နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ငွေကြေးစီမံခန့်ခွဲမှုကို လာမည့်ဘဏ္ဍာနှစ်တွင် စတင်ပြောင်းလဲမည်

နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ငွေကြေးစီမံခန့်ခွဲမှုကို လာမည့်ဘဏ္ဍာနှစ်တွင် စတင်ပြောင်းလဲမည်
ဇှနျ 18, 2019
By Tachileik News Agency




၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ဆွေးနွေးအတည်ပြုကြရန် ကျင်းပသည့် ဘဏ္ဍာရေးကော်မရှင် (၃/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၇)ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးသို့ ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဘဏ္ဍာရေး ကော်မရှင်ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယသမ္မတဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများ၏ ငွေကြေးစီမံခန့်ခွဲမှုကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစပြီး နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများကို (UFA – SEE) Account တစ်ခုတည်းနှင့်သာ ပြောင်းလဲဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ယခင်က ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေစာရင်း SEE Account ( UFA – SEE)နှင့် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေစာရင်း Other Account (UFA – OA) ဖြင့် ဆောင်ရွက်နေရာမှ အကောင့်တစ်ခုတည်းဖြင့်သာဆောင်ရွက်ရန် ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအဖွဲ့အစည်းများ၏ ကုန်သွယ်မှု (အရှုံး /အမြတ်) စာရင်းအရ အမြတ်ရရှိပါက ဝင်ငွေခွန်ပေးဆောင်ရန်နှင့် ကျန်ရှိသည့် အမြတ်ငွေ အားလုံးကို နိုင်ငံတော်သို့ ထည့်ဝင်ငွေအဖြစ် ထည့်ဝင်ရန် ပြောင်းလဲသတ်မှတ်ထားကာ UFA(OA) စာရင်းများကို စာရင်းစစ်ဆေးပြီးနောက် စနစ်တကျ ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒကြေမ်းတို့ကို ဆွေးနွေးအတည်ပြုကြရန် ကျင်းပသည့် ဘဏ္ဍာရေးကော်မရှင် (၃/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၇)ရက်နေ့တွင် နပြေည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအေဝးခန်းမ၌ ကျင်းပခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးသို့ ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဘဏ္ဍာရေး ကော်မရှင်ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယသမ္မတဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း၊ နပြေည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - နိုင်ငံတော်သမ္မတရုံး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net