က်ား/မ တန္းတူညီမွ်ေရးႏွင့္ အမ်ိဳးသမီးက႑ျမႇင့္တင္ေရးအပါအဝင္ က႑ေလးရပ္အတြက္ UNFPA အေမရိကန္ေဒၚလာ သန္း (၂၀)သံုးစြဲမည္

က်ား/မ တန္းတူညီမွ်ေရးႏွင့္ အမ်ိဳးသမီးက႑ျမႇင့္တင္ေရးအပါအဝင္ က႑ေလးရပ္အတြက္ UNFPA အေမရိကန္ေဒၚလာ သန္း (၂၀)သံုးစြဲမည္
ဇွန် 12, 2019
By 🌸
မ်ိဳးဆက္ပြားက်န္းမာေရး၊ က်ား/မ တန္းတူညီမွ်ေရးႏွင့္ အမ်ိဳးသမီးက႑ျမႇင့္တင္ေရး၊ လူဦးေရဆိုင္ရာ က႑မ်ားအတြက္ UNFPA ၏ စတုတၳအႀကိမ္အကူအညီေပးေရးအစီအစဥ္ ၂၀၁၈ -၂၀၂၂ အတြက္  အေမရိကန္ေဒၚလာသန္း(၂၀)သံုးစြဲေဆာင္ရြက္ရန္ Letter of Agreement (LoA) ကို ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၁၂) ရက္ေန႔တြင္ လက္မွတ္ေရးထုိးသည္။

သက္ဆုိင္ရာဌာနမ်ားႏွင့္ညိႇႏိႈင္းေရးဆြဲထားသည့္ UNFPA ၏ စတုတၳအႀကိမ္ အကူအညီေပးေရး အစီအစဥ္အတြက္ UNFPA ၏ ပုံမွန္ရန္ပုံေငြ အေမရိကန္ေဒၚလာ (၁၀.၅) သန္း၊ အျခား ရန္ပုံေငြ အေမရိကန္ေဒၚလာ (၉.၅) သန္း၊ စုစုေပါင္း အေမရိကန္ ေဒၚလာ (၂၀.၀) သန္းျဖင့္ သက္ဆိုင္ရာ ဝန္ႀကီးဌာနမ်ားႏွင့္ ပူးေပါင္းအေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ေရးအတြက္ ႏိုင္ငံေတာ္အစိုးရကိုယ္စား ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနႏွင့္ UNFPA တို႔က LoA ကို လက္မွတ္ေရးထိုးျခင္းျဖစ္သည္။

UNFPA အေနျဖင့္ ပထမအႀကိမ္ ၂၀၀၂-၂၀၀၆ လုပ္ငန္းအစီအစဥ္အတြက္အေမရိကန္ေဒၚလာ (၁၆) သန္း၊ ဒုတိယအႀကိမ္ ၂၀၀၇-၂၀၁၁ လုပ္ငန္းအစီအစဥ္အတြက္ အေမရိကန္ေဒၚလာ (၂၅.၂) သန္းႏွင့္ တတိယအႀကိမ္ ၂၀၁၂-၂၀၁၇ လုပ္ငန္းအစီအစဥ္အတြက္ အေမရိကန္ေဒၚလာ (၃၇.၅) သန္းတို႔ျဖင့္ မ်ိဳးဆက္ပြား က်န္းမာေရး၊ က်ား/မတန္းတူညီမွ်ေရးႏွင့္ အမ်ိဳးသမီးက႑ျမႇင့္တင္ေရး၊ လူဦးေရဆိုင္ရာက႑မ်ားတြင္ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားႏွင့္ ပူးေပါင္းအေကာင္အထည္ေဖာ္ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

UNFPA ၏ စတုတၱအႀကိမ္ ႏိုငေ္ငံဆိုင္ရာ လုပ္ငန္း အစီအစဥ္ ၂၀၁၈-၂၀၂၂ ဆိုင္ရာ Letter of Agreement (LoA) ကို အစိုးရကိုယ္စား ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန၊ ႏိုင္ငံျခားစီးပြား ဆက္သြယ္ေရးဦးစီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးသန္းေအာင္ေက်ာ္ႏွင့္ UNFPA ကိုယ္စား ရန္ကုန္ၿမိဳ႕ရွိ UNFPA Representative ျဖစ္သူ Mr. Ramanathan Balakrishnan တို႔က လက္မွတ္ေရးထိုးျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု -MIFER

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကျား/မ တန်းတူညီမျှရေးနှင့် အမျိုးသမီးကဏ္ဍမြှင့်တင်ရေးအပါအဝင် ကဏ္ဍလေးရပ်အတွက် UNFPA အမေရိကန်ဒေါ်လာ သန်း (၂၀)သုံးစွဲမည်
***********
မျိုးဆက်ပွားကျန်းမာရေး၊ ကျား/မ တန်းတူညီမျှရေးနှင့် အမျိုးသမီးကဏ္ဍမြှင့်တင်ရေး၊ လူဦးရေဆိုင်ရာ ကဏ္ဍများအတွက် UNFPA ၏ စတုတ္ထအကြိမ်အကူအညီပေးရေးအစီအစဉ် ၂၀၁၈ -၂၀၂၂ အတွက်  အမေရိကန်ဒေါ်လာသန်း(၂၀)သုံးစွဲဆောင်ရွက်ရန် Letter of Agreement (LoA) ကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့တွင် လက်မှတ်ရေးထိုးသည်။

သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်းရေးဆွဲထားသည့် UNFPA ၏ စတုတ္ထအကြိမ် အကူအညီပေးရေး အစီအစဉ်အတွက် UNFPA ၏ ပုံမှန်ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၁၀.၅) သန်း၊ အခြား ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၉.၅) သန်း၊ စုစုပေါင်း အမေရိကန် ဒေါ်လာ (၂၀.၀) သန်းဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရကိုယ်စား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် UNFPA တို့က LoA ကို လက်မှတ်ရေးထိုးခြင်းဖြစ်သည်။

UNFPA အနေဖြင့် ပထမအကြိမ် ၂၀၀၂-၂၀၀၆ လုပ်ငန်းအစီအစဉ်အတွက်အမေရိကန်ဒေါ်လာ (၁၆) သန်း၊ ဒုတိယအကြိမ် ၂၀၀၇-၂၀၁၁ လုပ်ငန်းအစီအစဉ်အတွက် အမေရိကန်ဒေါ်လာ (၂၅.၂) သန်းနှင့် တတိယအကြိမ် ၂၀၁၂-၂၀၁၇ လုပ်ငန်းအစီအစဉ်အတွက် အမေရိကန်ဒေါ်လာ (၃၇.၅) သန်းတို့ဖြင့် မျိုးဆက်ပွား ကျန်းမာရေး၊ ကျား/မတန်းတူညီမျှရေးနှင့် အမျိုးသမီးကဏ္ဍမြှင့်တင်ရေး၊ လူဦးရေဆိုင်ရာကဏ္ဍများတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

UNFPA ၏ စတုတ္တအကြိမ် နိုင်ငံဆိုင်ရာ လုပ်ငန်း အစီအစဉ် ၂၀၁၈-၂၀၂၂ ဆိုင်ရာ Letter of Agreement (LoA) ကို အစိုးရကိုယ်စား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် UNFPA ကိုယ်စား ရန်ကုန်မြို့ရှိ UNFPA Representative ဖြစ်သူ Mr. Ramanathan Balakrishnan တို့က လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ -MIFER

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net