၁၅ လက္မ Mac Book Pro အခ်ိဳ႕ကို Thai Smile အပါအဝင္ ေလေၾကာင္းလိုင္းအခ်ိဳ႕က သယ္ေဆာင္ခြင့္ ပိတ္ပင္

၁၅ လက္မ Mac Book Pro အခ်ိဳ႕ကို Thai Smile အပါအဝင္ ေလေၾကာင္းလိုင္းအခ်ိဳ႕က သယ္ေဆာင္ခြင့္ ပိတ္ပင္
သြဂုတ် 25, 2019
By 🌸
ဘက္ထရီအပူလြန္ကဲၿပီး ေလာင္ကၽြမ္းႏုိင္ေျခရိွသျဖင့္ ေစ်းကြက္မွ ျပန္သိမ္းေနသည့္၂၀၁၅ မွ ၂၀၁၇ အတြင္းေရာင္းခ်ထားသည့္ ၁၅ လက္မ Mac Book Pro မ်ား သယ္ေဆာင္ခြင့္ကို ထုိင္းေလေၾကာင္းလုိင္းတစ္ခုျဖစ္သည့္ Thai Smile ေလေၾကာင္းလုိင္းက တားျမစ္လုိက္ၿပီျဖစ္သည္။

၂၀၁၅ ခုႏွစ္ စက္တင္ဘာလမွ ၂၀၁၇ ခုႏွစ္ ေဖေဖၚဝါရီလအတြင္း ေရာင္းခ်ထားသည့္ ၁၅ လက္မ Mac Book Pro မ်ားတြင္ အသံုးျပဳထားသည့္ လစ္သီယမ္ဘက္ထရီမ်ားမွာ ေလာင္ကၽြမ္းႏုိင္ေခ်ရိွသျဖင့္ ဘက္ထရီလဲလွယ္ၾကရန္ Apple ကုမၸဏီက ေၾကညာထားျခင္းျဖစ္သည္။

Apple က အဆိုပါကာလအတြင္း ေစ်းကြက္တြင္ေရာင္းခ်ထားသည့္ ၁၅ လက္မ Mac Book Pro မ်ားအနက္ အခ်ိဳ႕မွာ ဘက္ထရီ လဲလွယ္ရန္လိုအပ္ျခင္းျဖစ္ၿပီး Apple က အခမဲ့လဲလွယ္တပ္ဆင္ေပးမည္ဟု ေၾကညာထားျခင္းျဖစ္သည္။

ဘက္ထရီလဲလွယ္ရန္ လိုအပ္ျခင္းရိွ၊မရိွ သိရိွလိုပါက https://support.apple.com/15-inch-macbook-pro-battery-recall တြင္ ဝင္ေရာက္စစ္ေဆးႏိုင္မည္ျဖစ္သည္။

အဆိုပါေၾကညာခ်က္ေၾကာင့္ ေလေၾကာင္းလုိင္းမ်ားတြင္ အဆိုပါ Mac Book Pro မ်ား သယ္ေဆာင္ခြင့္ကို တားျမစ္လာၾကျခင္းျဖစ္ၿပီး ဘက္ထရီလဲလွယ္တပ္ဆင္ထားပါက သယ္ေဆာင္ခြင့္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

မေတာ္တဆေပါက္ကြဲေစတတ္သျဖင့္ ေလေၾကာင္းလံုၿခံဳေရးအရ အလားတူပိတ္ပင္ခံခဲ့ရသည့္ျဖစ္စဥ္ကို Samsung Note 7 လည္း ရင္ဆုိင္ခဲ့ရျခင္းျဖစ္သည္။

Tachileik News Agency
Ref: The Nation, Apple

~~~~~~~~⊰❂ Unicode Version ~~~~~~~~
၁၅ လက်မ Mac Book Pro အချို့ကို Thai Smile အပါအဝင် လေကြောင်းလိုင်းအချို့က သယ်ဆောင်ခွင့် ပိတ်ပင်
**************
ဘက်ထရီအပူလွန်ကဲပြီး လောင်ကျွမ်းနိုင်ခြေရှိသဖြင့် ဈေးကွက်မှ ပြန်သိမ်းနေသည့်၂၀၁၅ မှ ၂၀၁၇ အတွင်းရောင်းချထားသည့် ၁၅ လက်မ Mac Book Pro များ သယ်ဆောင်ခွင့်ကို ထိုင်းလေကြောင်းလိုင်းတစ်ခုဖြစ်သည့် Thai Smile လေကြောင်းလိုင်းက တားမြစ်လိုက်ပြီဖြစ်သည်။

၂၀၁၅ ခုနှစ် စက်တင်ဘာလမှ ၂၀၁၇ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း ရောင်းချထားသည့် ၁၅ လက်မ Mac Book Pro များတွင် အသုံးပြုထားသည့် လစ်သီယမ်ဘက်ထရီများမှာ လောင်ကျွမ်းနိုင်ချေရှိသဖြင့် ဘက်ထရီလဲလှယ်ကြရန် Apple ကုမ္ပဏီက ကြေညာထားခြင်းဖြစ်သည်။

Apple က အဆိုပါကာလအတွင်း ဈေးကွက်တွင်ရောင်းချထားသည့် ၁၅ လက်မ Mac Book Pro များအနက် အချို့မှာ ဘက်ထရီ လဲလှယ်ရန်လိုအပ်ခြင်းဖြစ်ပြီး Apple က အခမဲ့လဲလှယ်တပ်ဆင်ပေးမည်ဟု ကြေညာထားခြင်းဖြစ်သည်။

ဘက်ထရီလဲလှယ်ရန် လိုအပ်ခြင်းရှိ၊မရှိ သိရှိလိုပါက https://support.apple.com/15-inch-macbook-pro-battery-recall တွင် ဝင်ရောက်စစ်ဆေးနိုင်မည်ဖြစ်သည်။

အဆိုပါကြေညာချက်ကြောင့် လေကြောင်းလိုင်းများတွင် အဆိုပါ Mac Book Pro များ သယ်ဆောင်ခွင့်ကို တားမြစ်လာကြခြင်းဖြစ်ပြီး ဘက်ထရီလဲလှယ်တပ်ဆင်ထားပါက သယ်ဆောင်ခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

မတော်တဆပေါက်ကွဲစေတတ်သဖြင့် လေကြောင်းလုံခြုံရေးအရ အလားတူပိတ်ပင်ခံခဲ့ရသည့်ဖြစ်စဉ်ကို Samsung Note 7 လည်း ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

Tachileik News Agency
Ref: The Nation, Apple

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net