တုိင္းရင္းေဆးႏွင့္ပတ္သက္သည့္ကိစၥမ်ားကို တုိင္းရင္းေဆးပညာဦးစီးဌာနထံ တုိင္ၾကားႏုိင္

တုိင္းရင္းေဆးႏွင့္ပတ္သက္သည့္ကိစၥမ်ားကို တုိင္းရင္းေဆးပညာဦးစီးဌာနထံ တုိင္ၾကားႏုိင္
ဇူလိုင် 24, 2019
By 🌸
တိုင္းရင္းေဆးအမည္ခံ သင္တန္းေက်ာင္းမ်ား၊ တကၠသိုလ္မ်ားအျဖစ္ ဖြင့္လွစ္သင္ၾကားေနျခင္းအပါအဝင္ တုိင္းရင္းေဆးႏွင့္ပတ္သက္သည့္ မလိုလားအပ္သည့္ကိစၥမ်ားကို တိုင္းရင္းေဆးပညာဦးစီးဌာန ညႊန္ၾကားေရးမွဴးထံ တုိက္ရိုက္တုိင္ၾကားႏုိင္ေၾကာင္း သိရသည္။

တိုင္းရင္းေဆးႏွင့္ ပတ္သက္ၿပီး မလိုလားအပ္ေသာကိစၥရပ္မ်ားကို အေထာက္အထား၊ ေနရာအတိအက်၊ မည္သို႔ ျဖစ္ေနသည္၊ မည္ကဲ့သို႔အႏၲရာယ္ျဖစ္သြားသည္ အစရွိသည္တို႔ကို တိုင္းရင္းေဆးပညာဦးစီးဌာန ညႊန္ၾကားေရးမႉးခ်ဳပ္ထံ တိုက္ရိုက္ေသာ္လည္းေကာင္း၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားရိွ တိုင္းရင္းေဆးပညာ ညႊန္ၾကားေရးမႉးမ်ား၊ ခရိုင္အရာရွိမ်ား၊ ၿမိဳ႕နယ္အရာရွိမ်ားသို႔လည္းေကာင္း တုိင္ၾကားႏုိင္ေၾကာင္း က်န္းမာေရးႏွင့္အားကစား ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက လႊတ္ေတာ္တြင္ ေျပာၾကားထားျခင္းျဖစ္သည္။

တုိင္းရင္းေဆးဆိုင္ရာကိစၥရပ္မ်ားအား ႀကီးၾကပ္ႏုိင္ရန္ လက္ရိွျပန္လည္ေရးဆြဲေနသည့္ တုိင္းရင္းေဆးဝါးဥပေဒတြင္ တိုင္းရင္းေဆးဝါးႀကီးၾကပ္မႈေကာ္မတီအဆင့္ဆင့္ ဖြဲ႕စည္းရန္ပါဝင္သည့္အျပင္ ျပဌာန္းထားၿပီးျဖစ္သည့္ ျမန္မာ့တိုင္းရင္းေဆးေကာင္စီဥပေဒအရ တုိင္းရင္းေဆးေကာင္စီဖြဲ႕စည္းကာ ဥပေဒအရ အေရးယူေဆာင္ရြက္ေနရန္ ျပင္ဆင္ေနေၾကာင္း သိရသည္။

ျမန္မာ့ တိုင္းရင္းေဆးေကာင္စီဥပေဒအရ  ေဆးကုသခြင့္လိုင္စင္မရွိဘဲ တိုင္းရင္းေဆးဆရာ အမည္ခံ၍ ေဆးကုသျခင္းမ်ားကို ေထာင္ဒဏ္တစ္ႏွစ္၊ အနည္းဆံုး က်ပ္ေငြ (၁)သိန္းမွ အျမင့္ဆံုး က်ပ္ေငြ (၃)သိန္းအထိ ဒဏ္ေငြျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လံုးျဖစ္ေစ အေရးယူႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

တုိင္းရင္းေဆးဝါးကုသမႈႏွင့္ ေဆးဝါးထုတ္လုပ္မႈမ်ား စနစ္တက်ျဖစ္ေစရန္ ၁၉၇၆ ခုႏွစ္က တိုင္းရင္းေဆးသိပၸံႏွင့္ ၂၀၀၁ ခုႏွစ္တြင္ တုိင္းရင္းေဆးတကၠသိုလ္တုိ႔ကို ဖြင့္လွစ္ခဲ့ၿပီးေနာက္ ၂၀၁၉ ခုႏွစ္အထိ တိုင္းရင္းေဆး ဒီပလိုမာ ရရိွထားသူ (၂၁၈၇) ဦး၊ တိုင္းရင္းေဆးတကၠသိုလ္မွ ဘြဲ႕ရသူ (၁၄၁၈)ဦး
ႏွင့္  မဟာဘြဲ႕ (၅၉)ဦးတို႔ ရိွေနၿပီျဖစ္ေၾကာင္း သိရသည္။

သက္ဆိုင္ရာဝန္ႀကီးဌာန၏ ခြင့္ျပဳခ်က္မရွိဘဲ တိုင္းရင္းေဆးအမည္ခံ သင္တန္းေက်ာင္းမ်ား၊ တကၠသိုလ္မ်ားအျဖစ္ ဖြင့္လွစ္သင္ၾကားေပးေနျခင္းမ်ားကို မည္ကဲ့သို႔ အေရးယူေဆာင္ရြက္ထားသည္ကို သိရိွလိုေၾကာင္း ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ (၁၈)ရက္ေန႔က က်င္းပခဲ့သည့္ ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ (၁၃)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး ဒုတိယေန႔တြင္ ျမင္းမူ မဲဆႏၵနယ္မွ ဦးစိုးစံသက္ထြန္းက ေမးျမန္းျခင္းအား က်န္းမာေရးႏွင့္အားကစား ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေျဖၾကားခဲ့ျခင္းျဖစ္သည္။

Tachileik News Agency
Photo: Pyithu Hluttaw

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တိုင်းရင်းဆေးနှင့်ပတ်သက်သည့်ကိစ္စများကို တိုင်းရင်းဆေးပညာဦးစီးဌာနထံ တိုင်ကြားနိုင်
***********
တိုင်းရင်းဆေးအမည်ခံ သင်တန်းကျောင်းများ၊ တက္ကသိုလ်များအဖြစ် ဖွင့်လှစ်သင်ကြားနေခြင်းအပါအဝင် တိုင်းရင်းဆေးနှင့်ပတ်သက်သည့် မလိုလားအပ်သည့်ကိစ္စများကို တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးထံ တိုက်ရိုက်တိုင်ကြားနိုင်ကြောင်း သိရသည်။

တိုင်းရင်းဆေးနှင့် ပတ်သက်ပြီး မလိုလားအပ်သောကိစ္စရပ်များကို အထောက်အထား၊ နေရာအတိအကျ၊ မည်သို့ ဖြစ်နေသည်၊ မည်ကဲ့သို့အန္တရာယ်ဖြစ်သွားသည် အစရှိသည်တို့ကို တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ တိုက်ရိုက်သော်လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းဆေးပညာ ညွှန်ကြားရေးမှူးများ၊ ခရိုင်အရာရှိများ၊ မြို့နယ်အရာရှိများသို့လည်းကောင်း တိုင်ကြားနိုင်ကြောင်း ကျန်းမာရေးနှင့်အားကစား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လွှတ်တော်တွင် ပြောကြားထားခြင်းဖြစ်သည်။

တိုင်းရင်းဆေးဆိုင်ရာကိစ္စရပ်များအား ကြီးကြပ်နိုင်ရန် လက်ရှိပြန်လည်ရေးဆွဲနေသည့် တိုင်းရင်းဆေးဝါးဥပဒေတွင် တိုင်းရင်းဆေးဝါးကြီးကြပ်မှုကော်မတီအဆင့်ဆင့် ဖွဲ့စည်းရန်ပါဝင်သည့်အပြင် ပြဌာန်းထားပြီးဖြစ်သည့် မြန်မာ့တိုင်းရင်းဆေးကောင်စီဥပဒေအရ တိုင်းရင်းဆေးကောင်စီဖွဲ့စည်းကာ ဥပဒေအရ အရေးယူဆောင်ရွက်နေရန် ပြင်ဆင်နေကြောင်း သိရသည်။

မြန်မာ့ တိုင်းရင်းဆေးကောင်စီဥပဒေအရ  ဆေးကုသခွင့်လိုင်စင်မရှိဘဲ တိုင်းရင်းဆေးဆရာ အမည်ခံ၍ ဆေးကုသခြင်းများကို ထောင်ဒဏ်တစ်နှစ်၊ အနည်းဆုံး ကျပ်ငွေ (၁)သိန်းမှ အမြင့်ဆုံး ကျပ်ငွေ (၃)သိန်းအထိ ဒဏ်ငွေဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အရေးယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
တိုင်းရင်းဆေးဝါးကုသမှုနှင့် ဆေးဝါးထုတ်လုပ်မှုများ စနစ်တကျဖြစ်စေရန် ၁၉၇၆ ခုနှစ်က တိုင်းရင်းဆေးသိပ္ပံနှင့် ၂၀၀၁ ခုနှစ်တွင် တိုင်းရင်းဆေးတက္ကသိုလ်တို့ကို ဖွင့်လှစ်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်အထိ တိုင်းရင်းဆေး ဒီပလိုမာ ရရှိထားသူ (၂၁၈၇) ဦး၊ တိုင်းရင်းဆေးတက္ကသိုလ်မှ ဘွဲ့ရသူ (၁၄၁၈)ဦးနှင့်  မဟာဘွဲ့ (၅၉)ဦးတို့ ရှိနေပြီဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ တိုင်းရင်းဆေးအမည်ခံ သင်တန်းကျောင်းများ၊ တက္ကသိုလ်များအဖြစ် ဖွင့်လှစ်သင်ကြားပေးနေခြင်းများကို မည်ကဲ့သို့ အရေးယူဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၈)ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် မြင်းမူ မဲဆန္ဒနယ်မှ ဦးစိုးစံသက်ထွန်းက မေးမြန်းခြင်းအား ကျန်းမာရေးနှင့်အားကစား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
Photo: Pyithu Hluttaw

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net