Miss Runway Model Universe 2019 ၿပိဳင္ပြဲတြင္ ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ ဆု (၄) ဆုရရိွ

Miss Runway Model Universe 2019 ၿပိဳင္ပြဲတြင္ ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ ဆု (၄) ဆုရရိွ
ဇွန် 5, 2019
By 🌸
ရန္ကုန္ၿမိဳ႕တြင္က်င္းပသည့္ Miss Runway Model Universe 2019 ၿပိဳင္ပြဲတြင္ ဆု(၈)ဆုခ်ီးျမႇင့္သည့္အနက္ ရွမ္းျပည္နယ္အေရွ႕ပိုင္း ကိုယ္စားျပဳၿပိဳင္ပြဲဝင္မ်ားက ဆု(၄)ဆုရရိွေၾကာင္းသိရသည္။

Miss Runway Model Universe 2019 ၿပိဳင္ပြဲတြင္ Mister Runway model universe 2019 WINNER ကို တာခ်ီလိတ္ကိုယ္စားျပဳ စိုင္းထက္၊ Miss Runway model universe 2019 WINNER ကို တာခ်ီလိတ္ကိုယ္စားျပဳ နန္းယဥ္ယဥ္၊ Upper myanmar winner ကို မိုင္းျဖတ္ကိုယ္စားျပဳ နန္ဆီဝန္းလင္း၊ Lower Myanmar winner ကို က်ိဳင္းတံုကိုယ္စားျပဳ နန္းရတနာတို႔က ရရိွခဲ့ျခင္းျဖစ္သည္။

"တာခ်ီလိတ္က ေယာက်ၤားေလးတစ္ေယာက္၊ မိန္းကေလးတစ္ေယာက္က ျမန္မာႏိုင္ငံကိုယ္စားျပဳရတာ။ က်ိဳင္းတံုနဲ႔ မိုင္းျဖတ္နဲ႔က Upper myanmar နဲ႔ Lower Myanmar ရတယ္။ ျမန္မာႏိုင္ငံ ကိုယ္စားျပဳရတဲ့သူေတြက (၈) လပိုင္း (၈) ရက္ေန႔မွာ ျမန္မာႏိုင္ငံက စထြက္ရမယ္ဗ်။ ဖိလစ္ပိုင္မွာ သြားၿပိဳင္ရမယ္။ ႏိုင္ငံေပါင္းစံုက မိန္းကေလးေပါင္း အေယာက္ (၇၀) ေက်ာ္ဝင္ေရာက္ယွဥ္ၿပိဳင္မွာေပါ့"ဟု Runway Model Universe မွ National Director ဦးေအာင္စည္သူက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

 ရန္ကုန္ၿမိဳ႕၊ ရန္ကင္းၿမိဳ႕နယ္ ဆရာစံလမ္းမေပၚရိွ CBC Ballroom တြင္ ၂၀၁၉ ခုနွစ္ ဇြန္လ (၂) ရက္ေန႔က က်င္းပသည့္ၿပိဳင္ပြဲသို႔ု႔ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ မတ္လ (၂၄) ရက္ေန႔ကက်င္းပခဲ့သည့္ Miss Runway Model Universe Tachileik 2019 မွ ေရြးခ်ယ္ခဲ့သူမ်ား ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္တြင္က်င္းပသည့္ ၿပိဳင္ပြဲတြင္ ၿပိဳင္ပြဲဝင္ (၁၅)ေယာက္ရိွသည့္အနက္ မိုင္းျဖတ္၊ မိုင္းဆတ္၊ မိုင္းေယာင္း၊ က်ိဳင္းတံု၊ တာခ်ီလိတ္၊ Golden Triangle ဆုမ်ားအတြက္ (၆)ေယာက္ကို ေရြးခ်ယ္ခဲ့ျခင္းျဖစ္သည္။

သတင္း #ဟန္စိုးထုိက္
ဓါတ္ပံု - Miss Runway Model Universe 2019

~~~~~~~~⊰❂ Unicode Version ~~~~~~~~
Miss Runway Model Universe 2019 ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ဆု (၄) ဆုရရှိ
**************
ရန်ကုန်မြို့တွင်ကျင်းပသည့် Miss Runway Model Universe 2019 ပြိုင်ပွဲတွင် ဆု(၈)ဆုချီးမြှင့်သည့်အနက် ရှမ်းပြည်နယ်အရှေ့ပိုင်း ကိုယ်စားပြုပြိုင်ပွဲဝင်များက ဆု(၄)ဆုရရှိကြောင်းသိရသည်။

Miss Runway Model Universe 2019 ပြိုင်ပွဲတွင် Mister Runway model universe 2019 WINNER ကို တာချီလိတ်ကိုယ်စားပြု စိုင်းထက်၊ Miss Runway model universe 2019 WINNER ကို တာချီလိတ်ကိုယ်စားပြု နန်းယဉ်ယဉ်၊ Upper myanmar winner ကို မိုင်းဖြတ်ကိုယ်စားပြု နန်ဆီဝန်းလင်း၊ Lower Myanmar winner ကို ကျိုင်းတုံကိုယ်စားပြု နန်းရတနာတို့က ရရှိခဲ့ခြင်းဖြစ်သည်။

"တာချီလိတ်က ယောကျင်္ားလေးတစ်ယောက်၊ မိန်းကလေးတစ်ယောက်က မြန်မာနိုင်ငံကိုယ်စားပြုရတာ။ ကျိုင်းတုံနဲ့ မိုင်းဖြတ်နဲ့က Upper myanmar နဲ့ Lower Myanmar ရတယ်။ မြန်မာနိုင်ငံ ကိုယ်စားပြုရတဲ့သူတွေက (၈) လပိုင်း (၈) ရက်နေ့မှာ မြန်မာနိုင်ငံက စထွက်ရမယ်ဗျ။ ဖိလစ်ပိုင်မှာ သွားပြိုင်ရမယ်။ နိုင်ငံပေါင်းစုံက မိန်းကလေးပေါင်း အယောက် (၇၀) ကျော်ဝင်ရောက်ယှဉ်ပြိုင်မှာပေါ့"ဟု Runway Model Universe မှ National Director ဦးအောင်စည်သူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် ဆရာစံလမ်းမပေါ်ရှိ CBC Ballroom တွင် ၂၀၁၉ ခုနှစ် ဇွန်လ (၂) ရက်နေ့က ကျင်းပသည့်ပြိုင်ပွဲသို့ု့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မတ်လ (၂၄) ရက်နေ့ကကျင်းပခဲ့သည့် Miss Runway Model Universe Tachileik 2019 မှ ရွေးချယ်ခဲ့သူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်တွင်ကျင်းပသည့် ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် (၁၅)ယောက်ရှိသည့်အနက် မိုင်းဖြတ်၊ မိုင်းဆတ်၊ မိုင်းယောင်း၊ ကျိုင်းတုံ၊ တာချီလိတ်၊ Golden Triangle ဆုများအတွက် (၆)ယောက်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ - Miss Runway Model Universe 2019

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net