ထိုင္းႏုိင္ငံေရာက္ ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ားအား ပညာသင္ၾကားေပးေနသည့္ စာသင္ေက်ာင္းမွ ဖမ္းဆီးခံ ဆရာ၊ ဆရာမမ်ား ျပန္လည္ လြတ္ေျမာက္လာၿပီ ျဖစ္ေသာ္လည္း ေက်ာင္းမ်ား ပိတ္ထားရဆဲ

ထိုင္းႏုိင္ငံေရာက္ ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ားအား ပညာသင္ၾကားေပးေနသည့္ စာသင္ေက်ာင္းမွ ဖမ္းဆီးခံ ဆရာ၊ ဆရာမမ်ား ျပန္လည္ လြတ္ေျမာက္လာၿပီ ျဖစ္ေသာ္လည္း ေက်ာင္းမ်ား ပိတ္ထားရဆဲ
သြဂုတ် 27, 2019
By Tachileik News Agency

ထုိင္းႏုိင္ငံ(ေတာင္ပိုင္း)၊ ရေနာင္းခရိုင္တြင္ ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ားအား သင္ၾကားေနသည့္ ရေနာင္းဌာနီ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းမွ ဖမ္းဆီးခံရသည့္ ျမန္မာ ဆရာ၊ဆရာမ (၃၂)ဦး ျပန္လည္လြတ္ေျမာက္လာၿပီျဖစ္ေသာ္လည္း စာသင္ေက်ာင္းအခ်ိဳ႕ ပိတ္ထားရဆဲျဖစ္ေၾကာင္း သိရသည္။

ျမန္မာစာသင္ေက်ာင္းမ်ား ဆက္လက္ဖြင့္လွစ္ခြင့္ရရိွေရးကို ထိုင္းႏိုင္ငံဆိုင္ရာျမန္မာသံအမတ္ႀကီး ဦးမ်ိဳးျမင့္သန္းက သက္ဆုိင္ရာတာဝန္ရိွသူမ်ားႏွင့္ ဆက္လက္ေဆြးေႏြးသြားမည္ဟု ျမန္မာအလုပ္သမားသံအရာရိွရံုးက ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၇)ရက္ေန႔တြင္ သတင္းထုတ္ျပန္သည္။

ရေနာင္းခ႐ိုင္၊ ရေနာင္းၿမိဳ႕၊ ဘန္ႏြန္းရပ္ကြက္၊ ရေနာင္းဌာနီေစ်းအေနာက္ဘက္၊ (၁) လမ္း၊ ၿခံအမွတ္ (၈၆/၂၁၇)၊ (၈၆/၂၁၈) ရိွ ရေနာင္းဌာနီ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းတြင္ ထိုင္းႏိုင္ငံေရာက္ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားမ်ား၏ သားသမီးမ်ားကို ပညာသင္ၾကားေနသည့္ ဆရာ၊ ဆရာမ (၃၂)ဦးကို ၾသဂုတ္လ (၂၄)ရက္ေန႔တြင္ ထုိင္းတာဝန္ရိွသူမ်ားက ဝင္ေရာက္စစ္ေဆးရာ အလုပ္လုပ္ခြင့္မရိွသည္ကုိ စစ္ေဆးေတြ႔ရ၍ ဖမ္းဆီးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဆရာ၊ဆရာမမ်ားဖမ္းဆီးခံရမႈအား ကူညီေပးရန္ ေက်ာင္းအုပ္ဆရာေတာ္ ဘဒၵႏၲေကာသလႅက အလုပ္သမားသံအရာရွိ ဦးေက်ာ္စိုးေဝထံသို႔ ဆက္သြယ္အကူအညီေတာင္းလာသျဖင့္ ထုိင္းတာဝန္ရိွသူမ်ားထံ ဆက္သြယ္ရာ ဆရာ၊ ဆရာမမ်ားသည္ (၂) ပတ္သာ ခြင့္ျပဳသည့္ အလည္အပတ္ Border Pass စာအုပ္ျဖင့္ ဝင္ေရာက္လာကာ ထိုင္းႏိုင္ငံတြင္ ႏိုင္ငံျခားသားအလုပ္သမားမ်ား လုပ္ကိုင္ရန္ ကန္႔သတ္ထားသည့္ လုပ္ငန္းကို လုပ္ကိုင္ေနသျဖင့္ ႏိုင္ငံျခားသားအလုပ္သမားစီမံခန္႔ခြဲေရးဥပေဒ ပုဒ္မ ၂၇ အရ အေရးယူခဲ့ေၾကာင္း သိရသျဖင့္ အနိမ့္ဆုံး ဒဏ္ေၾကးေငြ သတ္မွတ္ႏိုင္ေရး ညိႇႏိႈင္းေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါ ဆရာ၊ ဆရာမမ်ားအတြက္ ဒဏ္ေၾကးဘတ္ေငြ (၅၀၀၀)ကို ေပးေဆာင္ၿပီးေနာက္ ထုိင္းႏုိင္ငံ လူဝင္မႈႀကီးၾကပ္ေရးမွ လႊတ္ေပးမည့္ရက္ထိမေစာင့္ဘဲ ၾသဂုတ္လ (၂၆)ရက္ေန႔တြင္ ေကာ့ေသာင္းၿမိဳ႕သို႔ ျပန္လည္ပို႔ေဆာင္ေပးျခင္းတုိ႔ကို စီစဥ္ေပးခဲ့ေၾကာင္း သိရသည္။

 ရေနာင္းဌာနီ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းမွာလည္း တရားဝင္မျဖစ္ေသးသည့္အတြက္ ေခတၱပိတ္ထားရသျဖင့္ တရားဝင္ဖြင့္လွစ္ႏိုင္ေရး ေဆာင္႐ြက္ႏိုင္မည့္ နည္းလမ္းမ်ားႏွင့္ လုပ္ငန္းစဥ္မ်ားကို ေက်ာင္းအုပ္ဆရာေတာ္ထံ ေလွ်ာက္ထားၿပီးျဖစ္ေၾကာင္း သိရသည္။

အဆိုပါေက်ာင္းမွာ ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ား၏ကေလးမ်ားအတြက္ နာယက ဆရာေတာ္ ေ႐ႊစင္တိပိဋကဓရ တိပိဋက ေကာဝိဒ စမၼဘ႑ာဂါရိက ဘဒၵႏၲ ဂႏၶမာလာလကၤာရ ျမင္းၿခံဆရာေတာ္မွ ဦးေဆာင္၍၂၀၁၉ ခုႏွစ္၊ မတ္လ (၁၄)ရက္ေန႔တြင္ စတင္ဖြင့္လွစ္ထားျခင္းျဖစ္ၿပီး ၂၀၁၉-၂၀၂၀ ပညာ သင္ႏွစ္တြင္ ဆရာ၊ ဆရာမ (၄၀) ဦးခန္႔ႏွင့္ ေက်ာင္းသား (၆၄၉) ဦး၊ ေက်ာင္းသူ (၆၄၄ )ဦး၊ စုစုေပါင္း (၁၂၉၃)ဦး ရိွေနျခင္းျဖစ္သည္။

ရေနာင္းၿမိဳ႕တြင္ ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ား၏ ကေလးမ်ားတက္ေနရသည့္ အျခားေက်ာင္းေပါင္း (၁၃)ေက်ာင္းအနက္ (၄)ေက်ာင္းမွာလည္း ဝင္ေရာက္စစ္ေဆးခံရမည္စိုးရိမ္၍ လက္ရိွတြင္ ပိတ္ထားေၾကာင္း သိရသည္။

ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ား၏ကေလးမ်ား စာသင္ၾကားေနသည့္ အဆိုပါေက်ာင္းမ်ားကို ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ေရးႏွင့္ ေ႐ႊ႕ေျပာင္းလုပ္သားမ်ား၏ သား၊ သမီးမ်ား၏ အနာဂတ္ကိုေထာက္ထား၍ ေခတၱဖြင့္လွစ္ခြင့္ျပဳရန္ႏွင့္ ယင္းေက်ာင္းမ်ားကိုလည္း တရားဝင္ဖြင့္လွစ္ႏိုင္ေရး ေက်ာင္းအုပ္ခ်ဳပ္သူမ်ားႏွင့္ ေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း ရေနာင္းၿမိဳ႕ အလုပ္အကိုင္ဌာနႏွင့္ အလုပ္သမားသံအရာရွိတို႔ ညိႇႏႈိင္းထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - LA-Thailand


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံ(တောင်ပိုင်း)၊ ရနောင်းခရိုင်တွင် မြန်မာရွှေ့ပြောင်းလုပ်သားများအား သင်ကြားနေသည့် ရနောင်းဌာနီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ဖမ်းဆီးခံရသည့် မြန်မာ ဆရာ၊ဆရာမ (၃၂)ဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်သော်လည်း စာသင်ကျောင်းအချို့ ပိတ်ထားရဆဲဖြစ်ကြောင်း သိရသည်။

မြန်မာစာသင်ကျောင်းများ ဆက်လက်ဖွင့်လှစ်ခွင့်ရရှိရေးကို ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆက်လက်ဆွေးနွေးသွားမည်ဟု မြန်မာအလုပ်သမားသံအရာရှိရုံးက ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရနောင်းခရိုင်၊ ရနောင်းမြို့၊ ဘန်နွန်းရပ်ကွက်၊ ရနောင်းဌာနီဈေးအနောက်ဘက်၊ (၁) လမ်း၊ ခြံအမှတ် (၈၆/၂၁၇)၊ (၈၆/၂၁၈) ရှိ ရနောင်းဌာနီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ သားသမီးများကို ပညာသင်ကြားနေသည့် ဆရာ၊ ဆရာမ (၃၂)ဦးကို သြဂုတ်လ (၂၄)ရက်နေ့တွင် ထိုင်းတာဝန်ရှိသူများက ဝင်ရောက်စစ်ဆေးရာ အလုပ်လုပ်ခွင့်မရှိသည်ကို စစ်ဆေးတွေ့ရ၍ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆရာ၊ဆရာမများဖမ်းဆီးခံရမှုအား ကူညီပေးရန် ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တကောသလ္လက အလုပ်သမားသံအရာရှိ ဦးကျော်စိုးဝေထံသို့ ဆက်သွယ်အကူအညီတောင်းလာသဖြင့် ထိုင်းတာဝန်ရှိသူများထံ ဆက်သွယ်ရာ ဆရာ၊ ဆရာမများသည် (၂) ပတ်သာ ခွင့်ပြုသည့် အလည်အပတ် Border Pass စာအုပ်ဖြင့် ဝင်ရောက်လာကာ ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားအလုပ်သမားများ လုပ်ကိုင်ရန် ကန့်သတ်ထားသည့် လုပ်ငန်းကို လုပ်ကိုင်နေသဖြင့် နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၇ အရ အရေးယူခဲ့ကြောင်း သိရသဖြင့် အနိမ့်ဆုံး ဒဏ်ကြေးငွေ သတ်မှတ်နိုင်ရေး ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆရာ၊ ဆရာမများအတွက် ဒဏ်ကြေးဘတ်ငွေ (၅၀၀၀)ကို ပေးဆောင်ပြီးနောက် ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးမှ လွှတ်ပေးမည့်ရက်ထိမစောင့်ဘဲ သြဂုတ်လ (၂၆)ရက်နေ့တွင် ကော့သောင်းမြို့သို့ ပြန်လည်ပို့ဆောင်ပေးခြင်းတို့ကို စီစဉ်ပေးခဲ့ကြောင်း သိရသည်။

 ရနောင်းဌာနီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာလည်း တရားဝင်မဖြစ်သေးသည့်အတွက် ခေတ္တပိတ်ထားရသဖြင့် တရားဝင်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် လုပ်ငန်းစဉ်များကို ကျောင်းအုပ်ဆရာတော်ထံ လျှောက်ထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါကျောင်းမှာ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ကလေးများအတွက် နာယက ဆရာတော် ရွှေစင်တိပိဋကဓရ တိပိဋက ကောဝိဒ စမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တ ဂန္ဓမာလာလင်္ကာရ မြင်းခြံဆရာတော်မှ ဦးဆောင်၍၂၀၁၉ ခုနှစ်၊ မတ်လ (၁၄)ရက်နေ့တွင် စတင်ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ၂၀၁၉-၂၀၂၀ ပညာ သင်နှစ်တွင် ဆရာ၊ ဆရာမ (၄၀) ဦးခန့်နှင့် ကျောင်းသား (၆၄၉) ဦး၊ ကျောင်းသူ (၆၄၄ )ဦး၊ စုစုပေါင်း (၁၂၉၃)ဦး ရှိနခြေင်းဖြစ်သည်။

ရနောင်းမြို့တွင် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ကလေးများတက်နေရသည့် အခြားကျောင်းပေါင်း (၁၃)ကျောင်းအနက် (၄)ကျောင်းမှာလည်း ဝင်ရောက်စစ်ဆေးခံရမည်စိုးရိမ်၍ လက်ရှိတွင် ပိတ်ထားကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများ၏ကလေးများ စာသင်ကြားနေသည့် အဆိုပါကျောင်းများကို နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ရွှေ့ပြောင်းလုပ်သားများ၏ သား၊ သမီးများ၏ အနာဂတ်ကိုထောက်ထား၍ ခေတ္တဖွင့်လှစ်ခွင့်ပြုရန်နှင့် ယင်းကျောင်းများကိုလည်း တရားဝင်ဖွင့်လှစ်နိုင်ရေး ကျောင်းအုပ်ချုပ်သူများနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ရနောင်းမြို့ အလုပ်အကိုင်ဌာနနှင့် အလုပ်သမားသံအရာရှိတို့ ညှိနှိုင်းထားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - LA-Thailand

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net