တာချီလိတ်တွင် နေထိုင်ခွင့်သက်တမ်းကျော်လွန်မှုဖြင့် ဖမ်းဆီးခံရသည့် ထိုင်းနိုင်ငံသူအား ဒဏ်ငွေ ကျပ်(၇)သိန်းပေးဆောင်စေပြီးနောက် ပြည်နှင်ဒဏ်ပေး

တာချီလိတ်တွင် နေထိုင်ခွင့်သက်တမ်းကျော်လွန်မှုဖြင့် ဖမ်းဆီးခံရသည့် ထိုင်းနိုင်ငံသူအား ဒဏ်ငွေ ကျပ်(၇)သိန်းပေးဆောင်စေပြီးနောက် ပြည်နှင်ဒဏ်ပေး
ဇှနျ 28, 2019
By Tachileik News Agency


ဖြစ်စဉ်မှာ တာချီလိတ်မြို့၊ ၀မ်လုံးကျေးရွာအုပ်စု၊ လွယ်စတုံ(အောက်)ရွာအ၀င် ပြည်သူ့စစ်ဂိတ်ရှောင်ကွင်းလမ်းတွင် ပူးပေါင်းအဖွဲ့ဖြင့် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၂၄)ရက်နေ့ ည(၁၀)နာရီဝန်းကျင်အချိန်က စစ်ဆေးမှုများပြုလုပ်ရာ တာချီလိတ်မှ မိုင်းဟဲဘက်သို့ မောင်းနှင်လာသည့် လိုင်စင်မဲ့မော်တော်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အသက်(၂၃)နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသူ Mrs. Kuntima Chootan အား စစ်ဆေးရာ ၎င်းသည် တာချီလိတ်သို့ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် ၀င်ရောက်လာခြင်းဖြစ်သော်လည်း လက်မှတ်တွင် နေထိုင်ခွင့် သက်တမ်းကျော်လွန်နေခြင်းဖြစ်၍ ၎င်းအား ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။


Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် နေထိုင်ခွင့်သက်တမ်းကျော်လွန်မှုဖြင့် ဖမ်းဆီးခံရသည့် ထိုင်းနိုင်ငံသူအား လဝကအက်ဖြင့် အရေးယူပြီးနောက် အမည်မည်း စာရင်း(Black Lit) ရေးသွင်းကာ ၂၀၁၉ခုနှစ် ဇွန်လ(၂၈)ရက်နေ့တွင် မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတား အလယ်၌ ထိုင်းနိုင်ငံ မယ်ဆိုင်လဝကမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့၊ ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စတုံ(အောက်)ရွာအဝင် ပြည်သူ့စစ်ဂိတ်ရှောင်ကွင်းလမ်းတွင် ပူးပေါင်းအဖွဲ့ဖြင့် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၂၄)ရက်နေ့ ည(၁၀)နာရီဝန်းကျင်အချိန်က စစ်ဆေးမှုများပြုလုပ်ရာ တာချီလိတ်မှ မိုင်းဟဲဘက်သို့ မောင်းနှင်လာသည့် လိုင်စင်မဲ့မော်တော်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အသက်(၂၃)နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသူ Mrs. Kuntima Chootan အား စစ်ဆေးရာ၎င်းသည် တာချီလိတ်သို့ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် ဝင်ရောက်လာခြင်းဖြစ်သော်လည်း လက်မှတ်တွင် နေထိုင်ခွင့် သက်တမ်းကျော်လွန်နခြေင်းဖြစ်၍၎င်းအား ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့်၎င်းအား ၁၉၄၇ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး(လတ်တလောပြဋ္ဌာန်းချက်များ)အက်ပုဒ်မ - ၄(၁)ကျူး/၁၃(၁)အရ ပြစ်မှုထင်ရှားသည့်အတွက် ဒဏ်ငွေကျပ်(၇)သိန်း ပေးဆောင်စေ၊ ဒဏ်ငွေမဆောင် ပျက်ကွက်ပါက ထောင်ဒဏ် (၆)လကျခံစေရန် အမိန့်ချရာတွင် ထိုင်းနိုင်ငံသူ Mrs. Kuntima Chootan က ဒဏ်ငွေ ကျပ်(၇)သိန်းအား ပေးဆောင်ခဲ့၍ ပြစ်ဒဏ်မှ လွတ်မြောက်ပြီးဖြစ်သည့်အတွက် လဝက၏ လုပ်ထုံးလုပ်နည်းနှင့်အညီ အမည်မည်း စာရင်း(Black Lit) ရေးသွင်းကာ ဇွန်လ(၂၈)ရက်နေ့တွင် ပြည်နှင်ဒဏ်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net