ထိုင္းႏုိင္ငံေရာက္ ျမန္မာလုပ္သားမ်ားကို ၿခိမ္းေျခာက္ေငြညႇစ္ေတာင္းခံေနသည့္ ျမန္မာအဖြဲ႕ကိုဖမ္းဆီးရမိၿပီး တစ္ဦးလြတ္ေျမာက္

ထိုင္းႏုိင္ငံေရာက္ ျမန္မာလုပ္သားမ်ားကို ၿခိမ္းေျခာက္ေငြညႇစ္ေတာင္းခံေနသည့္ ျမန္မာအဖြဲ႕ကိုဖမ္းဆီးရမိၿပီး တစ္ဦးလြတ္ေျမာက္
ဇွန် 20, 2019
By 🌸
ထုိင္းႏိုင္ငံတြင္းမွ ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ားကို ၿခိမ္းေျခာက္ေငြညႇစ္ေတာင္းခံေနသည့္ ျမန္မာအဖြဲ႕မွေခါင္းေဆာင္တစ္ဦးႏွင့္ အေပါင္းအပါမ်ားကို ထုိင္းႏိုင္ငံ၊ ဘန္ေကာက္ ပတ္တူနမ္ေဒသရိွ အေဆာက္အဦတစ္လံုးတြင္ ရဲတပ္ဖြဲ႕က ဝင္ေရာက္စီးနင္းဖမ္းဆီးလုိက္ေၾကာင္း သိရသည္။

ျပည္တြင္းလံုၿခံဳေရးစီမံခ်က္မွ သက္ဆုိင္ရာအရာရိွမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၁၈)ရက္ေန႔က ဝင္ေရာက္ဖမ္းဆီးမႈအတြင္း ျမန္မာလုပ္သားမ်ားထံမွ ေငြညႇစ္ေတာင္းခံေနသည့္ ေခါင္းေဆာင္ႏွစ္ဦးျဖစ္သည့္ ျမန္မာႏုိင္ငံသား အန္းကူႏွင့္ ဆန္းေဂ်တုိ႔ကို အဓိကထားရွာေဖြဖမ္းဆီးျခင္းျဖစ္ေသာ္လည္း ဆန္းေဂ်က ဇြန္လ (၁၇)ရက္ေန႔က ျမန္မာႏိုင္ငံသို႔ ျပန္သြားသျဖင့္ အန္းကူႏွင့္ အေပါင္းအပါမ်ားကိုသာ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ၿခိမ္းေျခာက္ေငြညႇစ္ေတာင္းခံသည့္အဖြဲ႕က ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ားအား ကာကြယ္ေစာင့္ေရွာက္ခအျဖစ္ လစဥ္ေၾကး ဘတ္ (၄၇၀၀)ေတာင္းခံေလ့ရိွၿပီး တရားဝင္အလုပ္လုပ္ကိုင္သူ ျမန္မာလုပ္သား (၂၀)ခန္႔မွာလည္း အဆုိပါအဖြဲ႕၏ ၿခိမ္းေျခာက္ေငြေတာင္းခံမႈမ်ားကို ေပးေဆာင္ခဲ့ၾကရေၾကာင္း သိရသည္။

လက္ရိွတြင္ လြတ္ေျမာက္သြားသည့္ ဆန္းေဂ်ဆိုသူက ထုိင္းခရီးသြားရဲတပ္ဖြဲ႕အမွတ္တံဆိပ္ပါသည့္ တီရွပ္ဝတ္ဆင္ေလ့ရိွၿပီး ၎ကခရီးသြားရဲတပ္ဖြဲ႕အတြက္ အလုပ္လုပ္ေပးေနသူဟု ေျပာဆိုေလ့ရိွေၾကာင္း သိရသည္။

၎တို႔အဖြဲ႕အား လစဥ္ေၾကးမေပးပါက ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ား အလုပ္ရွင္ေျပာင္းေရႊ႕ျခင္း၊ အေထာက္အထားမျပည့္စံုျခင္းမ်ားကို ရဲတပ္ဖဲြ႕ထံ သတင္းေပးမည္ဟု ၿခိမ္းေျခာက္ေလ့ရိွေၾကာင္း သိရသည္။

လက္ရိွဖမ္းဆီးရမိထားသူမ်ားကို ရဲတပ္ဖြဲ႕က စစ္ေဆးေနၿပီး စံုစမ္းေဖၚထုတ္မႈမ်ား ဆက္လက္လုပ္ေဆာင္ေနေၾကာင္း သိရသည္။

Tachileik News Agency
Ref: Bangkok Post

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများကို ခြိမ်းခြောက်ငွေညှစ်တောင်းခံနေသည့် မြန်မာအဖွဲ့ကိုဖမ်းဆီးရမိပြီး တစ်ဦးလွတ်မြောက်
************
ထိုင်းနိုင်ငံတွင်းမှ မြန်မာရွှေ့ပြောင်းလုပ်သားများကို ခြိမ်းခြောက်ငွေညှစ်တောင်းခံနေသည့် မြန်မာအဖွဲ့မှခေါင်းဆောင်တစ်ဦးနှင့် အပေါင်းအပါများကို ထိုင်းနိုင်ငံ၊ ဘန်ကောက် ပတ်တူနမ်ဒေသရှိ အဆောက်အဦတစ်လုံးတွင် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းဖမ်းဆီးလိုက်ကြောင်း သိရသည်။

ပြည်တွင်းလုံခြုံရေးစီမံချက်မှ သက်ဆိုင်ရာအရာရှိများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၈)ရက်နေ့က ဝင်ရောက်ဖမ်းဆီးမှုအတွင်း မြန်မာလုပ်သားများထံမှ ငွေညှစ်တောင်းခံနေသည့် ခေါင်းဆောင်နှစ်ဦးဖြစ်သည့် မြန်မာနိုင်ငံသား အန်းကူနှင့် ဆန်းဂျေတို့ကို အဓိကထားရှာဖွေဖမ်းဆီးခြင်းဖြစ်သော်လည်း ဆန်းဂျေက ဇွန်လ (၁၇)ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်သွားသဖြင့် အန်းကူနှင့် အပေါင်းအပါများကိုသာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ခြိမ်းခြောက်ငွေညှစ်တောင်းခံသည့်အဖွဲ့က ရွှေ့ပြောင်းမြန်မာလုပ်သားများအား ကာကွယ်စောင့်ရှောက်ခအဖြစ် လစဉ်ကြေး ဘတ် (၄၇၀၀)တောင်းခံလေ့ရှိပြီး တရားဝင်အလုပ်လုပ်ကိုင်သူ မြန်မာလုပ်သား (၂၀)ခန့်မှာလည်း အဆိုပါအဖွဲ့၏ ခြိမ်းခြောက်ငွေတောင်းခံမှုများကို ပေးဆောင်ခဲ့ကြရကြောင်း သိရသည်။

လက်ရှိတွင် လွတ်မြောက်သွားသည့် ဆန်းဂျေဆိုသူက ထိုင်းခရီးသွားရဲတပ်ဖွဲ့အမှတ်တံဆိပ်ပါသည့် တီရှပ်ဝတ်ဆင်လေ့ရှိပြီး ၎င်းကခရီးသွားရဲတပ်ဖွဲ့အတွက် အလုပ်လုပ်ပေးနေသူဟု ပြောဆိုလေ့ရှိကြောင်း သိရသည်။

၎င်းတို့အဖွဲ့အား လစဉ်ကြေးမပေးပါက မြန်မာရွှေ့ပြောင်းလုပ်သားများ အလုပ်ရှင်ပြောင်းရွှေ့ခြင်း၊ အထောက်အထားမပြည့်စုံခြင်းများကို ရဲတပ်ဖွဲ့ထံ သတင်းပေးမည်ဟု ခြိမ်းခြောက်လေ့ရှိကြောင်း သိရသည်။

လက်ရှိဖမ်းဆီးရမိထားသူများကို ရဲတပ်ဖွဲ့က စစ်ဆေးနေပြီး စုံစမ်းဖေါ်ထုတ်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

Tachileik News Agency
Ref: Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net