ပြင့္ျဖဴၿမိဳ႕နယ္ မုရိုးကုန္းေက်းရြာတြင္ ေျမအက္ကဲြေၾကာင္းမ်ားျဖစ္ေပၚ ေနမႈကို ဘူမိေဗဒပညာရွင္မ်ားက စစ္ေဆးထားၿပီး စိုးရိမ္ဖြယ္မရိွဟုဆို

ပြင့္ျဖဴၿမိဳ႕နယ္ မုရိုးကုန္းေက်းရြာတြင္ ေျမအက္ကဲြေၾကာင္းမ်ားျဖစ္ေပၚ ေနမႈကို ဘူမိေဗဒပညာရွင္မ်ားက စစ္ေဆးထားၿပီး စိုးရိမ္ဖြယ္မရိွဟုဆို
ဇွန် 6, 2019
By Tachileik News Agency

မေကြးတုိင္းေဒသႀကီး၊ ပြင့္ျဖဴၿမိဳ႕နယ္ မုရိုးကုန္းေက်းရြာ၌ ၂၀၁၉ ခုႏွစ္၊ ဇြန္လ(၂)ရက္ေန႔က ျဖစ္ေပၚလာသည့္ ေျမအက္ကဲြေၾကာင္းႀကီးမ်ားကို ဘူမိေဗဒပညာရွင္မ်ား ပါဝင္သည့္အဖြဲ႕ျဖင့္ စစ္ေဆးခ်က္အရ ရာသီဥတုပူျပင္းလြန္း၍ ေျမအက္ေၾကာင္းျဖစ္ျခင္းသာျဖစ္ၿပီး ေနအိမ္မ်ား ကၽြံက်သြားႏုိင္သည့္အေျခအေန မရိွေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ အခု မုရိုးကုန္းရြာမွာ ေရာက္ေနပါၿပီ။ ကၽြန္ေတာ္တို႔နဲ႔ အတူ ဘူမိေဗဒပညာရွင္လည္း ပါတယ္။ ဆည္ေျမာင္းကလည္း ပါတယ္။ ေနာက္ဌာနဆိုင္ရာ ခရိုင္အဆင့္ ၿမိဳ႕နယ္အဆင့္ေတြ ပါပါတယ္။ အက္ကဲြေၾကာင္းေတြက ေနအရမ္းျပင္လြန္းေနတာကေန ရုတ္တရက္ မိုးရြာခ်လိုက္လို႔ ျဖစ္ေပၚလာတာပါ။ ျပန္ပိတ္တာေတြလည္း ပိတ္သြားပါၿပီ။ အိမ္လံုးႀကီးကၽြံက်သြားေလာက္ေအာင္ေတာ့ မျဖစ္ႏုိင္ပါဘူးလို႔ ဘူမိေဗဒပညာရွင္ေတြက ေျပာပါတယ္။ ဒါေၾကာင့္ အဲဒီေနအိမ္ေတြက ေလာေလာဆယ္ ေရႊ႕ေျပာင္းဖို႔ မလိုေသးပါဘူး” ဟု မင္းဘူးခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးစန္းေဌးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇြန္လ(၅)ရက္ေန႔က ေျပာၾကားလိုက္ျခင္း ျဖစ္သည္။

အဆိုပါ အက္ကဲြေၾကာင္းမ်ားျဖစ္ေပၚေနသည့္ ေနအိမ္မ်ားကို ေရႊ႕ေျပာင္းျခင္းျပဳရန္ မလိုအပ္ေသးေသာ္လည္း မိုးမရြာမီ ကမ္းၿပိဳမႈဒဏ္ မခံရေစရန္ ႀကိဳတင္ကာကြယ္သည့္အေနျဖင့္ ကမ္းပါးအနီးမွ ေျမေနရာ အခက္အခဲေၾကာင့္ မေရႊ႕ ေျပာင္းရေသးေသာ လူေနအိမ္မ်ားအား ေရႊ႕ေျပာင္း ေနရာခ်ထားေပးရန္ ေဆာင္ရြက္လွ်က္ရိွေနေၾကာင္း သိရသည္။

“ေျမ(၅)ဧကေရာင္းေပးမယ့္ လယ္ရွင္နဲ႔ သြားေတြ႔ေနပါၿပီ။ အဲဒီေျမေနရာရၿပီဆိုရင္ အစိုးရအဖဲြ႔ဆီတင္ျပၿပီး အစိုးရအဖဲြ႔က လိုအပ္တဲ့ ပံ့ပိုးမႈေတြရၿပီဆိုရင္ လူေနအိမ္(၄၀)ေလာက္ကို ေရႊ႕ေျပာင္းေနရာခ်ထားေပးဖို႔ လုပ္ၾကမွာပါ” မင္းဘူးခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးစန္းေဌးက ေျပာသည္။

ပြင့္ျဖဴၿမိဳ႕နယ္၊ မုရိုးကုန္းေက်းရြာမွာ မုန္းေခ်ာင္းကမ္းပါးႏွင့္ ေပ (၇၀၀) ခန္႔အကြာတြင္တည္ရိွရာ ဇြန္လ(၂)ရက္ေန႔ ညက မိုးရြာသြန္းၿပီးေနာက္ပိုင္း လူေနအိမ္ အလုံး (၂၀) ခန္႔အနီးတြင္ ေျမအက္ကဲြေၾကာင္းမ်ား ျဖစ္ေပၚလာသျဖင့္ ေဒသခံမ်ားမွာ စိုးရိမ္ပူပန္ေနၾကျခင္းျဖစ္သည္။

မုရုိးကုန္းေက်းရြာတြင္ အိမ္ေထာင္စု (၂၈၅)စု ရိွၿပီး မုိးရာသီကာလမ်ားတြင္ မုန္းေခ်ာင္းကမ္းပါးၿပိဳက်မႈ ျဖစ္ စဥ္ႏွင့္ ႏွစ္စဥ္ ရင္ဆုိင္ ႀကဳံေတြ႔ေနရျခင္းျဖစ္သည္။

သတင္း - ဖီးနစ္
ဓာတ္ပံု - Swen Yi



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မုရိုးကုန်းကျေးရွာ၌ ၂၀၁၉ ခုနှစ်၊ ဇွန်လ(၂)ရက်နေ့က ဖြစ်ပေါ်လာသည့် မြေအက်ကွဲကြောင်းကြီးများကို ဘူမိဗေဒပညာရှင်များ ပါဝင်သည့်အဖွဲ့ဖြင့် စစ်ဆေးချက်အရ ရာသီဥတုပူပြင်းလွန်း၍ မြေအက်ကြောင်းဖြစ်ခြင်းသာဖြစ်ပြီး နေအိမ်များ ကျွံကျသွားနိုင်သည့်အခြေအနေ မရှိကြောင်း သိရသည်။

“ကျွန်တော်တို့ အခု မုရိုးကုန်းရွာမှာ ရောက်နေပါပြီ။ ကျွန်တော်တို့နဲ့ အတူ ဘူမိဗေဒပညာရှင်လည်း ပါတယ်။ ဆည်မြောင်းကလည်း ပါတယ်။ နောက်ဌာနဆိုင်ရာ ခရိုင်အဆင့် မြို့နယ်အဆင့်တွေ ပါပါတယ်။ အက်ကွဲကြောင်းတွေက နေအရမ်းပြင်လွန်းနေတာကနေ ရုတ်တရက် မိုးရွာချလိုက်လို့ ဖြစ်ပေါ်လာတာပါ။ ပြန်ပိတ်တာတွေလည်း ပိတ်သွားပါပြီ။ အိမ်လုံးကြီးကျွံကျသွားလောက်အောင်တော့ မဖြစ်နိုင်ပါဘူးလို့ ဘူမိဗေဒပညာရှင်တွေက ပြောပါတယ်။ ဒါကြောင့် အဲဒီနေအိမ်တွေက လောလောဆယ် ရွှေ့ပြောင်းဖို့ မလိုသေးပါဘူး” ဟု မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၅)ရက်နေ့က ပြောကြားလိုက်ခြင်း ဖြစ်သည်။

အဆိုပါ အက်ကွဲကြောင်းများဖြစ်ပေါ်နေသည့် နေအိမ်များကို ရွှေ့ပြောင်းခြင်းပြုရန် မလိုအပ်သေးသော်လည်း မိုးမရွာမီ ကမ်းပြိုမှုဒဏ် မခံရစေရန် ကြိုတင်ကာကွယ်သည့်အနဖြေင့် ကမ်းပါးအနီးမှ မြေနေရာ အခက်အခဲကြောင့် မရွှေ့ ပြောင်းရသေးသော လူနေအိမ်များအား ရွှေ့ပြောင်း နေရာချထားပေးရန် ဆောင်ရွက်လျှက်ရှိနေကြောင်း သိရသည်။

“မြေ(၅)ဧကရောင်းပေးမယ့် လယ်ရှင်နဲ့ သွားတွေ့နေပါပြီ။ အဲဒီမြေနေရာရပြီဆိုရင် အစိုးရအဖွဲ့ဆီတင်ပြပြီး အစိုးရအဖွဲ့က လိုအပ်တဲ့ ပံ့ပိုးမှုတွေရပြီဆိုရင် လူနေအိမ်(၄၀)လောက်ကို ရွှေ့ပြောင်းနေရာချထားပေးဖို့ လုပ်ကြမှာပါ” မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက ပြောသည်။

ပွင့်ဖြူမြို့နယ်၊ မုရိုးကုန်းကျေးရွာမှာ မုန်းချောင်းကမ်းပါးနှင့် ပေ (၇၀၀) ခန့်အကွာတွင်တည်ရှိရာ ဇွန်လ(၂)ရက်နေ့ ညက မိုးရွာသွန်းပြီးနောက်ပိုင်း လူနေအိမ် အလုံး (၂၀) ခန့်အနီးတွင် မြေအက်ကွဲကြောင်းများ ဖြစ်ပေါ်လာသဖြင့် ဒေသခံများမှာ စိုးရိမ်ပူပန်နကြခြေင်းဖြစ်သည်။

မုရိုးကုန်းကျေးရွာတွင် အိမ်ထောင်စု (၂၈၅)စု ရှိပြီး မိုးရာသီကာလများတွင် မုန်းချောင်းကမ်းပါးပြိုကျမှု ဖြစ် စဉ်နှင့် နှစ်စဉ် ရင်ဆိုင် ကြုံတွေ့နေရခြင်းဖြစ်သည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - Swen Yi

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net