မကွေးမြို့၏ ဧရာဝတီမြစ်ရေသည် ဇူလိုင်လ(၂၃)ရက်နေ့တွင် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် (၂)မီတာ ၀န်းကျင်သာလို
မကွေးမြို့၏ ဧရာဝတီမြစ်ရေသည် ဇူလိုင်လ(၂၃)ရက်နေ့တွင် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် (၂)မီတာ ၀န်းကျင်သာလို
ဇူလိုငျ 23, 2019
By Tachileik News Agency
မကွေးမြို့၌ ၂၀၁၅ ခုနှစ် သြဂုတ်က (၁၇၇၃) စင်တီမီတာအထိ မြစ်ရေတက်ခဲ့၍ စိုးရိမ်ရေမှတ်အထက် (၇၃) စင်တီမီတာပိုခဲ့ပြီး ၂၀၁၆ ခုနှစ်၊ သြဂုတ်လတွင် (၁၈၁၂) စင်တီအထိ မြစ်ရေတက်ခဲ့သဖြင့် စိုးရိမ်ရေ မှတ်အထက် (၁) မီတာကျော်ပိုခဲ့သည့် ရေကြီးမှုဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှတ်တမ်းများအရ သိရသည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ- ဖီးနစ်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
မကွေးမြို့၏ ဧရာဝတီမြစ်ရေ အခြေအနေမှာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၂၃)ရက်အနေ့အထိ စိုးရိမ်ရေမှတ်ရောက်ရန် (၂)မီတာခန့် လိုနေသေးပြီး မြစ်ရေအခြေအနေကို အချိန်နှင့်တပြေးညီ သတိပေးချက် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
“သာမန်မြစ်ရကြေီးမှုဖြစ်စဉ်ဖြစ်လို့ စိုးရိမ်ရေမှတ်ကို ရောက်ရှိလာတော့မယ်ဆိုရင်လည်း အချိန်နှင့်တပြေးညီ သတိပေးချက် ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် အချိန်မီ ရိတ်သိမ်းတာ၊ ရွှေ့ပြောင်းတာတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ မကွေးမြို့ရဲ့ စိုးရိမ်ရေမှတ်က (၁၇၀၀) စင်တီမီတာ ဖြစ်ပါတယ်။ ဒီနေ့မနက်ပိုင်း တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေဟာ (၁၅၀၈) စင်တီမီတာဖြစ်ပြီး နေ့လယ်ပိုင်းမှာတော့ (၁၅၁၃) စင်တီ မီတာကို ရောက်ရှိနေတာကြောင့် စိုးရိမ်ရေမှတ်ကိုရောက်ဖို့ က (၂) မီတာလောက်လိုပါသေးတယ်”ဟု မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းမြင့်ဌေးက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။
မကွေးမြို့၌ ၂၀၁၅ ခုနှစ် သြဂုတ်က (၁၇၇၃) စင်တီမီတာအထိ မြစ်ရေတက်ခဲ့၍ စိုးရိမ်ရေမှတ်အထက် (၇၃) စင်တီမီတာပိုခဲ့ပြီး ၂၀၁၆ ခုနှစ်၊ သြဂုတ်လတွင် (၁၈၁၂) စင်တီအထိ မြစ်ရေတက်ခဲ့သဖြင့် စိုးရိမ်ရေ မှတ်အထက် (၁) မီတာကျော်ပိုခဲ့သည့် ရကြေီးမှုဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှတ်တမ်းများအရ သိရသည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ- ဖီးနစ်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net