မင္းဘူး - ပြင့္ျဖဴ - စလင္း - တေညာင္လမ္းေပၚရွိ မုန္းေခ်ာင္းတံတား(ပြင့္ျဖဴ)စတင္ ဖြင့္လွစ္

မင္းဘူး - ပြင့္ျဖဴ - စလင္း - တေညာင္လမ္းေပၚရွိ မုန္းေခ်ာင္းတံတား(ပြင့္ျဖဴ)စတင္ ဖြင့္လွစ္
ဇွန် 19, 2019
By Tachileik News Agency

မေကြးတုိင္းေဒသႀကီး ပြင့္ျဖဴၿမိဳ႕နယ္၊ မင္းဘူး - ပြင့္ျဖဴ - စလင္း - တေညာင္လမ္းေပၚရွိ မုန္းေခ်ာင္းတံတား (ပြင့္ျဖဴ) ကို ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ (၇၄)ႏွစ္ေျမာက္ ေမြးေန႔ျဖစ္သည့္ ဇြန္လ(၁၉)ရက္ေန႔တြင္ တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳႏွင့္ ပြင့္ျဖဴၿမိဳ႕နယ္ႏွင့္ စလင္း ၿမိဳ႕နယ္တုိ႔မွ ဘက္စုံထူးခၽြန္လူရည္ခၽြန္ (၅)ဦးက ဖဲႀကိဳး ျဖတ္၍ ဖြင့္လွစ္ေပးခဲ့ေၾကာင္း သိရသည္။

ဖြင့္ပဲြတြင္ မေကြးတုိင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မုိးညိဳက ေဒသဖံြ႕ၿဖိဳးေရးႏွင့္ ခရီးသြားျပည္ သူမ်ား ရာသီမေရြး စိတ္ေအးခ်မ္းသာစြာ ျဖတ္သန္းသြားလာႏုိင္ေရးအတြက္ မင္းဘူး - ပြင့္ျဖဴ - စလင္း - တေညာင္လမ္းေပၚရွိ (မူလရိွၿပီးျဖစ္ေသာ) သံမဏိ၊ သံေဘာင္ ေဘလီတံတား အစား (1.2m Bored Pile အုတ္ျမစ္ ၊ PC Girder သံကူကြန္ကရစ္တံၾကမ္းခင္းႏွင့္ လက္ရန္း အမ်ဳိးအစား တံတားကို အေကာင္ အထည္ေဖာ္ေဆာင္ရြက္ခဲ့မႈလုပ္ငန္းမ်ားႏွင့္ စပ္လ်ဥ္း၍ ရွင္းလင္းေဆြးေႏြး ေျပာၾကားၿပီးေနာက္ ပြင့္ျဖဴၿမိဳ႕နယ္ႏွင့္ စလင္း ၿမိဳ႕နယ္တုိ႔မွ ဘက္စုံထူးခၽြန္လူရည္ခၽြန္ (၅) ဦးက တံတားအား ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးခဲ့ျခင္းျဖစ္ သည္။

တံတားကဗၼည္းေက်ာက္စာတုိင္အား မေကြးတုိင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မုိးညိဳ၊ တုိင္းေဒ သႀကီး ေဆာက္လုပ္ေရး ၊ ပုိ႔ေဆာင္ဆက္သြယ္ေရးဝန္ႀကီး ဦးတင္ႏြယ္ဦးႏွင့္ တာဝန္ရွိသူမ်ားက အေမႊးနံ႔ သာရည္မ်ား ပက္ဖ်န္းေပးကာ တံတားအနီးလမ္းေဘးတြင္ အရိပ္ရ ပန္းအလွပင္မ်ား စုေပါင္းစုိက္ပ်ဳိးခဲ့ၾကသည္။

 ယင္းေနာက္ တုိင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ႏွင့္ အစုိးရအဖဲြ႕ဝင္ဝန္ႀကီးမ်ား ၊ လႊတ္ေတာ္ကုိယ္စားလွယ္မ်ားႏွင့္ ခရုိင္/ၿမိဳ႕နယ္အဆင့္ ဌာနဆုိင္ရာအႀကီးအကဲမ်ားက ေဆာင္ရြက္ၿပီးစီးသည့္ မုန္းေခ်ာင္းတံတား (ပြင့္ျဖဴ) အား လုိက္လံၾကည့္ရႈခဲ႔ၾက ၿပီး တံတားေပၚျဖတ္သန္းေမာင္းႏွင္သြားလာသည့္ ေမာ္ေတာ္ယာဥ္ႏွင့္ ေမာ္ ေတာ္ဆုိင္ကယ္စီးနင္းသူမ်ားကုိ ယာဥ္ အႏၱရာယ္ကင္းေဝးစြာ ေမာင္းႏွင္သြားလာႏုိင္ေရး ယာဥ္စည္းဆုိင္ရာ ပညာေပးစေတကာကပ္ျခင္းမ်ား ျပဳလုပ္ေဆာင္ရြက္ေပးခဲ့ၾကေၾကာင္း သိရသည္။

"မူလတံတားက ေဘလီတံတားပဲျဖစ္လို႔ (၁၆)တန္ပဲ ျဖတ္သန္းခြင့္ျပဳႏိုင္ခဲ့တယ္။ အခု တံတားအသစ္က ယာဥ္တစ္စီးခ်င္း တန္ခ်ိန္ (၆၀) ျဖတ္သန္းခြင့္ျပဳႏိုင္မွာျဖစ္လို႔ ကုန္ကားႀကီးေတြ အရင္လို ကုန္ေတြကို ကဲ့ျပီးသယ္ဖို႔ မလိုေတာ့ဘူး။ ယာဥ္ေၾကာအေနနဲ႔ အရင္က တစ္လမ္းသြားပဲဆိုေတာ႔ တစ္ဘက္ကူးၿပီးမွ တစ္ဘက္ကကူးရတယ္။ အခုက ႏွစ္လမ္းသြားဆိုေတာ့ ေစာင္႔ဆိုင္းစရာ မလိုေတာ့ဘူး။ ကုန္စည္စီးဆင္းမႈအေနနဲ႔လည္း ပိုပြင့္သြားမွာျဖစ္ပါတယ္။” ဟု တံတားအထူးအဖြဲ႔(၅)ဆိပ္ျဖဴ မွ ဒုတိယညႊန္ၾကားေရးမွဴး ဦးညီညီေဇာ္ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇြန္လ(၁၉)ရက္ေန႔တြင္ ေျပာသည္။

အဆုိပါ မုန္းေခ်ာင္းတံတား(ပြင့္ျဖဴ)ကုိ  ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ တံတားအထူးအဖဲြ႕(၅)ဆိပ္ျဖဴက ၂၀၁၇ ခုႏွစ္၊ ေမ (၂၁) ရက္ေန႔မွ စတင္ကာ တာဝန္ယူ တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး တံတားအမ်ဳိးအစားမွာ 1.2m Bored Pile အုတ္ျမစ္ ၊ PC Girder သံကူကြန္ကရစ္ၾကမ္းခင္း ႏွင့္ လက္ရန္း အမ်ဳိးအစားျဖစ္ကာ တံတား အရွည္ ေပ (၁,၃၀၀) ၊ ယာဥ္သြားလမ္းအက်ယ္ (၂၄) ေပ ႏွင့္ လမ္းေဘး(ဝဲ/ယာ) လူသြားလမ္း အက်ယ္ (၃) ေပ ထည့္သြင္း တည္ေဆာက္ထားေၾကာင္းသိရၿပီး ဧရာ၀တီျမစ္အေနာက္ျခမ္းေဒသ မင္းဘူး-ပြင့္ျဖဴ-စလင္း- ဆင္ျဖဴကၽြန္း- တေညာင္ေဒသ ႏွင့္ ဆိပ္ျဖဴၿမိဳ႕တို႔ကိုျဖတ္ကာ ဧရာ၀တီျမစ္အေ႐ွ႕ ဘက္ျခမ္း ေခ်ာက္ၿမိဳ႕မွတစ္ဆင့္ မႏၱေလးတိုင္း ေက်ာက္ပန္းေတာင္း - ေညာင္ဦးလမ္းမ်ားအတိုင္း ကုန္စည္စီးဆင္းမႈကို ေခ်ာေမြ႔ေစရန္ မ်ားစြာ အေထာက္အပံ႔ေပးႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္
ဓါတ္ပံု  - တင္ႏြယ္ဦး


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၊ မင်းဘူး - ပွင့်ဖြူ - စလင်း - တညောင်လမ်းပေါ်ရှိ မုန်းချောင်းတံတား (ပွင့်ဖြူ) ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၄)နှစ်မြောက် မွေးနေ့ဖြစ်သည့် ဇွန်လ(၁၉)ရက်နေ့တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ပွင့်ဖြူမြို့နယ်နှင့် စလင်း မြို့နယ်တို့မှ ဘက်စုံထူးချွန်လူရည်ချွန် (၅)ဦးက ဖဲကြိုး ဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဒေသဖွံ့ဖြိုးရေးနှင့် ခရီးသွားပြည် သူများ ရာသီမရွေး စိတ်အေးချမ်းသာစွာ ဖြတ်သန်းသွားလာနိုင်ရေးအတွက် မင်းဘူး - ပွင့်ဖြူ - စလင်း - တညောင်လမ်းပေါ်ရှိ (မူလရှိပြီးဖြစ်သော) သံမဏိ၊ သံဘောင် ဘေလီတံတား အစား (1.2m Bored Pile အုတ်မြစ်၊ PC Girder သံကူကွန်ကရစ်တံကြမ်းခင်းနှင့် လက်ရန်း အမျိုးအစား တံတားကို အကောင် အထည်ဖော်ဆောင်ရွက်ခဲ့မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ပြောကြားပြီးနောက် ပွင့်ဖြူမြို့နယ်နှင့် စလင်း မြို့နယ်တို့မှ ဘက်စုံထူးချွန်လူရည်ချွန် (၅) ဦးက တံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ် သည်။

တံတားကဗ္မည်းကျောက်စာတိုင်အား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေ သကြီး ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦးနှင့် တာဝန်ရှိသူများက အမွှေးနံ့ သာရည်များ ပက်ဖျန်းပေးကာ တံတားအနီးလမ်းဘေးတွင် အရိပ်ရ ပန်းအလှပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

 ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ဆောင်ရွက်ပြီးစီးသည့် မုန်းချောင်းတံတား (ပွင့်ဖြူ) အား လိုက်လံကြည့်ရှုခဲ့ကြ ပြီး တံတားပေါ်ဖြတ်သန်းမောင်းနှင်သွားလာသည့် မော်တော်ယာဉ်နှင့် မော် တော်ဆိုင်ကယ်စီးနင်းသူများကို ယာဉ် အန္တရာယ်ကင်းဝေးစွာ မောင်းနှင်သွားလာနိုင်ရေး ယာဉ်စည်းဆိုင်ရာ ပညာပေးစတေကာကပ်ခြင်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

"မူလတံတားက ဘေလီတံတားပဲဖြစ်လို့ (၁၆)တန်ပဲ ဖြတ်သန်းခွင့်ပြုနိုင်ခဲ့တယ်။ အခု တံတားအသစ်က ယာဉ်တစ်စီးချင်း တန်ချိန် (၆၀) ဖြတ်သန်းခွင့်ပြုနိုင်မှာဖြစ်လို့ ကုန်ကားကြီးတွေ အရင်လို ကုန်တွေကို ကဲ့ပြီးသယ်ဖို့ မလိုတော့ဘူး။ ယာဉ်ကြောအနေနဲ့ အရင်က တစ်လမ်းသွားပဲဆိုတော့ တစ်ဘက်ကူးပြီးမှ တစ်ဘက်ကကူးရတယ်။ အခုက နှစ်လမ်းသွားဆိုတော့ စောင့်ဆိုင်းစရာ မလိုတော့ဘူး။ ကုန်စည်စီးဆင်းမှုအနေနဲ့လည်း ပိုပွင့်သွားမှာဖြစ်ပါတယ်။” ဟု တံတားအထူးအဖွဲ့(၅)ဆိပ်ဖြူ မှ ဒုတိယညွှန်ကြားရေးမှူး ဦးညီညီဇော် က တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၁၉)ရက်နေ့တွင် ပြောသည်။

အဆိုပါ မုန်းချောင်းတံတား(ပွင့်ဖြူ)ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားအထူးအဖွဲ့(၅)ဆိပ်ဖြူက ၂၀၁၇ ခုနှစ်၊ မေ (၂၁) ရက်နေ့မှ စတင်ကာ တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တံတားအမျိုးအစားမှာ 1.2m Bored Pile အုတ်မြစ်၊ PC Girder သံကူကွန်ကရစ်ကြမ်းခင်း နှင့် လက်ရန်း အမျိုးအစားဖြစ်ကာ တံတား အရှည် ပေ (၁,၃၀၀)၊ ယာဉ်သွားလမ်းအကျယ် (၂၄) ပေ နှင့် လမ်းဘေး(ဝဲ/ယာ) လူသွားလမ်း အကျယ် (၃) ပေ ထည့်သွင်း တည်ဆောက်ထားကြောင်းသိရပြီး ဧရာဝတီမြစ်အနောက်ခြမ်းဒေသ မင်းဘူး-ပွင့်ဖြူ-စလင်း- ဆင်ဖြူကျွန်း- တညောင်ဒေသ နှင့် ဆိပ်ဖြူမြို့တို့ကိုဖြတ်ကာ ဧရာဝတီမြစ်အရှေ့ ဘက်ခြမ်း ချောက်မြို့မှတစ်ဆင့် မန္တလေးတိုင်း ကျောက်ပန်းတောင်း - ညောင်ဦးလမ်းများအတိုင်း ကုန်စည်စီးဆင်းမှုကို ချောမွေ့စေရန် များစွာ အထောက်အပံ့ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - တင်နွယ်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net