ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး နှင့် ရှာဖွေကယ်ဆယ်ရေးများနှင့် ပတ်သက်၍ မကွေးတွင် ဇာတ်တိုက်လေ့ကျင့်

ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး နှင့် ရှာဖွေကယ်ဆယ်ရေးများနှင့် ပတ်သက်၍ မကွေးတွင် ဇာတ်တိုက်လေ့ကျင့်
သွဂုတျ 30, 2019
By Tachileik News Agency

ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင် ကာကွယ်ရန် နှင့် ဖြစ်ပေါ်လာတဲ့အခါ လျင်မြန်စွာ ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်နိုင်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်မှုများကို မကွေးမြို့ရှိ မြသလွန်ဘုရားပွဲတော်ကွင်းအတွင်း၌ ၂၀၁၉ခုနှစ် သြဂုတ်လ(၃၀)ရက်နေ့ နံနက်က ပြုလုပ်ခဲ့ကြသည်။

လေ့ကျင့်ရေးပထမပိုင်း၌ ဧရာဝတီမြစ်အတွင်း သင်္ဘောမီးလောင်ရာတွင် ခေတ်မီ ယာဉ်၊ ပစ္စည်း၊ စက်ကရိယာများကို အသုံးပြုကာ မီးငြှိမ်းသတ် သရုပ်ပြသခြင်းနှင့် မြစ်အတွင်း ရေပြင်ရှာဖွေကယ်ဆယ်ရေးစွမ်းရည်များကို သရုပ်ပြသပြီး လေ့ကျင့်ရေး ဒုတိယပိုင်းတွင် အင်အားပြင်းငလျှင်လှုပ်ခတ်မှုဖြစ်ပွား၍ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များမှ လုပ် ငန်းစဉ်များအလိုက် ခေတ်မီ ယာဉ်၊ ပစ္စည်း၊ စက်ကရိယာများကို အသုံးပြုကာ ရှာဖွေကယ်ဆယ်ခြင်းတို့ကို သရုပ် ပြသကြသည်။

အဆိုပါ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးက မြန်မာနိုင်ငံအနေဖြင့် ပထဝီအနေအထားအရ သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို တွေ့ကြုံခံစားရသည့် နိုင်ငံဖြစ်၍ နိုင်ငံအတွင်း အချိန်အခါမရွေး ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်များကို ကြိုတင်တွက်ဆကာ ဖြစ်ပွား လာပြီဆိုပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား လျှင်မြန်သွက်လက်စွာဖြင့် ထိထိရောက်ရောက် ဆောင်ရွက် နိုင်ရန်လိုအပ်ကြောင်း၊ မီးသတ်တပ်ဖွဲ့အနေဖြင့် ပြည်သူတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ပစ္စည်းများနှင့် ကုန်ထုတ် အရင်းအနှီးများအား မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်နှင့် သဘာဝဘေးအန္တရာယ်များ ကျ ရောက်သည့်အခါတွင်လည်း အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မီးသတ်တပ်ဖွဲ့အတွက် နိုင်ငံတကာအဆင့်မီ မီးသတ်ယာဉ်များ၊ မြေပြင်နှင့် ရေပြင် ဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ဘဏ္ဍာရေးနျစ်အလိုက် ဝယ်ယူဖြည့်တင်းပေးလျှက်ရှိရာ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် လုပ်ငန်းသုံးပစ္စည်းများအား ကျွမ်းကျင်ပိုင်နိုင်စွာကိုင်တွယ်အသုံးပြုသွားနိုင် ရန်နှင့် အစဉ်ကြံ့ခိုင်ကောင်းမွန်အောင် ဆောင်ရွက်ကြရန် မှာကြားသည်။


မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၈ ခုနှစ်တွင် မြေငလျှင်လှုပ်ခတ်မှု(၁၃)ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာန စာရင်းဇယားများအရ သိရကာ တိုင်းအတွင်း တပ်ဖွဲ့ဝင်အင်အား (၁၁၇၀)ဦးရှိရာ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့အနေ ဖြင့် တစ်မြို့နယ်လျှင် တပ်ဖွဲ့ဝင်(၃၅)ဦး ပါရှိသည့် တပ်စုများ ဖွဲ့စည်းထားရှိပြီး တိုင်းအနေဖြင့် (၁၁၆)ဦးဖြင့် စုဖွဲ့ထား ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ- ဖီးနစ်


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင် ကာကွယ်ရန် နှင့် ဖြစ်ပေါ်လာတဲ့အခါ လျင်မြန်စွာ ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်နို်င်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်မှုများကို မကွေးမြို့ရှိ မြသလွန်ဘုရားပွဲတော်ကွင်းအတွင်း၌ ၂၀၁၉ခုနှစ် သြဂုတ်လ(၃၀)ရက်နေ့ နံနက်က ပြုလုပ်ခဲ့ကြသည်။

လေ့ကျင့်ရေးပထမပိုင်း၌ ဧရာဝတီမြစ်အတွင်း သင်္ဘောမီးလောင်ရာတွင် ခေတ်မီ ယာဉ်၊ ပစ္စည်း၊ စက်ကရိယာများကို အသုံးပြုကာ မီးငြှိမ်းသတ် သရုပ်ပြသခြင်းနှင့် မြစ်အတွင်း ရပြေင်ရှာဖွေကယ်ဆယ်ရေးစွမ်းရည်များကို သရုပ်ပြသပြီး လေ့ကျင့်ရေး ဒုတိယပိုင်းတွင် အင်အားပြင်းငလျှင်လှုပ်ခတ်မှုဖြစ်ပွား၍ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များမှ လုပ် ငန်းစဉ်များအလိုက် ခေတ်မီ ယာဉ်၊ ပစ္စည်း၊ စက်ကရိယာများကို အသုံးပြုကာ ရှာဖွေကယ်ဆယ်ခြင်းတို့ကို သရုပ် ပြသကြသည်။

အဆိုပါ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးက မြန်မာနိုင်ငံအနဖြေင့် ပထဝီအနေအထားအရ သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို တွေ့ကြုံခံစားရသည့် နိုင်ငံဖြစ်၍ နိုင်ငံအတွင်း အချိန်အခါမရွေး ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်များကို ကြိုတင်တွက်ဆကာ ဖြစ်ပွား လာပြီဆိုပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား လျှင်မြန်သွက်လက်စွာဖြင့် ထိထိရောက်ရောက် ဆောင်ရွက် နိုင်ရန်လိုအပ်ကြောင်း၊ မီးသတ်တပ်ဖွဲ့အနဖြေင့် ပြည်သူတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ပစ္စည်းများနှင့် ကုန်ထုတ် အရင်းအနှီးများအား မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်နှင့် သဘာဝဘေးအန္တရာယ်များ ကျ ရောက်သည့်အခါတွင်လည်း အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနဖြေင့် မီးသတ်တပ်ဖွဲ့အတွက် နိုင်ငံတကာအဆင့်မီ မီးသတ်ယာဉ်များ၊ မြပြေင်နှင့် ရပြေင် ဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ဘဏ္ဍာရေးနျစ်အလိုက် ဝယ်ယူဖြည့်တင်းပေးလျှက်ရှိရာ မီးသတ်တပ်ဖွဲ့ဝင်များအနဖြေင့် လုပ်ငန်းသုံးပစ္စည်းများအား ကျွမ်းကျင်ပိုင်နိုင်စွာကိုင်တွယ်အသုံးပြုသွားနိုင် ရန်နှင့် အစဉ်ကြံ့ခိုင်ကောင်းမွန်အောင် ဆောင်ရွက်ကြရန် မှာကြားသည်။

မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တိုင်းဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန်က “ရှာဖွေကယ်ဆယ် ရေးတွေဆောင်ရွက်နိုင်ဖို့အတွက် တပ်ခွဲတစ်ခွဲမှာရှိရမယ့် (၁၁၆)ယောက်အတွက် တစ်ဦးချင်းသုံးရမယ့် ကာကွယ် ရေးပစ္စည်း ကတော့ လုံလောက်မှုရှိပါတယ်။ သို့သော် ဟိုက်ဒရောလစ်ပစ္စည်းတွေအနေနဲ့က ၁၀စုံစီရှိရမယ်ဆိုပေမယ့် ကျွန်တော်တို့မှာ ၂စုံ၊ ၃စုံ ဒီလောက်ပဲရှိနေပါသေးတယ်။ အဓိက လိုအပ်ချက်ဖြစ်တဲ့ အဆောက်အဦ ခံနိုင်ရည်စမ်းသပ်တဲ့အခါ အဆောက်အဦလှုပ်သွားရင် အချက်ပေးမယ့် ဆင်ဆာကရိယာ ကျွန်တော်တို့ဆီမှာမရှိသေးဘူး။ ဒါကို လာမယ့်ဘဏ္ဍာရေးနှစ်မှာ အစိုးရဆီ တင်ပြတောင်းခံပြီး ဝယ်ယူဖို့အစီအစဉ်ရှိပါတယ်”ဟု မီဒီယာများသို့ ပြောကြားသည်။

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၈ ခုနှစ်တွင် မြေငလျှင်လှုပ်ခတ်မှု(၁၃)ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာန စာရင်းဇယားများအရ သိရကာ တိုင်းအတွင်း တပ်ဖွဲ့ဝင်အင်အား (၁၁၇၀)ဦးရှိရာ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့အနေ ဖြင့် တစ်မြို့နယ်လျှင် တပ်ဖွဲ့ဝင်(၃၅)ဦး ပါရှိသည့် တပ်စုများ ဖွဲ့စည်းထားရှိပြီး တိုင်းအနဖြေင့် (၁၁၆)ဦးဖြင့် စုဖွဲ့ထား ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ- ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net