ထိုင္းႏိုင္ငံ မယ္က်န္႔ခရိုင္တြင္ဖမ္းမိသည့္ စိတ္ၾကြေဆးျပား (၂)သန္းေက်ာ္ႏွင့္ အုိက္စ္မ်ားမွာ ျမန္မာႏုိင္ငံမွ တင္ပို႔ျခင္းျဖစ္သည္ဟု ထုိင္းရဲတပ္ဖြဲ႕ေျပာၾကား

ထိုင္းႏိုင္ငံ မယ္က်န္႔ခရိုင္တြင္ဖမ္းမိသည့္ စိတ္ၾကြေဆးျပား (၂)သန္းေက်ာ္ႏွင့္ အုိက္စ္မ်ားမွာ ျမန္မာႏုိင္ငံမွ တင္ပို႔ျခင္းျဖစ္သည္ဟု ထုိင္းရဲတပ္ဖြဲ႕ေျပာၾကား
ဇွန် 15, 2019
By Tachileik News Agency

ထုိင္းႏုိင္ငံ၊ မယ္က်န္႔ခရိုင္တြင္ ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၁၁)ရက္ေန႔ ေန႔လယ္ပိုင္းက ဖမ္းမိထားသည့္ စိတ္ၾကြရူးသြပ္ေဆးျပား (၂.၂)သန္းႏွင့္ အုိက္စ္ (၁၁)ကီလိုဂရမ္တို႔မွာ မယ့္ဖားလံုခရိုင္ မ်က္ႏွာခ်င္းဆုိင္ တစ္ဖက္ကမ္းရိွ ျမန္မာႏုိင္ငံတြင္းမွ တင္ပို႔ျခင္းျဖစ္သည္ဟု  ဇြန္လ (၁၄)ရက္ေန႔က ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ထုိင္းမူးယစ္တားဆီးႏွိမ္ႏွင္းေရးအဖြဲ႕က ေျပာၾကားလုိက္သည္။

အဆိုပါ မူးယစ္ေဆးမ်ားသယ္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္ကို မယ္က်န္႔ခရိုင္ စစ္ေဆးေရးဂိတ္တြင္ တားဆီးစဥ္ အစစ္ေဆးမခံဘဲ ထြက္ေျပးသျဖင့္  ရဲတပ္ဖြဲ႕က လုိက္လံဖမ္းဆီးခဲ့ရာ ေမာ္ေတာ္ယာဥ္ကို ထားခဲ့ၿပီး သယ္ေဆာင္လာသူႏွစ္ဦးက ထြက္ေျပးလြတ္ေျမာက္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ မူးယစ္ေဆးမ်ားဖမ္းဆီးရမႈအား ရဲတပ္ဖြဲ႕ႏွင့္စစ္တပ္တုိ႔ ပူးေပါင္းၿပီး စံုစမ္းေဖၚထုတ္ရာ သံသယရိွသည့္ အမ်ိဳးသားတစ္ဦးအား ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံတြင္းသို႔ မူးယစ္ေဆးသယ္ပို႔သည့္လမ္းေၾကာင္းႏွင့္ သယ္ပို႔သည့္ပံုစံမ်ားကို ေျပာင္းလဲလာၾကသည္ကို ေတြ႔ရၿပီး ပမာဏမ်ားစြာတင္ပို႔ေနရာမွ ပမာဏအနည္းငယ္စီခြဲ၍ သယ္ေဆာင္လာၾကေၾကာင္း သိရသည္။

Tachileik News Agency
Ref: The Nation



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံ၊ မယ်ကျန့်ခရိုင်တွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၁)ရက်နေ့ နေ့လယ်ပိုင်းက ဖမ်းမိထားသည့် စိတ်ကြွရူးသွပ်ဆေးပြား (၂.၂)သန်းနှင့် အိုက်စ် (၁၁)ကီလိုဂရမ်တို့မှာ မယ့်ဖားလုံခရိုင် မျက်နှာချင်းဆိုင် တစ်ဖက်ကမ်းရှိ မြန်မာနိုင်ငံတွင်းမှ တင်ပို့ခြင်းဖြစ်သည်ဟု ဇွန်လ (၁၄)ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုင်းမူးယစ်တားဆီးနှိမ်နှင်းရေးအဖွဲ့က ပြောကြားလိုက်သည်။

အဆိုပါ မူးယစ်ဆေးများသယ်ဆောင်လာသည့် မော်တော်ယာဉ်ကို မယ်ကျန့်ခရိုင် စစ်ဆေးရေးဂိတ်တွင် တားဆီးစဉ် အစစ်ဆေးမခံဘဲ ထွက်ပြေးသဖြင့် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ရာ မော်တော်ယာဉ်ကို ထားခဲ့ပြီး သယ်ဆောင်လာသူနှစ်ဦးက ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးများဖမ်းဆီးရမှုအား ရဲတပ်ဖွဲ့နှင့်စစ်တပ်တို့ ပူးပေါင်းပြီး စုံစမ်းဖော်ထုတ်ရာ သံသယရှိသည့် အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်းသို့ မူးယစ်ဆေးသယ်ပို့သည့်လမ်းကြောင်းနှင့် သယ်ပို့သည့်ပုံစံများကို ပြောင်းလဲလာကြသည်ကို တွေ့ရပြီး ပမာဏများစွာတင်ပို့နေရာမှ ပမာဏအနည်းငယ်စီခွဲ၍ သယ်ဆောင်လာကြကြောင်း သိရသည်။

Tachileik News Agency
Ref: The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net