
ဇှနျ 1, 2019
By 🌸


Tachileik News Agency
Photo: မီးသတ်တပ်ဖွဲ့

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထန်းသီးတက်ခူးသည့်အမျိုးသား ထန်းပင်ပေါ်ကမဆင်းရဲသဖြင့် မီးသတ်တပ်ဖွဲ့က သွားရောက်ကူညီပေးရ
***********
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် အမျိုးသားတစ်ဦး ထန်းပင်တက်၍ ထန်းသီးခူးရာမှ ပြန်မဆင်းရဲတော့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်အင်အား (၁၀)ဦးဖြင့် သွားရောက်ကူညီပေးရကြောင်း သိရသည်။

မအူအောက်ဆိပ်ကျေးရွာမှ အမျိုးသားတစ်ဦး ထန်းပင်ပေါ်မှ မဆင်းရဲသဖြင့် ကူညီပေးရန် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁)ရက်နေ့ နံနက် (၇)နာရီခွဲဝန်းကျင်တွင် မီးသတ်တပ်ဖွဲ့ထံအကြောင်းကြားသဖြင့် မအူနယ်မြေမီးသတ်စခန်းမှ သန္ဓေတပ်ဖွဲ့ဝင်(၅)ဦး၊ အရန်တပ်ဖွဲ့ဝင်(၅)ဦးတို့ဖြင့် သွားရောက်ကူညီခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Photo: မီးသတ်တပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net