ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္မိသားစုမ်ားအတြက္ ရဲစခန္းမ်ားအလုိက္ ေဆးတပ္ဖြဲ႕မ်ား ထည့္သြင္းဖြဲ႕စည္းရန္ ျပင္ဆင္ေန

ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္မိသားစုမ်ားအတြက္ ရဲစခန္းမ်ားအလုိက္ ေဆးတပ္ဖြဲ႕မ်ား ထည့္သြင္းဖြဲ႕စည္းရန္ ျပင္ဆင္ေန
သြဂုတ် 22, 2019
By 🌸
ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ မိသားစုမ်ားအတြက္ ရဲစခန္းဖြဲ႕စည္းပံုတြင္ ေဆးတပ္ဖြဲ႕ထည့္သြင္းဖြဲ႕စည္းရန္ ျပင္ဆင္ေနၿပီး လက္ရိွတြင္ တပ္ဖြဲ႕ဝင္မ်ားႏွင့္ တပ္ဖြဲ႕ဝင္မိသားစုမ်ား၏ ျပည္သူ႔ေဆးရံုမ်ားတြင္ ေဆးကုသမႈစရိတ္ကို တပ္ဖြဲ႕က ေထာက္ပံ့ေပးေနေၾကာင္း သိရသည္။
ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ (၁၃) ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး (၁၂)ရက္ေျမာက္ေန႔ျဖစ္သည့္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၀)ရက္ေန႔တြင္ အလုံမဲဆႏၵနယ္မွ ဦးရဲလြင္က ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ရဲတပ္ဖြဲ႕ဝင္ မိသားစုမ်ားအတြက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ေဆး႐ုံ (ရဲေဆး႐ုံ) တည္ေဆာက္ေပးရန္ အစီအစဥ္ ရွိ၊ မရွိ ေမးျမန္းျခင္းကို ျပည္ထဲေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ေအာင္သူက ျပန္လည္ေျဖၾကားျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕တြင္ တပ္ဖြဲ႕ဝင္မ်ားႏွင့္ မိသားစုဝင္မ်ား၏ နာမက်န္းျဖစ္ပြားမႈ၊ မေတာ္တဆ ထိခိုက္ဒဏ္ရာရရွိမႈမ်ားကို အခ်ိန္မီ ေဆးဝါးကုသေဆာင္႐ြက္ေပးႏိုင္ရန္အတြက္ တပ္ဖြဲ႕ဝင္မ်ား၊ ကြပ္ကဲမႈအဖြဲ႕မ်ား၊ ေနျပည္ေတာ္၊ တိုင္းေဒသႀကီး/ျပည္နယ္ရဲတပ္ဖြဲ႕မ်ား၊ ၿမိဳ႕မရဲစခန္းႏွင့္ နယ္ေျမရဲစခန္းတို႔၏ ဖြဲ႕စည္းပုံမ်ား၌ တပ္ဖြဲ႕ဝင္သူနာျပဳ၊ ေဆးအဖြဲ႕ဝင္အရာရွိ၊ အျခားအဆင့္မ်ား ထည့္သြင္း၍ဖြဲ႕စည္းရန္ ျပည္ေထာင္စုအစိုးရအဖြဲ႕က ခြင့္ျပဳေပးထားၿပီးျဖစ္ေၾကာငး္ သိရသည္။
ရဲတပ္ဖြဲ႕တြင္ ေဆးတပ္ဖြဲ႕ အရာထမ္း (၅) ဦး၊ အမႈထမ္း (၂၆၀၅) ဦး စုစုေပါင္း (၂၆၁၀) ဦးျဖင့္ သူနာျပဳတပ္ဖြဲ႕ဝင္မ်ား ခန္႔အပ္တာဝန္ေပးအပ္ႏိုင္ရန္ ရဲေလ့က်င့္ေရးေက်ာင္း (၇)ေက်ာင္းတြင္ ေလ့က်င့္ေပးေနသည့္အျပင္ ရဲေလ့က်င့္ေရးေက်ာင္းမ်ားတြင္လည္း ေဆးခန္းဖြဲ႕စည္းပံုထည့္သြင္းရန္  စုစုေပါင္း ဝန္ထမ္း(၉၆) ဦး ခန္႔အပ္ႏုိင္ေရးအတြက္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနျဖင့္ ညိႇႏိႈင္းလုပ္ေဆာင္ ေနေၾကာင္း သိရသည္။
ရဲတပ္ဖြဲ႕တြင္ ၂၀၁၅ ခုႏွစ္၊ ႏိုဝင္ဘာလ (၁၆)ရက္ေန႔မွစၿပီး က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနႏွင့္ ညႇိႏႈိင္းေဆာင္ရြက္ခ်က္အရ သူနာျပဳသားဖြားဒီပလိုမာႏွင့္ ဘက္စုံသားဖြားဒီပလိုမာ သင္တန္းဆင္း အမ်ိဳးသမီးတပ္ဖြဲ႕ဝင္ (၉၀) ဦးကို သူနာျပဳတပ္ဖြဲ႕ဝင္အျဖစ္ လုံၿခဳံေရးရဲကြပ္ကဲမႈအဖြဲ႕႐ုံး၊ လုံၿခဳံေရးရဲတပ္ဖြဲ႕မ်ား၊ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ခြဲႏွင့္ ရဲေလ့က်င့္ေရးေက်ာင္းမ်ားတြင္ ခန္႔အပ္တာဝန္ခ်ထားေၾကာင္း သိရသည္။
Tachileik News Agency
ဓါတ္ပံု - ျပည္သူ႔လႊတ္ေတာ္
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုများအတွက် ရဲစခန်းများအလိုက် ဆေးတပ်ဖွဲ့များ ထည့်သွင်းဖွဲ့စည်းရန် ပြင်ဆင်နေ
*************
ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများအတွက် ရဲစခန်းဖွဲ့စည်းပုံတွင် ဆေးတပ်ဖွဲ့ထည့်သွင်းဖွဲ့စည်းရန် ပြင်ဆင်နေပြီး လက်ရှိတွင် တပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်မိသားစုများ၏ ပြည်သူ့ဆေးရုံများတွင် ဆေးကုသမှုစရိတ်ကို တပ်ဖွဲ့က ထောက်ပံ့ပေးနေကြောင်း သိရသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၀)ရက်နေ့တွင် အလုံမဲဆန္ဒနယ်မှ ဦးရဲလွင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင် မိသားစုများအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆေးရုံ (ရဲဆေးရုံ) တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခြင်းကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ နာမကျန်းဖြစ်ပွားမှု၊ မတော်တဆ ထိခိုက်ဒဏ်ရာရရှိမှုများကို အချိန်မီ ဆေးဝါးကုသဆောင်ရွက်ပေးနိုင်ရန်အတွက် တပ်ဖွဲ့ဝင်များ၊ ကွပ်ကဲမှုအဖွဲ့များ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များ၊ မြို့မရဲစခန်းနှင့် နယ်မြေရဲစခန်းတို့၏ ဖွဲ့စည်းပုံများ၌ တပ်ဖွဲ့ဝင်သူနာပြု၊ ဆေးအဖွဲ့ဝင်အရာရှိ၊ အခြားအဆင့်များ ထည့်သွင်း၍ဖွဲ့စည်းရန် ပြည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့တွင် ဆေးတပ်ဖွဲ့ အရာထမ်း (၅) ဦး၊ အမှုထမ်း (၂၆၀၅) ဦး စုစုပေါင်း (၂၆၁၀) ဦးဖြင့် သူနာပြုတပ်ဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးအပ်နိုင်ရန် ရဲလေ့ကျင့်ရေးကျောင်း (၇)ကျောင်းတွင် လေ့ကျင့်ပေးနေသည့်အပြင် ရဲလေ့ကျင့်ရေးကျောင်းများတွင်လည်း ဆေးခန်းဖွဲ့စည်းပုံထည့်သွင်းရန်  စုစုပေါင်း ဝန်ထမ်း(၉၆) ဦး ခန့်အပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဖြင့် ညှိနှိုင်းလုပ်ဆောင် နေကြောင်း သိရသည်။

ရဲတပ်ဖွဲ့တွင် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၁၆)ရက်နေ့မှစပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ချက်အရ သူနာပြုသားဖွားဒီပလိုမာနှင့် ဘက်စုံသားဖွားဒီပလိုမာ သင်တန်းဆင်း အမျိုးသမီးတပ်ဖွဲ့ဝင် (၉၀) ဦးကို သူနာပြုတပ်ဖွဲ့ဝင်အဖြစ် လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့ရုံး၊ လုံခြုံရေးရဲတပ်ဖွဲ့များ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲနှင့် ရဲလေ့ကျင့်ရေးကျောင်းများတွင် ခန့်အပ်တာဝန်ချထားကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ပြည်သူ့လွှတ်တော်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net