ထုိင္းႏုိင္ငံတြင္ HIV ကူးစက္ခံထားရသည္ကို မသိဘဲေနထုိင္သူ (၂၈၀၀၀)ကို စစ္ေဆးေတြ႔ရိွထားသျဖင့္ အစိုးရေဆးရံုမ်ားတြင္ အခမဲ့လာေရာက္ေဆးစစ္ၾကရန္ တုိက္တြန္းထား

ထုိင္းႏုိင္ငံတြင္ HIV ကူးစက္ခံထားရသည္ကို မသိဘဲေနထုိင္သူ (၂၈၀၀၀)ကို စစ္ေဆးေတြ႔ရိွထားသျဖင့္ အစိုးရေဆးရံုမ်ားတြင္ အခမဲ့လာေရာက္ေဆးစစ္ၾကရန္ တုိက္တြန္းထား
ဇူလိုင် 1, 2019
By 🌸
ထုိင္းႏုိင္ငံတြင္ HIV /AIDS ျဖစ္ပြားေနသည္ကိုမသိဘဲေနထုိင္ေနၾကသူ (၂၈၀၀၀)ကို စစ္ေဆးေတြ႔ရိွရၿပီးေနာက္ HIV/AIDS စစ္ေဆးမႈကို အစိုးရေဆးရံုမ်ားတြင္ အခမဲ့လာေရာက္စစ္ေဆးၾကရန္ ကူးစက္ေရာဂါထိန္းခ်ဳပ္ေရးဌာနက တိုက္တြန္းလုိက္သည္။

ႏွစ္စဥ္ ဇူလုိင္(၁)ရက္ေန႔တြင္ လုပ္ေဆာင္ေနသည့္ အစိုးရေဆးရံုမ်ား၌ HIV/AIDS  အခမဲ့ေဆြးေႏြးစစ္ေဆးေရးလုပ္ေဆာင္ေပးေနရာ ၂၀၁၉ ခုႏွစ္တြင္ အစိုးရေဆးရံုမ်ား၌ HIV/AIDS အခမဲ့စစ္ေဆးမႈကို ျမန္ျမန္ဆန္ဆန္ရရိွရန္အျပင္ ထိေရာက္သည့္ ကုသမႈမ်ား လုပ္ေဆာင္ေပးႏုိင္ရန္ရည္ရြယ္ေၾကာင္း သိရသည္။

လက္ရိွအေျခအေနတြင္ HIV/AIDS ေတြ႔ရိွမႈမွာ ပ်မ္းမွ်အားျဖင့္ ေန႔စဥ္ အသစ္ေတြ႔ရိွမႈ (၁၇)ခုရိွေနဆဲျဖစ္ၿပီး ၂၀၁၈ ခုႏွစ္က ပ်မ္းမွ်အားျဖင့္ ေန႔စဥ္ ေအ့စ္ေရာဂါျဖင့္ ေသဆံုးသူ (၄၉)ဦးအထိရိွေၾကာင္း သိရသည္။
အမ်ိဳးသားက်န္းမာေရးဌာနက ရရိွထားသည့္ စာရင္းမ်ားအရ HIV ပိုးကူးစက္ခံထားရသူေပါင္း (၄၅၁၃၈၄)ဦးရိွေနေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံသားကဒ္ကိုင္ေဆာင္ထားသူမည္သူမဆို အစိုးရေဆးရံုမ်ားတြင္ အစိုးရေဆးရံုမ်ားတြင္ အခမဲ့စစ္ေဆးမႈကို တစ္ႏွစ္လွ်င္ ႏွစ္ႀကိမ္ရရိွနုိင္မည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Ref: Bangkok Post

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံတွင် HIV ကူးစက်ခံထားရသည်ကို မသိဘဲနေထိုင်သူ (၂၈၀၀၀)ကို စစ်ဆေးတွေ့ရှိထားသဖြင့် အစိုးရဆေးရုံများတွင် အခမဲ့လာရောက်ဆေးစစ်ကြရန် တိုက်တွန်းထား
*************
ထိုင်းနိုင်ငံတွင် HIV /AIDS ဖြစ်ပွားနေသည်ကိုမသိဘဲနေထိုင်နေကြသူ (၂၈၀၀၀)ကို စစ်ဆေးတွေ့ရှိရပြီးနောက် HIV/AIDS စစ်ဆေးမှုကို အစိုးရဆေးရုံများတွင် အခမဲ့လာရောက်စစ်ဆေးကြရန် ကူးစက်ရောဂါထိန်းချုပ်ရေးဌာနက တိုက်တွန်းလိုက်သည်။

နှစ်စဉ် ဇူလိုင်(၁)ရက်နေ့တွင် လုပ်ဆောင်နေသည့် အစိုးရဆေးရုံများ၌ HIV/AIDS  အခမဲ့ဆွေးနွေးစစ်ဆေးရေးလုပ်ဆောင်ပေးနေရာ ၂၀၁၉ ခုနှစ်တွင် အစိုးရဆေးရုံများ၌ HIV/AIDS အခမဲ့စစ်ဆေးမှုကို မြန်မြန်ဆန်ဆန်ရရှိရန်အပြင် ထိရောက်သည့် ကုသမှုများ လုပ်ဆောင်ပေးနိုင်ရန်ရည်ရွယ်ကြောင်း သိရသည်။

လက်ရှိအခြေအနေတွင် HIV/AIDS တွေ့ရှိမှုမှာ ပျမ်းမျှအားဖြင့် နေ့စဉ် အသစ်တွေ့ရှိမှု (၁၇)ခုရှိနေဆဲဖြစ်ပြီး ၂၀၁၈ ခုနှစ်က ပျမ်းမျှအားဖြင့် နေ့စဉ် အေ့စ်ရောဂါဖြင့် သေဆုံးသူ (၄၉)ဦးအထိရှိကြောင်း သိရသည်။

အမျိုးသားကျန်းမာရေးဌာနက ရရှိထားသည့် စာရင်းများအရ HIV ပိုးကူးစက်ခံထားရသူပေါင်း (၄၅၁၃၈၄)ဦးရှိနေကြောင်း သိရသည်။

ထိုင်းနိုင်ငံသားကဒ်ကိုင်ဆောင်ထားသူမည်သူမဆို အစိုးရဆေးရုံများတွင် အစိုးရဆေးရုံများတွင် အခမဲ့စစ်ဆေးမှုကို တစ်နှစ်လျှင် နှစ်ကြိမ်ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref: Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net