို အမိန့်ဖတ်ကြားခြင်းကို ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ အနဖြေင့် ဘာသာပြန်ဖြင့် နားထောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင်အတွင်းရှိ ခိုတောင်ကျွန်း (လိပ်ကျွန်း)တွင် ၂၀၁၄ ခုနှစ်ကုန်ပိုင်းက ဗြိတိန်နိုင်ငံသား (၂) ဦး အသတ်ခံရမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အား ကော်စမွီခရိုင်တရားရုံးက ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် သေဒဏ် စီရင်ချက်ချခဲ့ခြင်းခံရသဖြင့် ထိုင်းရှေ့နေများ ပူးပေါင်း၍ ထိုင်းအယူခံ တရားရုံးတွင် နှစ်ကြိမ်တိုင်တိုင် အယူခံတင်ခဲ့ပြီးဖြစ်သည်။

ဝင်းနှင့်ဇော်အား ချမှတ်သည့်ပြစ်ဒဏ်နှင့်ပတ်သက်၍ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၂၁) ရက်နေ့တွင် ကော့စမွေ တရားရုံးမှ တစ်ဆင့် အဆင့်မြင့်ထိုင်းအယူခံတရားရုံးသို့ နောက်ဆုံးအယူခံတင်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့က ထိုင်းအဆင့်မြင့်တရားရုံးသို့ အယူခံ ခုခံလျှောက်လဲချက် တင်သွင်းထားခဲ့ကာ ထိုင်းအဆင့်မြင့်တရားရုံးမှ အပြီးသတ်အမိန့်ချမှတ်ရန် စောင့်ဆိုင်းနကြခြေင်းဖြစ်သည်။

ဝင်းနှင့်ဇော်က လူသတ်မှုနှင့် ပတ်သက်၍ ဝန်ခံသည်ဟု ထိုင်းရဲအရာရှိများက အခင်းဖြစ်ပွားပြီးနောက် ထုတ်ပြန်ကြေညာခဲ့သော်လည်း နောက်ပိုင်းတွင် ထိုင်းရဲများ၏ နှိပ်စက်ဝန်ခံခိုင်းခြင်းကြောင့် ဝန်ခံခဲ့ရပြီး လူသတ်မှုကို မကျူးလွန်ကြောင်း ထွက်ဆိုထားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
Photo: Andy Hall

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net