MNA က ရန္ကုန္ - မေကြး - စစ္ေတြ (သို႔) အမ္းခရီးစဥ္ကို ဇြန္လ (၂၅)ရက္ေန႔မွစ၍ ပ်ံသန္းေျပးဆြဲမည္

MNA က ရန္ကုန္ - မေကြး - စစ္ေတြ (သို႔) အမ္းခရီးစဥ္ကို ဇြန္လ (၂၅)ရက္ေန႔မွစ၍ ပ်ံသန္းေျပးဆြဲမည္
ဇွန် 4, 2019
By 🌸
မေကြးတိုင္းေဒသႀကီး၊ မေကြးၿမိဳ႕ရိွေလဆိပ္မွ ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၂၅)ရက္ေန႔တြင္စ၍ ျပန္လည္ပ်ံသန္းမည့္ ရန္ကုန္- မေကြးခရီးစဥ္ကို ရန္ကုန္ - မေကြး - စစ္ေတြ (သို႔) အမ္းခရီးစဥ္အျဖစ္ ျမန္မာအမ်ိဳးသားေလေၾကာင္း(MNA)က တိုးခ်ဲ႕ပ်ံသန္းသြားမည္ျဖစ္ေၾကာင္း သိရသည္။

 “MNA ေလေၾကာင္းဦးစီးက စီအီးအို ကပၸတိန္ ဦးသန္းထြန္းနဲ႔ သြားညိွႏိွဳင္းတဲ့အခါ စစ္ေတြ-ရန္ကုန္ လမ္းေၾကာင္းရိွေနေတာ့ စစ္ေတြ(သို႔)အမ္း-မေကြး-ရန္ကုန္ လမ္းေၾကာင္းဆဲြလိုက္ပါတယ္။ အမ္းမွာ ဆင္းေန တာက အဂၤါနဲ႔စေန (၂)ရက္ဆင္းေနတာျဖစ္လို႔ အဲဒါနဲ႔ခ်ိတ္ၿပီးေတာ့ မေကြးမွာလည္း အဂၤါနဲ႔ စေန (၂)ရက္ ပဲ ဆင္းမွာပါ။ အစက Caravan အမ်ိဳးအစား (၁၂)ေယာက္စီးေလးနဲ႔ ဆင္းမယ္လို႔ စီစဥ္ခဲ့တာေပမဲ့ မေကြး နဲ႔ရန္ကုန္က  (၁) နာရီေလာက္ေမာင္းရတာမို႔ ATR-72 နဲ႔ ပဲ ဆင္းေပးမယ္လို႔ ဆံုးျဖတ္ခ်က္ခ်ခဲ့ၾကတာပါ”ဟု  ျမန္မာႏိုင္ငံ ဆိုင္ရာ ဟိုတယ္လုပ္ငန္းရွင္မ်ားအသင္း (မေကြးဇံု)ဥကၠဌ ဦးစံေထြး က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မေကြးေလဆိပ္တြင္ (၁၃)ႏွစ္ၾကာရပ္ဆိုင္းထားခဲ့သည့္ ေလေၾကာင္းခရီးစဥ္မ်ား ျပန္လည္ေျပးဆြဲေပးရန္ မေကြးတုိင္းေဒသႀကီးအစိုးရအဖြဲ႕က ျပည္ေထာင္စုအစိုးရအဖြဲ႕ထံ တင္ျပခဲ့သျဖင့္ ႏုိင္ငံပိုင္ေလေၾကာင္းလုိင္းျဖစ္သည့္ ျမန္မာအမ်ိဳးသားေလေၾကာင္း(MNA)က အပတ္စဥ္ အဂါၤေန႔ႏွင့္ စေနေန႔မ်ားတြင္ ပ်ံသန္းေျပးဆြဲေပးျခင္းျဖစ္ေၾကာင္း သိရသည္။

 “မေကြးၿမိဳ႕မွာ ေလေၾကာင္းလိုင္း ျပန္လည္ပြင့္လာမယ္ဆိုရင္ အခ်ိန္ခ်ဳံ႕ၿပီး သြားလာေနၾကရတဲ့ ႏိုင္ငံျခား ခရီးသြားေတြအေနနဲ႔ မေကြးတိုင္းကိုလာဖို႔ အဆင္ေျပသြားမယ္။ Tour ကုမၸဏီအစီအစဥ္နဲ႔ ခရီးစဥ္ဆဲြၿပီး သြားလာၾကတဲ့ ႏိုင္ငံျခားခရီးသြားမ်ားသာမက မိမိအစီအစဥ္နဲ႔မိမိ လြတ္လပ္စြာသြားလာေနၾကတဲ့ ႏိုင္ငံျခား သားခရီးသြားေတြလည္း ေလေၾကာင္းလိုင္းနဲ႔ ဝင္ေရာက္လာႏိုင္ေတာ့မွာျဖစ္လို႔ တိုင္းေဒသႀကီးအတြင္း ႏိုင္ငံျခားသားဝင္ေရာက္မႈ တိုးျမင့္လာႏိုင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္”ဟု ဟိုတယ္ႏွင္႔ခရီးသြားညႊန္ၾကားမႈ ဦးစီးဌာန ၊ မေကြးတိုင္းတာ၀န္ခံ ဒုတိယညႊန္ၾကားေရးမွဴး ဦးျမင္႔စိန္က ေျပာသည္။

မေကြးေလယာဥ္ကြင္းမွာ ေလယာဥ္(၆)စီးတစ္ၿပိဳင္တည္း အဆင္းအတက္ျပဳလုပ္ႏိုင္သည့္အျပင္ ညအခ်ိန္တြင္ပါ ေလယာဥ္အဆင္း၊အတက္ျပဳလုပ္ႏုိင္ၿပီး ၂၀၀၃ ခုႏွစ္မွ ၂၀၀၆ ခုႏွစ္အထိ ေလေၾကာင္းခရီးမ်ား ပ်ံသန္းေျပးဆြဲေပးခဲ့ျခင္းျဖစ္သည္။

သတင္း၊ဓာတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
MNA က ရန်ကုန် - မကွေး - စစ်တွေ (သို့) အမ်းခရီးစဉ်ကို ဇွန်လ (၂၅)ရက်နေ့မှစ၍ ပျံသန်းပြေးဆွဲမည်
************
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိလေဆိပ်မှ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့တွင်စ၍ ပြန်လည်ပျံသန်းမည့် ရန်ကုန်- မကွေးခရီးစဉ်ကို ရန်ကုန် - မကွေး - စစ်တွေ (သို့) အမ်းခရီးစဉ်အဖြစ် မြန်မာအမျိုးသားလေကြောင်း(MNA)က တိုးချဲ့ပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 “MNA လေကြောင်းဦးစီးက စီအီးအို ကပ္ပတိန် ဦးသန်းထွန်းနဲ့ သွားညှိနှိုင်းတဲ့အခါ စစ်တွေ-ရန်ကုန် လမ်းကြောင်းရှိနေတော့ စစ်တွေ(သို့)အမ်း-မကွေး-ရန်ကုန် လမ်းကြောင်းဆွဲလိုက်ပါတယ်။ အမ်းမှာ ဆင်းနေ တာက အင်္ဂါနဲ့စနေ (၂)ရက်ဆင်းနေတာဖြစ်လို့ အဲဒါနဲ့ချိတ်ပြီးတော့ မကွေးမှာလည်း အင်္ဂါနဲ့ စနေ (၂)ရက် ပဲ ဆင်းမှာပါ။ အစက Caravan အမျိုးအစား (၁၂)ယောက်စီးလေးနဲ့ ဆင်းမယ်လို့ စီစဉ်ခဲ့တာပေမဲ့ မကွေး နဲ့ရန်ကုန်က  (၁) နာရီလောက်မောင်းရတာမို့ ATR-72 နဲ့ ပဲ ဆင်းပေးမယ်လို့ ဆုံးဖြတ်ချက်ချခဲ့ကြတာပါ”ဟု  မြန်မာနိုင်ငံ ဆိုင်ရာ ဟိုတယ်လုပ်ငန်းရှင်များအသင်း (မကွေးဇုံ)ဥက္ကဌ ဦးစံထွေး က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးလေဆိပ်တွင် (၁၃)နှစ်ကြာရပ်ဆိုင်းထားခဲ့သည့် လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲပေးရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြခဲ့သဖြင့် နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သည့် မြန်မာအမျိုးသားလေကြောင်း(MNA)က အပတ်စဉ် အဂါင်္နေ့နှင့် စနေနေ့များတွင် ပျံသန်းပြေးဆွဲပေးခြင်းဖြစ်ကြောင်း သိရသည်။

 “မကွေးမြို့မှာ လေကြောင်းလိုင်း ပြန်လည်ပွင့်လာမယ်ဆိုရင် အချိန်ချုံ့ပြီး သွားလာနေကြရတဲ့ နိုင်ငံခြား ခရီးသွားတွေအနေနဲ့ မကွေးတိုင်းကိုလာဖို့ အဆင်ပြေသွားမယ်။ Tour ကုမ္ပဏီအစီအစဉ်နဲ့ ခရီးစဉ်ဆွဲပြီး သွားလာကြတဲ့ နိုင်ငံခြားခရီးသွားများသာမက မိမိအစီအစဉ်နဲ့မိမိ လွတ်လပ်စွာသွားလာနေကြတဲ့ နိုင်ငံခြား သားခရီးသွားတွေလည်း လေကြောင်းလိုင်းနဲ့ ဝင်ရောက်လာနိုင်တော့မှာဖြစ်လို့ တိုင်းဒေသကြီးအတွင်း နိုင်ငံခြားသားဝင်ရောက်မှု တိုးမြင့်လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်”ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ၊ မကွေးတိုင်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်စိန်က ပြောသည်။

မကွေးလေယာဉ်ကွင်းမှာ လေယာဉ်(၆)စီးတစ်ပြိုင်တည်း အဆင်းအတက်ပြုလုပ်နိုင်သည့်အပြင် ညအချိန်တွင်ပါ လေယာဉ်အဆင်း၊အတက်ပြုလုပ်နိုင်ပြီး ၂၀၀၃ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ လေကြောင်းခရီးများ ပျံသန်းပြေးဆွဲပေးခဲ့ခြင်းဖြစ်သည်။

သတင်း၊ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net