မေကြးတိုင္းေဒသႀကီး လႊတ္ေတာ္ရံုးအေဆာက္အဦသစ္၏ ရံုးခန္းမ်ား ခန္းဆီးလုိက္ကာ တပ္ဆင္ေရးအတြက္ ေဆြးေႏြး

မေကြးတိုင္းေဒသႀကီး လႊတ္ေတာ္ရံုးအေဆာက္အဦသစ္၏ ရံုးခန္းမ်ား ခန္းဆီးလုိက္ကာ တပ္ဆင္ေရးအတြက္ ေဆြးေႏြး
ဇူလိုင် 26, 2019
By Tachileik News Agency

မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ရံုး (ပင္မ)အေဆာက္အဦသစ္ရွိ ရံုးခန္းမ်ား၌ ခန္းဆီးလိုက္ကာမ်ား တပ္ဆင္ျခင္းအတြက္ တင္ဒါေလွ်ာက္ထားသည့္ ကုမၸဏီမ်ားက တင္ျပထားသည့္ ခန္းဆီးလိုက္ကာ ဝယ္ယူေရးလုပ္ငန္းမ်ားကို ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ(၂၅)ရက္ေန႔က မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ ေရးရာေကာ္မတီရံုးခန္းတြင္  ေဆြးေႏြးၾကေၾကာင္း သိရသည္။

အဆိုပါ လုပ္ငန္းညႇိႏွိဳင္း အစည္းအေဝးသို႔ တင္ဒါေခၚယူေရးေကာ္မတီ အတြင္းေရးမွဴးျဖစ္သည့္ တိုင္းေဒသႀကီးလႊတ္ေတာ္ ဒုတိယဥကၠ႒ ဦးေဇာ္မ်ဳိးဝင္း ၊တင္ဒါေခၚယူေရးေကာ္မတီအဖြဲ႔၀င္ျဖစ္သည့္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ ေဆာက္လုပ္ေရး၊ ပို႔ေဆာင္ဆက္သြယ္ေရး၀န္ႀကီး ဦးတင္ႏြယ္ဦး ၊ တင္ဒါေခၚယူေရးေကာ္မတီ တြဲဘက္အတြင္းေရးမွဴးျဖစ္သည့္ တိုင္းေဒသႀကီးလႊတ္ေတာ္ရံုး ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒၚခင္ရီျမင့္ ၊ တိုင္းေဒသႀကီးလႊတ္ေတာ္ရံုး ၫႊန္ၾကားေရးမွဴး ေဒၚေ႒းေ႒းခိုင္၊ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဌး၊ ေဒၚခင္ခ်ဳိလတ္၊ တိုင္းေဒသႀကီးအဆင့္ ဌာနဆိုင္ရာအႀကီးအကဲမ်ား ပါဝင္သည့္ တင္ဒါေခၚယူေရးေကာ္မတီအဖြဲ႕ဝင္မ်ားႏွင့္ လႊတ္ေတာ္ရံုး၀န္ထမ္းမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

ခန္းဆီးလိုက္ကာမ်ားတပ္ဆင္ျခင္း လုပ္ငန္းအတြက္ တင္ဒါေခၚယူထားခဲ့ျခင္းျဖစ္ရာ တင္ဒါေလွ်ာက္ထားသည့္ကုမၸဏီမ်ား၏ အဆိုပါျပဳတင္ျပထားသည့္ အိတ္ဖြင့္တင္ဒါမ်ားကို ဇူလိုင္လ(၁၇)ရက္ေန႔က ဖြင့္ေဖါက္စစ္ေဆးခဲ့ျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး (ပင်မ)အဆောက်အဦသစ်ရှိ ရုံးခန်းများ၌ ခန်းဆီးလိုက်ကာများ တပ်ဆင်ခြင်းအတွက် တင်ဒါလျှောက်ထားသည့် ကုမ္ပဏီများက တင်ပြထားသည့် ခန်းဆီးလိုက်ကာ ဝယ်ယူရေးလုပ်ငန်းများကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်နေ့က မကွေးတိုင်းဒေသကြီးလွှတ်တော် ရေးရာကော်မတီရုံးခန်းတွင် ဆွေးနွေးကြကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တင်ဒါခေါ်ယူရေးကော်မတီ အတွင်းရေးမှူးဖြစ်သည့် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊တင်ဒါခေါ်ယူရေးကော်မတီအဖွဲ့ဝင်ဖြစ်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ တင်ဒါခေါ်ယူရေးကော်မတီ တွဲဘက်အတွင်းရေးမှူးဖြစ်သည့် တိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ရီမြင့်၊ တိုင်းဒေသကြီးလွှတ်တော်ရုံး ညွှန်ကြားရေးမှူး ဒေါ်ဋ္ဌေးဋ္ဌေးခိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေး၊ ဒေါ်ခင်ချိုလတ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ ပါဝင်သည့် တင်ဒါခေါ်ယူရေးကော်မတီအဖွဲ့ဝင်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခန်းဆီးလိုက်ကာများတပ်ဆင်ခြင်း လုပ်ငန်းအတွက် တင်ဒါခေါ်ယူထားခဲ့ခြင်းဖြစ်ရာ တင်ဒါလျှောက်ထားသည့်ကုမ္ပဏီများ၏ အဆိုပါပြုတင်ပြထားသည့် အိတ်ဖွင့်တင်ဒါများကို ဇူလိုင်လ (၁၇)ရက်နေ့က ဖွင့်ဖောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - မကွေးတိုင်းဒေသကြီးလွှတ်တော်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net