တာခ်ီလိတ္တြင္ ကေလးသူငယ္အခြင့္အေရးဆိုင္ရာဥပေဒကို အမ်ားျပည္သူသိရိွေစေရး ခရိုင္အဆင့္ေကာ္မတီျဖင့္ ေဆာင္ရြက္မည္

တာခ်ီလိတ္တြင္ ကေလးသူငယ္အခြင့္အေရးဆိုင္ရာဥပေဒကို အမ်ားျပည္သူသိရိွေစေရး ခရိုင္အဆင့္ေကာ္မတီျဖင့္ ေဆာင္ရြက္မည္
သြဂုတ် 26, 2019
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ကေလးသူငယ္အခြင့္အေရးဆုိင္ရာ ဥပေဒကို အမ်ားျပည္သူ က်ယ္က်ယ္ျပန္႔ျပန္႔ သိရိွေစေရးအတြက္ ၂၀၁၉ ခုနွစ္၊ ၾသဂုတ္လ (၂၆) ရက္ေန႔က ခရိုင္ကေလးသူငယ္ အခြင့္အေရးဆိုင္ရာ ေကာ္မတီ၏ ပထမဆံုးအႀကိမ္အစည္းအေဝးက်င္းပ ေဆြးေႏြးၾကသည္။

"ျမန္မာႏိုင္ငံအေနျဖင့္ ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာ ကုလသမဂၢညီလာခံ သေဘာတူစာခ်ဳပ္ပါ ျပဌာန္းခ်က္မ်ားကို အေကာင္အထည္ေဖာ္ေဆာင္ရြက္တဲ့အေနနဲ႔ ၂၀၁၉ ခုႏွစ္ ဇူလိုင္လ (၂၃) ရက္ေန႔မွာ ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒကို ျပဌာန္းလိုက္ပါတယ္။ ဒီဥပေဒကို ေက်ာင္းေတြမွာ၊ ရပ္ရြာေတြမွာ ေဟာေျပာပြဲေတြ လုပ္မယ္။ ဒီလိုလုပ္တဲ့ေနရာမွာ ဒီမွာက စာဖတ္ႏုိင္တဲ့သူနည္းတယ္ဆိုေတာ့ ေဟာေျပာပြဲေတြ မ်ားမ်ားလုပ္ေပးရမယ္ "ဟု တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္က ေဆြးေႏြးသည္။

အဆိုပါ အစည္းအေဝးတြင္ တာခ်ီလိတ္ခရိုင္ ကေလးသူငယ္အခြင့္အေရးဆိုင္ရာ ေကာ္မတီဝင္ ဌာနမ်ားျဖစ္သည့္ ခရိုင္အုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ခရိုင္ရဲတပ္ဖြဲ႕၊ခရိုင္ဥပေဒအရာရိွ၊ ခရိုင္လူမႈဝန္ထမ္းဦးစီးဌာန၊ ခရိုင္က်န္းမာေရးဦးစီးဌာန၊ ပညာေရးဌာန၊ ခရိုင္ျပန္ၾကားေရးနွင့္ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာန၊ ခရိုင္အားကစားႏွင့္ ကာယပညာဦးစီးဌာန၊ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန၊ မိခင္ႏွင့္ကေလးေစာင့္ေရွာက္ေရးအသင္း၊ အမ်ိဳးသမီးေရးရာအဖြဲ႕၊ ၾကက္ေျခနီအသင္းႏွင့္ ၿမိဳ႕မိၿမိဳ႕ဖတုိ႔ တက္ေရာက္ေဆြးေႏြးၾကျခင္းျဖစ္သည္။

“ကေလးသူငယ္ဆုိင္ရာဥပေဒျဖစ္တဲ့အတြက္ ဒီအဖြဲ႕ထဲမွာ လူကုန္တားရဲတပ္ဖြဲ႕နဲ႔ ပူးေပါင္းေဆာင္ရြက္ သင့္ပါတယ္။ လိုအပ္တဲ့အကူအညီေတြရိွရင္ ခရိုင္ရဲတပ္ဖြဲ႕အေနနဲ႔ ကူညီေဆာင္ရြက္ေပးသြားပါမယ္”ဟု တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီး ေပၚထြန္းက ေဆြးေႏြးသည္။

အသစ္ျပဌာန္းလုိက္သည့္  ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒအရ ကေလးသူငယ္အခြင့္အေရး ဆိုင္ရာ အကာအကြယ္ေပးျခင္းအပါအဝင္၊ ကေလးသူငယ္ အခြင့္အေရးမ်ား ခ်ိဳးေဖါက္ခံရပါက ထိေရာက္စြာအေရးယူႏုိင္မည့္ ျပစ္ဒဏ္မ်ားလည္း သတ္မွတ္ျပဌာန္းထားျခင္းျဖစ္သည္။

သတင္း၊ဓါတ္ပံု #ဟန္စိုးထုိက္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေကို အများပြည်သူသိရှိစေရေး ခရိုင်အဆင့်ကော်မတီဖြင့် ဆောင်ရွက်မည်
**************
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၆) ရက်နေ့က ခရိုင်ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ၏ ပထမဆုံးအကြိမ်အစည်းအဝေးကျင်းပ ဆွေးနွေးကြသည်။

"မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်ပါ ပြဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်တဲ့အနေနဲ့ ၂၀၁၉ ခုနှစ် ဇူလိုင်လ (၂၃) ရက်နေ့မှာ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကို ပြဌာန်းလိုက်ပါတယ်။ ဒီဥပဒေကို ကျောင်းတွေမှာ၊ ရပ်ရွာတွေမှာ ဟောပြောပွဲတွေ လုပ်မယ်။ ဒီလိုလုပ်တဲ့နေရာမှာ ဒီမှာက စာဖတ်နိုင်တဲ့သူနည်းတယ်ဆိုတော့ ဟောပြောပွဲတွေ များများလုပ်ပေးရမယ် "ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ဆွေးနွေးသည်။

အဆိုပါ အစည်းအဝေးတွင် တာချီလိတ်ခရိုင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင် ဌာနများဖြစ်သည့် ခရိုင်အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့၊ ခရိုင်ဥပဒေအရာရှိ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဌာန၊  ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ ကြက်ခြေနီအသင်းနှင့် မြို့မိမြို့ဖတို့ တက်ရောက်ဆွေးနွေးကြခြင်းဖြစ်သည်။

“ကလေးသူငယ်ဆိုင်ရာဥပဒေဖြစ်တဲ့အတွက် ဒီအဖွဲ့ထဲမှာ လူကုန်တားရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက် သင့်ပါတယ်။ လိုအပ်တဲ့အကူအညီတွေရှိရင် ခရိုင်ရဲတပ်ဖွဲ့အနေနဲ့ ကူညီဆောင်ရွက်ပေးသွားပါမယ်”ဟု တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ပေါ်ထွန်းက ဆွေးနွေးသည်။

အသစ်ပြဌာန်းလိုက်သည့်  ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအရ ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ အကာအကွယ်ပေးခြင်းအပါအဝင်၊ ကလေးသူငယ် အခွင့်အရေးများ ချိုးဖေါက်ခံရပါက ထိရောက်စွာအရေးယူနိုင်မည့် ပြစ်ဒဏ်များလည်း သတ်မှတ်ပြဌာန်းထားခြင်းဖြစ်သည်။

သတင်း၊ဓါတ်ပုံ #ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net