
ဇှနျ 29, 2019
By 🌸

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက လက်ရှိထုတ်ပေးနေသည့် စမတ်ကတ်များကို အတုပြုလုပ်မှုများရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် လုံခြုံရေးအဆင့်မြှင့်တင်ထားသည့် စမတ်ကတ်များကို ပြောင်းလဲအသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။

လုံခြုံရေးအဆင့်မြှင့်တင်ထားသည့် ယာဉ်မောင်းလိုင်စင် စမတ်ကတ်များကို ခ၊ ဂ၊ ဃ နှင့် င ယာဉ်မောင်းလိုင်စင် စမတ်ကတ်များကို ကောက်ခံသည့် နှုန်းထားအတိုင်း သတ်မှတ်ထားပြီး ယာဉ်မောင်းလိုင်စင်အသစ်ထုတ်ပေးခြင်း၊ နှစ်လဲဆောင်ရွက်ခြင်း၊ ပျက်စီးနှင့်ပျောက်ဆုံးမိတ္တူဆောင်ရွက်ခြင်း၊ နယ်ဝင် နယ်ထွက်ဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်စဉ်တွင်ဖြစ်စေ လက်ရှိ သက်တမ်းရှိ ယာဉ်မောင်းလိုင်စင်ကတ်များကို အသစ်ပြောင်းလဲလိုလျှင်ဖြစ်စေ လုံခြုံရေးအဆင့်မြှင့်ထားသည့် ယာဉ်မောင်းလိုင်စင်စမတ်ကတ်များကို ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
လုံခြုံရေးအဆင့်မြှင့်တင်ထားသည့် ယာဉ်မောင်းလိုင်စင်စမတ်ကတ်များ ဇူလိုင် (၁)ရက်မှစ၍ ပြောင်းလဲထုတ်ပေးမည်
***********
လုံခြုံရေးအဆင့်မြှင့်တင်ထားသည့် ယာဉ်မောင်းလိုင်စင် စမတ်ကတ်များကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့မှစ၍ ပြောင်းလဲအသုံးပြုမည်ဖြစ်ပြီး မူလသတ်မှတ်နှုန်းထား  ပြောင်းလဲမည်မဟုတ်ကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက လက်ရှိထုတ်ပေးနေသည့် စမတ်ကတ်များကို အတုပြုလုပ်မှုများရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် လုံခြံုရေးအဆင့်မြှင့်တင်ထားသည့် စမတ်ကတ်များကို ပြောင်းလဲအသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။

လုံခြံုရေးအဆင့်မြှင့်တင်ထားသည့် ယာဉ်မောင်းလိုင်စင် စမတ်ကတ်များကို ခ၊ ဂ၊ ဃ နှင့် င ယာဉ်မောင်းလိုင်စင် စမတ်ကတ်များကို ကောက်ခံသည့် နှုန်းထားအတိုင်း သတ်မှတ်ထားပြီး ယာဉ်မောင်းလိုင်စင်အသစ်ထုတ်ပေးခြင်း၊ နှစ်လဲဆောင်ရွက်ခြင်း၊ ပျက်စီးနှင့်ပျောက်ဆုံးမိတ္တူဆောင်ရွက်ခြင်း၊ နယ်ဝင် နယ်ထွက်ဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်စဉ်တွင်ဖြစ်စေ လက်ရှိ သက်တမ်းရှိ ယာဉ်မောင်းလိုင်စင်ကတ်များကို အသစ်ပြောင်းလဲလိုလျှင်ဖြစ်စေ လုံခြံုရေးအဆင့်မြှင့်ထားသည့် ယာဉ်မောင်းလိုင်စင်စမတ်ကတ်များကို ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိထုတ်ပေးနေသည့် ယာဉ်မောင်းလိုင်စင်စမတ်ကတ်များကို အတုပြုလုပ်နေကြရာ ၂၀၁၈ ခုနှစ်က စမတ်ကတ်အတုပြုလုပ်သူ (၁၇)ဦးကို စမတ်ကတ်အတုပြုလုပ်သည့်စက်များနှင့်အတူ ဖမ်းမိထားခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net