ရန္ကုန္ - မေကြး - ရန္ကုန္ ခရီးစဥ္ကို ႏုိင္ငံပိုင္ေလေၾကာင္းလုိင္းျဖစ္သည့္ MNA က ဇြန္လ (၂၅)ရက္ေန႔မွစ၍ ပ်ံသန္းမည္

ရန္ကုန္ - မေကြး - ရန္ကုန္ ခရီးစဥ္ကို ႏုိင္ငံပိုင္ေလေၾကာင္းလုိင္းျဖစ္သည့္ MNA က ဇြန္လ (၂၅)ရက္ေန႔မွစ၍ ပ်ံသန္းမည္
ဇွန် 1, 2019
By 🌸
ေလယာဥ္ခရီးစဥ္မ်ားကို (၁၃)ႏွစ္ၾကာရပ္ဆိုင္းထားရသည့္ မေကြးေလဆိပ္တြင္ ႏုိင္ငံပိုင္ေလေၾကာင္းလုိင္းျဖစ္သည့္ ျမန္မာအမ်ိဳးသားေလေၾကာင္းက ၂၀၁၉ခုႏွစ္၊ ဇြန္လ (၂၅)ရက္ေန ့မွစ၍ မေကြး - ရန္ကုန္ခရီးစဥ္သစ္ကို အပတ္စဥ္ အဂါၤေန ့ႏွင့္ စေနေန ့မ်ားတြင္ ပ်ံသန္းေျပးဆြဲသြားေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

ျပည္ေထာင္စုအစိုးရအဖြဲ႕ရံုးသို႔ မေကြးတုိင္းေဒသႀကီးအစိုးရအဖြဲ႕က တင္ျပသျဖင့္ ျမန္မာအမ်ိဳးသားေလေၾကာင္းလုိင္းက ATR 72-600 ေလယာဥ္မ်ားျဖင့္ ခရီးစဥ္ျပန္လည္ေျပးဆြဲေပးျခင္းျဖစ္သည္။

ေလေၾကာင္းလုိင္းမ်ားအေနျဖင့္ မေကြးခရီးစဥ္မ်ားမွာ ကုန္က်စရိတ္ႏွင့္ ဝင္ေငြမကာမိသျဖင့္ ခရီးစဥ္မ်ား ရပ္ဆုိင္းလုိက္ျခင္းျဖစ္ရာ ႏုိင္ငံပိုင္ေလေၾကာင္းလုိင္းက ခရီးစဥ္ျပန္လည္ေျပးဆြဲေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

မေကြးေလယာဥ္ကြင္း ေလယာဥ္(၆)စီး  တစ္ၿပိဳင္တည္း အဆင္းအတက္ ျပဳလုပ္ႏိုင္ၿပီး ညအခ်ိန္တြင္ပါ ေလယာဥ္အတက္အဆင္းျပဳလုပ္ႏုိင္သည့္ေလဆိပ္ျဖစ္ေၾကာင္း ေလေၾကာင္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနထံမွ သိရသည္။

မေကြးေလဆိပ္အေဆာက္အဦသစ္ကို ၂၀၀၃ ခုႏွစ္၊ ဇြန္လ(၆) ရက္ေန႔တြင္ စတင္ဖြင့္လွစ္ခဲ႔ကာ ေလေၾကာင္းခရီးစဥ္မ်ား ေျပးဆြဲခဲ့ၿပီးေနာက္ ၂၀၀၆ ခုႏွစ္ေနာက္ပိုင္းမွစ၍ ေလေၾကာင္းေျပးဆြဲျခင္းကို ရပ္ဆုိင္းထားခဲ့ျခင္းျဖစ္သည္။

Tachileik News Agency
Photo: MNA

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရန်ကုန် - မကွေး - ရန်ကုန် ခရီးစဉ်ကို နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သည့် MNA က ဇွန်လ (၂၅)ရက်နေ့မှစ၍ ပျံသန်းမည်
************
လေယာဉ်ခရီးစဉ်များကို (၁၃)နှစ်ကြာရပ်ဆိုင်းထားရသည့် မကွေးလေဆိပ်တွင် နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သည့် မြန်မာအမျိုးသားလေကြောင်းက ၂၀၁၉ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ ့မှစ၍ မကွေး - ရန်ကုန်ခရီးစဉ်သစ်ကို အပတ်စဉ် အဂါင်္နေ ့နှင့် စနေနေ ့များတွင် ပျံသန်းပြေးဆွဲသွားတော့မည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က တင်ပြသဖြင့် မြန်မာအမျိုးသားလေကြောင်းလိုင်းက ATR 72-600 လေယာဉ်များဖြင့် ခရီးစဉ်ပြန်လည်ပြေးဆွဲပေးခြင်းဖြစ်သည်။

လေကြောင်းလိုင်းများအနေဖြင့် မကွေးခရီးစဉ်များမှာ ကုန်ကျစရိတ်နှင့် ဝင်ငွေမကာမိသဖြင့် ခရီးစဉ်များ ရပ်ဆိုင်းလိုက်ခြင်းဖြစ်ရာ နိုင်ငံပိုင်လေကြောင်းလိုင်းက ခရီးစဉ်ပြန်လည်ပြေးဆွဲပေးနေခြင်းဖြစ်ကြောင်း သိရသည်။

မကွေးလေယာဉ်ကွင်း လေယာဉ်(၆)စီး  တစ်ပြိုင်တည်း အဆင်းအတက် ပြုလုပ်နိုင်ပြီး ညအချိန်တွင်ပါ လေယာဉ်အတက်အဆင်းပြုလုပ်နိုင်သည့်လေဆိပ်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

မကွေးလေဆိပ်အဆောက်အဦသစ်ကို ၂၀၀၃ ခုနှစ်၊ ဇွန်လ(၆) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကာ လေကြောင်းခရီးစဉ်များ ပြေးဆွဲခဲ့ပြီးနောက် ၂၀၀၆ ခုနှစ်နောက်ပိုင်းမှစ၍ လေကြောင်းပြေးဆွဲခြင်းကို ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
Photo: MNA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net