ထိုင္းႏိုင္ငံ Seri Ruam Thai ပါတီမွ ကိုယ္စားလွယ္ေလာင္းတစ္ဦး မူးယစ္ေဆး၀ါးျဖင့္ ဖမ္းဆီးခံရမႈေၾကာင့္ ပါတီကို ထိခိုက္မည္မဟုတ္ဟု ပါတီေခါင္းေဆာင္ဆို

ထိုင္းႏိုင္ငံ Seri Ruam Thai ပါတီမွ ကိုယ္စားလွယ္ေလာင္းတစ္ဦး မူးယစ္ေဆး၀ါးျဖင့္ ဖမ္းဆီးခံရမႈေၾကာင့္ ပါတီကို ထိခိုက္မည္မဟုတ္ဟု ပါတီေခါင္းေဆာင္ဆို
ဇွန် 27, 2019
By Tachileik News Agency

ထုိင္းႏုိင္ငံ Seri Ruam Thai ပါတီမွ ေရြးေကာက္ပြဲဝင္ ကိုယ္စားလွယ္ေလာင္းတစ္ဦး မူးယစ္ေဆးဝါးမႈျဖင့္ ဖမ္းဆီးခံရမႈမွာ အဆိုပါကိုယ္စားလွယ္၏ ကိုယ္ေရးကိုယ္တာကိစၥသာျဖစ္ၿပီး ပါတီကို ထိခိုက္မည္ မဟုတ္ေၾကာင္း ပါတီေခါင္းေဆာင္က ထုတ္ေဖၚေျပာၾကားလုိက္သည္။

ပါတီအေနျဖင့္ ကိုယ္စားလွယ္ေလာင္းမ်ား၏ ေနာက္ေၾကာင္းရာဇဝင္မ်ားႏွင့္ ျပစ္မႈကင္းရွင္းျခင္း ရိွ၊ မရိွကိုစစ္ေဆးႏုိင္ခဲ့ျခင္းမရိွဟု ၎ကဆုိသည္။

အဆိုပါ ကိုယ္စားလွယ္ေလာင္းမွာ ေခ်ာင္ဘူရီတြင္ ကြန္တိန္နာအတြင္းမွ အိုက္စ္(၁)တန္ခန္႔ ဖမ္းဆီးရမိမႈႏွင့္ပတ္သက္၍ တရုတ္နုိင္ငံသား(၂)ဦး၊ ထုိင္းနိုင္ငံသား (၁)ဦးတုိ႔ႏွင့္အတူ ဖမ္းဆီးခံရျခင္းျဖစ္သည္။

ဖိလစ္ပိုင္သို႔ပို႔မည့္ ကြန္တိန္နာအတြင္း ဖိနပ္ဗူးမ်ားျဖင့္ထည့္ထားသည့္ အုိက္စ္ စုစုေပါင္းတန္ဖိုး ဘတ္ (၂)ဘီလီယံခန္႔အား ဖမ္းဆီးရမိခဲ့မႈႏွင့္ပတ္သက္၍ အသက္ (၂၅)ႏွစ္ႏွင့္ (၈၄)ႏွစ္အရြယ္ တရုတ္ႏုိင္ငံသားႏွစ္ဦး၊ အသက္ (၅၅)ႏွစ္အရြယ္ ထုိင္းနုိင္ငံသား ဂ်ိဳင္ႏွင့္ အသက္(၃၅)ႏွစ္အရြယ္ ပါတီကိုယ္စားလွယ္ေလာင္း Subhan Mahachananon တို႔ကို ဖမ္းဆီးလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Ref;The Nation


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံ Seri Ruam Thai ပါတီမှ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းတစ်ဦး မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရမှုမှာ အဆိုပါကိုယ်စားလှယ်၏ ကိုယ်ရေးကိုယ်တာကိစ္စသာဖြစ်ပြီး ပါတီကို ထိခိုက်မည် မဟုတ်ကြောင်း ပါတီခေါင်းဆောင်က ထုတ်ဖော်ပြောကြားလိုက်သည်။

ပါတီအနဖြေင့် ကိုယ်စားလှယ်လောင်းများ၏ နောက်ကြောင်းရာဇဝင်များနှင့် ပြစ်မှုကင်းရှင်းခြင်း ရှိ၊ မရှိကိုစစ်ဆေးနိုင်ခဲ့ခြင်းမရှိဟု၎င်းကဆိုသည်။

အဆိုပါ ကိုယ်စားလှယ်လောင်းမှာ ချောင်ဘူရီတွင် ကွန်တိန်နာအတွင်းမှ အိုက်စ်(၁)တန်ခန့် ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံသား(၂)ဦး၊ ထိုင်းနိုင်ငံသား (၁)ဦးတို့နှင့်အတူ ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဖိလစ်ပိုင်သို့ပို့မည့် ကွန်တိန်နာအတွင်း ဖိနပ်ဗူးများဖြင့်ထည့်ထားသည့် အိုက်စ် စုစုပေါင်းတန်ဖိုး ဘတ် (၂)ဘီလီယံခန့်အား ဖမ်းဆီးရမိခဲ့မှုနှင့်ပတ်သက်၍ အသက် (၂၅)နှစ်နှင့် (၈၄)နှစ်အရွယ် တရုတ်နိုင်ငံသားနှစ်ဦး၊ အသက် (၅၅)နှစ်အရွယ် ထိုင်းနိုင်ငံသား ဂျိုင်နှင့် အသက်(၃၅)နှစ်အရွယ် ပါတီကိုယ်စားလှယ်လောင်း Subhan Mahachananon တို့ကို ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref;The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net