ျမန္မာႏိုင္ငံသားမ်ား အေမရိကန္ျပည္ေထာင္စုသို႔ လုပ္ငန္းႏွင့္ အလည္အပတ္ ျပည္ဝင္ခြင့္ဗီဇာ သီးျခားစီေလွ်ာက္ထားရန္ မလိုေတာ့

ျမန္မာႏိုင္ငံသားမ်ား အေမရိကန္ျပည္ေထာင္စုသို႔ လုပ္ငန္းႏွင့္ အလည္အပတ္ ျပည္ဝင္ခြင့္ဗီဇာ သီးျခားစီေလွ်ာက္ထားရန္ မလိုေတာ့
သြဂုတ် 12, 2019
By Tachileik News Agency

ျမန္မာႏိုင္ငံမွ အေမရိကန္ျပည္ေထာင္စုသို႔ ျပည္ဝင္ခြင့္ဗီဇာေလွ်ာက္ထားရာတြင္ လုပ္ငန္းကိစၥႏွင့္ အလည္အပတ္ကို သီးျခားစီ ေလွ်ာက္ထားေနရျခင္းမွ တစ္ေပါင္းတည္းေလွ်ာက္ထားခြင့္ျပဳလုိက္ၿပီျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ရိွ အေမရိကန္သံရံုးက ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၂)ရက္ေန႔တြင္ အသိေပးေၾကညာလုိက္သည္။

ျမန္မာႏိုင္ငံသားမ်ာ းအေနျဖင့္ ယခင္ကေလွ်ာက္ထားေနသည့္ အလုပ္ဗီဇာႏွင့္ အလည္အပတ္ဗီဇာအား တစ္ေပါင္းတည္း ေလွ်ာက္ထားခြင့္ျပဳလုိက္ျခင္းျဖစ္ၿပီး ဗီဇာသက္တမ္းကို (၃)လခြင့္ျပဳထားေၾကာင္း သိရသည္။

အဆိုပါ တစ္ပါင္းတည္းဗီဇာေလွ်ာက္ထားျခင္းအတြက္ ဗီဇာေၾကး အေမရိကန္ေဒၚလာ (၁၆၀) ကုန္က်မည္ျဖစ္ၿပီး အာမခံေၾကးေပးအပ္ရန္ မလိုေၾကာင္း ထုတ္ျပန္ထားသည္။

ျမန္မာႏုိင္ငံႏွင့္ အေမရိကန္ျပည္ေထာင္စုၾကား ခရီးသြားရာလာတြင္ ပုိမုိလြယ္ကူေစေရးအတြက္ ယင္းကဲ့သို႔ ေဆာင္ရြက္လုိက္ျခင္းျဖစ္သည္ဟု အေမရိကန္သံရံုးက ေၾကညာသည္။

Tachileik News Agency
Photo: Cherry


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာနိုင်ငံမှ အမေရိကန်ပြည်ထောင်စုသို့ ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားရာတွင် လုပ်ငန်းကိစ္စနှင့် အလည်အပတ်ကို သီးခြားစီ လျှောက်ထားနေရခြင်းမှ တစ်ပေါင်းတည်းလျှောက်ထားခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၂)ရက်နေ့တွင် အသိပေးကြေညာလိုက်သည်။

မြန်မာနိုင်ငံသားများအနဖြေင့် ယခင်ကလျှောက်ထားနေသည့် အလုပ်ဗီဇာနှင့် အလည်အပတ်ဗီဇာအား တစ်ပေါင်းတည်း လျှောက်ထားခွင့်ပြုလိုက်ခြင်းဖြစ်ပြီး ဗီဇာသက်တမ်းကို (၃)လခွင့်ပြုထားကြောင်း သိရသည်။

အဆိုပါ တစ်ပါင်းတည်းဗီဇာလျှောက်ထားခြင်းအတွက် ဗီဇာကြေး အမေရိကန်ဒေါ်လာ (၁၆၀) ကုန်ကျမည်ဖြစ်ပြီး အာမခံကြေးပေးအပ်ရန် မလိုကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုကြား ခရီးသွားရာလာတွင် ပိုမိုလွယ်ကူစေရေးအတွက် ယင်းကဲ့သို့ ဆောင်ရွက်လိုက်ခြင်းဖြစ်သည်ဟု အမေရိကန်သံရုံးက ကြေညာသည်။

Tachileik News Agency
Photo: Cherry

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net