ဘန္ေကာက္ၿမိဳ႕တြင္း ေနရာ (၃)ခုတြင္ ေပါက္ကြဲမႈျဖစ္ပြားၿပီး ရဲဌာနခ်ဳပ္ေရွ႕ ဗံုးေထာင္သည္ဟု သံသယရိွသူ (၂)ဦးကိုလည္း ဖမ္းဆီးထား

ဘန္ေကာက္ၿမိဳ႕တြင္း ေနရာ (၃)ခုတြင္ ေပါက္ကြဲမႈျဖစ္ပြားၿပီး ရဲဌာနခ်ဳပ္ေရွ႕ ဗံုးေထာင္သည္ဟု သံသယရိွသူ (၂)ဦးကိုလည္း ဖမ္းဆီးထား
သြဂုတ် 2, 2019
By 🌸
ထုိင္းႏုိင္ငံ၊ ဘန္ေကာက္ၿမိဳ႕တြင္း ေနရာ(၃)ခုတြင္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ(၂)ရက္ေန႔ နံနက္ပိုင္းက ေပါက္ကြဲမႈမ်ားမွာ ယမန္ေန႔ညပိုင္းက ရဲဌာနခ်ဳပ္ေရွ႕တြင္ ဗံုးတစ္လံုးေတြ႔ရိွမႈႏွင့္ဆက္စပ္သည္ဟု သံသယရိွသူ (၂)ဦးကိုလည္း ရဲတပ္ဖြဲ႕က ဖမ္းမိထားေၾကာင္း သိရသည္။

ယေန႔နံနက္ပိုင္း ဗံုးေပါက္ကြဲမႈျဖစ္ပြားသည့္ ေနရာ (၃)ခုမွ ထိခုိက္ဒဏ္ရာရသူစာရင္းကို အတည္မျပဳႏုိင္ေသးဘဲ ရာမ(၄)လမ္း ေပါက္ကြဲမႈတြင္ လမ္းသန္႔ရွင္းလုပ္ေနသူတစ္ဦး ဒဏ္ရာရသြားသျဖင့္ ေဆးရံုတင္ပို႔ထားေၾကာင္း သိရသည္။

ပထမဆံုးေပါက္ကြဲမႈမွာ လူမ်ားျပားေနခ်ိန္ ရထားဘူတာတြင္ ျဖစ္ပြားခဲ့ၿပီး ဒုတိယ ေပါက္ကြဲမႈမွာ ရာမ(၄)လမ္းႏွင့္ နံနက္ (၁၀)နာရီဝန္းက်င္တြင္ အစိုးရရံုးဝန္းအတြင္း၌ ေပါက္ကြဲမႈျဖစ္ပြားေၾကာင္း သိရသည္။
အဆိုပါေပါက္ကြဲမႈမ်ား ျဖစ္ပြားခ်ိန္က ထုိင္းႏုိင္ငံတြင္ က်င္းပေနသည့္ အာဆီယံထိပ္သီးအစည္းအေဝးတြင္ အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီး မုိက္ပြန္ပဲယုိး မိန္႔ခြန္းေျပာၾကားေနခ်ိန္ျဖစ္ေၾကာင္း သိရသည္။

ၾသဂုတ္လ (၁)ရက္ေန႔ညပိုင္းကလည္း ထုိင္းေတာ္ဝင္ရဲဌာနခ်ုပ္အျပင္ဘက္တြင္ ဗံုးအတုကို ေတြ႔ခဲ့ရသျဖင့္ စီစီတီဗီမွတ္တမ္းမ်ားအရ ရဲတပ္ဖြဲ႕က သံသယရိွသူ (၂)ဦးကို ၾသဂုတ္လ (၂)ရက္ေန႔တြင္ ဖမ္းဆီးရမိထားျခင္းျဖစ္သည္။

Tachileik News Agency
Ref: Coconut, Bangkok Post

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ဘန်ကောက်မြို့တွင်း နေရာ (၃)ခုတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး ရဲဌာနချုပ်ရှေ့ ဗုံးထောင်သည်ဟု သံသယရှိသူ (၂)ဦးကိုလည်း ဖမ်းဆီးထား
*************
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်း နေရာ(၃)ခုတွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ(၂)ရက်နေ့ နံနက်ပိုင်းက ပေါက်ကွဲမှုများမှာ ယမန်နေ့ညပိုင်းက ရဲဌာနချုပ်ရှေ့တွင် ဗုံးတစ်လုံးတွေ့ရှိမှုနှင့်ဆက်စပ်သည်ဟု သံသယရှိသူ (၂)ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းမိထားကြောင်း သိရသည်။

ယနေ့နံနက်ပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားသည့် နေရာ (၃)ခုမှ ထိခိုက်ဒဏ်ရာရသူစာရင်းကို အတည်မပြုနိုင်သေးဘဲ ရာမ(၄)လမ်း ပေါက်ကွဲမှုတွင် လမ်းသန့်ရှင်းလုပ်နေသူတစ်ဦး ဒဏ်ရာရသွားသဖြင့် ဆေးရုံတင်ပို့ထားကြောင်း သိရသည်။

ပထမဆုံးပေါက်ကွဲမှုမှာ လူများပြားနေချိန် ရထားဘူတာတွင် ဖြစ်ပွားခဲ့ပြီး ဒုတိယ ပေါက်ကွဲမှုမှာ ရာမ(၄)လမ်းနှင့် နံနက် (၁၀)နာရီဝန်းကျင်တွင် အစိုးရရုံးဝန်းအတွင်း၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုများ ဖြစ်ပွားချိန်က ထိုင်းနိုင်ငံတွင် ကျင်းပနေသည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပဲယိုး မိန့်ခွန်းပြောကြားနေချိန်ဖြစ်ကြောင်း သိရသည်။

သြဂုတ်လ (၁)ရက်နေ့ညပိုင်းကလည်း ထိုင်းတော်ဝင်ရဲဌာနချုပ်အပြင်ဘက်တွင် ဗုံးအတုကို တွေ့ခဲ့ရသဖြင့် စီစီတီဗီမှတ်တမ်းများအရ ရဲတပ်ဖွဲ့က သံသယရှိသူ (၂)ဦးကို သြဂုတ်လ (၂)ရက်နေ့တွင် ဖမ်းဆီးရမိထားခြင်းဖြစ်သည်။

Tachileik News Agency
Ref: Coconut, Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net