ေတာင္က်ေရမ်ားေၾကာင့္ ေက်ာက္မီးေသြးတြင္းထဲ ပိတ္မိေနသည့္ (၄)ဦးအနက္ (၂)ဦး၏ အေလာင္းသာ ရွာေဖြေတြ႔ရွိထားၿပီး ဆက္လက္ရွာေဖြမႈ ေခတၱရပ္နားေတာင္က်ေရမ်ားေၾကာင့္ ေက်ာက္မီးေသြးတြင္းထဲ ပိတ္မိေနသည့္ (၄)ဦးအနက္ (၂)ဦး၏ အေလာင္းသာ ရွာေဖြေတြ႔ရွိထားၿပီး ဆက္လက္ရွာေဖြမႈ ေခတၱရပ္နား

ေတာင္က်ေရမ်ားေၾကာင့္ ေက်ာက္မီးေသြးတြင္းထဲ ပိတ္မိေနသည့္ (၄)ဦးအနက္ (၂)ဦး၏ အေလာင္းသာ ရွာေဖြေတြ႔ရွိထားၿပီး ဆက္လက္ရွာေဖြမႈ ေခတၱရပ္နားေတာင္က်ေရမ်ားေၾကာင့္ ေက်ာက္မီးေသြးတြင္းထဲ ပိတ္မိေနသည့္ (၄)ဦးအနက္ (၂)ဦး၏ အေလာင္းသာ ရွာေဖြေတြ႔ရွိထားၿပီး ဆက္လက္ရွာေဖြမႈ ေခတၱရပ္နား
သြဂုတ် 30, 2019
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး မင္းလွျမိဳ႕နယ္အတြင္း တူးေဖာ္လွ်က္ရိွေနသည့္ အင္ၾကင္းေတာင္ ေက်ာက္မီးေသြးတူးေဖာ္ေရး ကုမၸဏီပိုင္ ေက်ာက္မီးေသြးတြင္း ၿပဳိက်မႈျဖစ္ပြား၍ တြင္းထဲ၌ ပိတ္မိေနသည့္ အလုပ္သမား (၄)ဦး အနက္  (၂)ဦး၏ အေလာင္းကိုသာ ရွာေဖြေတြ႔ရိွေသးၿပီး က်န္ရွိသည္မ်ားကို ဆက္လက္ရွာေဖြမႈအား   ၾသဂုတ္လ(၂၉)ရက္ေန႔က ေခတၱ ရပ္နားထားေၾကာင္း သိရသည္။ 

“မေန႔တုန္းကလာတဲ့ေနျပည္ေတာ္သတၳဳဦးစီးကလည္း ကြင္းဆင္းစစ္ေဆးတယ္။ ဒီေန႔မွာလည္း မေကြးနဲ႔မင္းလွက လႊတ္ေတာ္အမတ္ေတြရယ္ သယံဇာတ၊ သစ္ေတာ၊ ေျမစာရင္းနဲ႔ ေထြအုပ္ကတာဝန္ရိွသူေတြ လာေရာက္ၿပီး တြင္းထဲမွာက်န္ရိွေနသူ(၂)ဦးကို ဆက္လက္ရွာေဖြျခင္း ျပဳသင့္၊ မသင့္ကို ညိႇႏိွဳင္းေဆြးေႏြးၾကပါတယ္။ တစ္ခ်ိန္ တည္းမွာပဲ ေသဆံုးသူေတြက ကေလးတစ္ခ်ိဳ႕ကို ပူးတယ္။ ဒါ့ေၾကာင့္ ဘုန္းႀကီးပင့္ အလွဴအတန္းလုပ္ၿပီး အမွ်အတန္းေဝခ်င္တယ္လို႔ ကာယကံရွင္ေတြက ေတာင္းဆိုလာတဲ့အတြက္ မနက္ျဖန္ အဲဒီကိစၥ လုပ္ေပးရမွာျဖစ္လို႔ ရွာေဖြေရးလုပ္ငန္းေတြကို ေခတၱရပ္နားလိုက္ရတာပါ”ဟု အင္ၾကင္းေတာင္ ကုမၸဏီ ရံုပိုင္းဆိုင္ရာမန္ေနဂ်ာ ကိုသဲသဲဇံျမတ္ကိုက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ၾသဂုတ္လ(၂၉)ရက္ေန႔ ညေနပိုင္းက ေျပာသည္။

အလွဴအတန္းကိစၥၿပီးမွ ကုမၸဏီႏွင့္ သက္ဆိုင္ရာတာဝန္ရိွသူမ်ား၊ ကာယကံရွင္မ်ားေဆြးေႏြးညိႇႏိွဳင္း၍  ေက်ာက္မီးေသြးတြင္း၏ ေပ(၂၈၀)ခန္႔ အနက္တြင္ က်န္ရိွေနသည့္ မင္းလွျမိဳ႕ ေျမာက္ရပ္ကြက္ေန အသက္(၁၆)နွစ္ အရြယ္ရိွ ေမာင္ေအာင္ခ်မ္းသာႏွင့္ မင္းလွၿမိဳ႕ နယ္ ေက်ာက္ေထာင္ေက်းရြာေန အသက္(၂၀) ႏွစ္ အရြယ္ရိွ ေမာင္ႏိုင္ထက္ဦး တို႔ကို ရွာေဖြေရးလုပ္ေဆာင္သူမ်ား အတြက္ အႏၱရာယ္ရိွေနသျဖင့္ ဆက္လက္ရွာေဖြသင့္၊မသင့္ ကို ဆံုးျဖတ္သြား မည္ျဖစ္ေၾကာင္း သိရသည္။

မေကြးတိုင္းေဒသႀကီး မင္းလွျမိဳ႕နယ္အတြင္း တူးေဖာ္လွ်က္ရိွေနသည့္ အင္ၾကင္းေတာင္ ေက်ာက္မီးေသြးတူးေဖာ္ေရး ကုမၸဏီလီမီတက္ပိုင္ ေက်ာက္မီးေသြးတြင္းမွာ ၾသဂုတ္လ(၂၅)ရက္ ညေနပိုင္းက သည္းထန္စြာရြာသြန္းသည့္ မိုးေၾကာင့္ ေက်ာက္မီးေသြးတြင္းထဲသို႔ ေတာင္က်ေရမ်ား စီးဝင္ကာ တြင္းလုပ္သား(၄)ဦး တြင္းထဲ၌ ပိတ္မိခဲ့ၿပီး ေနာက္ (၂)ဦး၏ အေလာင္းကိုသာ ရွာေဖြေတြ႔ရိွခဲ့ၿပီး က်န္(၂)ဦးမွာ ၾသဂုတ္လ(၂၉)ရက္ေန႔အထိ မေတြ႔ရိွေသး ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ ေရနံမနယ္ေျမရဲစခန္းမွ ေသမႈေသခင္းအမွတ္စဥ္ ၅/၂၀၁၉ ျဖင့္ အမႈေရးဖြင့္ေဆာင္ ရြက္ထားေၾကာင္း သိရၿပီး အင္ၾကင္းေတာင္ကုမၸဏီ ေက်ာက္မီးေသြးလုပ္ကြက္မွာ ၂၀၁၅-၂၀၁၆ခုႏွစ္ မွ စ၍ လုပ္ခြင့္ က်ျပီး ၂၀၂၀ခုႏွစ္ ဒီဇင္ ဘာလအထိ လုပ္ကိုင္ခြင့္ရရိွထားေႀကာင္း သိရသည္။

သတင္း - ဖီးနစ္
ဓာတ္ပံု - ႀကိမ္လံုး

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်အတွင်း တူးဖော်လျှက်ရှိနေသည့် အင်ကြင်းတောင် ကျောက်မီးသွေးတူးဖော်ရေး ကုမ္ပဏီပိုင် ကျောက်မီးသွေးတွင်း ပြိုကျမှုဖြစ်ပွား၍ တွင်းထဲ၌ ပိတ်မိနေသည့် အလုပ်သမား (၄)ဦး အနက် (၂)ဦး၏ အလောင်းကိုသာ ရှာဖွေတွေ့ရှိသေးပြီး ကျန်ရှိသည်များကို ဆက်လက်ရှာဖွေမှုအား သြဂုတ်လ(၂၉)ရက်နေ့က ခေတ္တ ရပ်နားထားကြောင်း သိရသည်။

“မနေ့တုန်းကလာတဲ့နပြေည်တော်သတ္ထုဦးစီးကလည်း ကွင်းဆင်းစစ်ဆေးတယ်။ ဒီနေ့မှာလည်း မကွေးနဲ့မင်းလှက လွှတ်တော်အမတ်တွေရယ် သယံဇာတ၊ သစ်တော၊ မြေစာရင်းနဲ့ ထွေအုပ်ကတာဝန်ရှိသူတွေ လာရောက်ပြီး တွင်းထဲမှာကျန်ရှိနေသူ(၂)ဦးကို ဆက်လက်ရှာဖွခြေင်း ပြုသင့်၊ မသင့်ကို ညှိနှိုင်းဆွေးနွေးကြပါတယ်။ တစ်ချိန် တည်းမှာပဲ သေဆုံးသူတွေက ကလေးတစ်ချို့ကို ပူးတယ်။ ဒါ့ကြောင့် ဘုန်းကြီးပင့် အလှူအတန်းလုပ်ပြီး အမျှအတန်းဝေချင်တယ်လို့ ကာယကံရှင်တွေက တောင်းဆိုလာတဲ့အတွက် မနက်ဖြန် အဲဒီကိစ္စ လုပ်ပေးရမှာဖြစ်လို့ ရှာဖွေရေးလုပ်ငန်းတွေကို ခေတ္တရပ်နားလိုက်ရတာပါ”ဟု အင်ကြင်းတောင် ကုမ္ပဏီ ရုံပိုင်းဆိုင်ရာမန်နေဂျာ ကိုသဲသဲဇံမြတ်ကိုက တာချီလိတ်သတင်းအေဂျင်စီသို့ သြဂုတ်လ(၂၉)ရက်နေ့ ညနေပိုင်းက ပြောသည်။

အလှူအတန်းကိစ္စပြီးမှ ကုမ္ပဏီနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကာယကံရှင်များဆွေးနွေးညှိနှိုင်း၍ ကျောက်မီးသွေးတွင်း၏ ပေ(၂၈၀)ခန့် အနက်တွင် ကျန်ရှိနေသည့် မင်းလှမြို့ မြောက်ရပ်ကွက်နေ အသက်(၁၆)နှစ် အရွယ်ရှိ မောင်အောင်ချမ်းသာနှင့် မင်းလှမြို့ နယ် ကျောက်ထောင်ကျေးရွာနေ အသက်(၂၀) နှစ် အရွယ်ရှိ မောင်နိုင်ထက်ဦး တို့ကို ရှာဖွေရေးလုပ်ဆောင်သူများ အတွက် အန္တရာယ်ရှိနေသဖြင့် ဆက်လက်ရှာဖွေသင့်၊မသင့် ကို ဆုံးဖြတ်သွား မည်ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်အတွင်း တူးဖော်လျှက်ရှိနေသည့် အင်ကြင်းတောင် ကျောက်မီးသွေးတူးဖော်ရေး ကုမ္ပဏီလီမီတက်ပိုင် ကျောက်မီးသွေးတွင်းမှာ သြဂုတ်လ(၂၅)ရက် ညနေပိုင်းက သည်းထန်စွာရွာသွန်းသည့် မိုးကြောင့် ကျောက်မီးသွေးတွင်းထဲသို့ တောင်ကျရေများ စီးဝင်ကာ တွင်းလုပ်သား(၄)ဦး တွင်းထဲ၌ ပိတ်မိခဲ့ပြီး နောက် (၂)ဦး၏ အလောင်းကိုသာ ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်(၂)ဦးမှာ သြဂုတ်လ(၂၉)ရက်နေ့အထိ မတွေ့ရှိသေး ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ရေနံမနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၅/၂၀၁၉ ဖြင့် အမှုရေးဖွင့်ဆောင် ရွက်ထားကြောင်း သိရပြီး အင်ကြင်းတောင်ကုမ္ပဏီ ကျောက်မီးသွေးလုပ်ကွက်မှာ ၂၀၁၅-၂၀၁၆ခုနှစ် မှ စ၍ လုပ်ခွင့် ကျပြီး ၂၀၂၀ခုနှစ် ဒီဇင် ဘာလအထိ လုပ်ကိုင်ခွင့်ရရှိထားကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - ကြိမ်လုံး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net