မေကြးတိုင္းအတြင္း H1N1 ျဖစ္ပြားသူမရိွေသးေသာ္လည္း ေစာင့္ၾကပ္ၾကည့္ရႈသတင္းပို႔သည့္စနစ္ျဖင့္ ႀကိဳတင္ကာကြယ္မႈမ်ား ေဆာင္ရြက္ေန

မေကြးတိုင္းအတြင္း H1N1 ျဖစ္ပြားသူမရိွေသးေသာ္လည္း ေစာင့္ၾကပ္ၾကည့္ရႈသတင္းပို႔သည့္စနစ္ျဖင့္ ႀကိဳတင္ကာကြယ္မႈမ်ား ေဆာင္ရြက္ေန
ဇွန် 22, 2019
By 🌸
မေကြးတိုင္းတြင္ ျပင္းထန္ရာသီတုပ္ေကြး H1N1 ျဖစ္ပြားသူမရိွေသးေသာ္လည္း ၿမိဳ႕နယ္အဆင့္၊ ခရိုင္အဆင့္ႏွင့္ သက္ဆိုင္ရာ ေဆးရံုမ်ားသို႔ စမ္းသပ္ပစၥည္းမ်ားႏွင့္ လိုအပ္သည့္ေဆးဝါးမ်ား ျဖန္႔ျဖဴးေပးထားၿပီး ေစာင့္ၾကပ္ၾကည့္ရႈ သတင္းပို႔သည့္စနစ္ အားေကာင္းေစရန္ ေဆာင္ရြက္လွ်က္ရိွေနေၾကာင္း မေကြးတိုင္း ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ သိရသည္။

 “ရာသီတုပ္ေကြးဟာ သာမန္အားျဖင့္ေတာ့ ေရာဂါမျပင္းထန္ပါဘူး။ တစ္ခ်ိဳ႕ နာတာရွည္ေရာဂါအခံရိွတဲ့လူေတြ၊ အသက္ႀကီးတဲ့လူေတြ၊ ကေလးေတြနဲ႔ ကိုယ္ဝန္ေဆာင္မိခင္ေတြမွာေတာ့ ျပင္းထန္တုပ္ေကြး ျဖစ္ႏိုင္ေျခမ်ားတယ္ေပါ့။ ရာသီတုပ္ေကြး၊ ျပင္းထန္တုပ္ေကြးနဲ႔ ပတ္သက္ၿပီး သက္ဆိုင္ရာၿမိဳ႕နယ္အဆင့္ ခရိုင္အဆင့္နဲ႔ သက္ဆိုင္ရာေဆးရံုေတြမွာ ေစာင့္ၾကပ္ၾကည့္ရႈတဲ့စနစ္အားေကာင္းေအာင္ ရံုးခ်ဳပ္ရဲ႕ညႊန္ ၾကားခ်က္နဲ႔ တိုင္းက်န္းမာကေနၿပီးေတာ့ ေဆာင္ရြက္ထားပါတယ္။ သက္ဆိုင္ရာၿမိဳ႕နယ္အဆင့္ေတြထိ ရာသီတုပ္ေကြးနဲ႔ပတ္သက္ၿပီး ခ်က္ခ်င္း စစ္ေဆးလို႔ရတဲ့ RTT ပစၥည္းေတြနဲ႔ လိုအပ္တဲ့ ေဆးဝါးေတြကိုလည္း ျဖန္႔ထားပါတယ္”ဟု မေကြးတိုင္းျပည္သူ႔က်န္းမာေရးဦးစီးဌာန၊ တိုးခ်ဲ႕ကာကြယ္ေဆးထိုးလုပ္ငန္း၊ လက္ေထာက္ညႊန္ၾကားေရးမွဴး ေဒါက္တာခင္ေမာင္သန္းက ဇြန္လ(၂၂)ရက္ေန႔တြင္ တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သာမန္အားျဖင့္ ျပင္းထန္အဆင့္မေရာက္ေသးသည့္ ရာသီတုပ္ေကြးျဖစ္ပါက ႏွာရည္ယိုျခင္း၊ ေခ်ာင္းဆိုးျခင္း၊ ဖ်ားျခင္း၊ အရိုးအဆစ္မ်ားကိုက္ခဲျခင္း၊ လည္ေခ်ာင္းနာ၍ တံေတြးၿမိဳရခက္ျခင္း လကၡဏာမ်ားေတြ႔ရိွရၿပီး   ျပင္းထန္တုပ္ေကြးအဆင့္တြင္ အသက္ရွဴၾကပ္ျခင္း၊ အဖ်ားႀကီးျခင္းႏွင့္ သတိလစ္ျခင္းတို႔ျဖစ္ပြားၿပီး အသက္အႏၱရာယ္ရိွႏိုင္ေၾကာင္း သိရသည္။

“ေရာဂါပိုးရိွတဲ့သူက ႏွာေခ်လိုက္မယ္။ ေခ်ာင္းဆိုးလိုက္မယ္ဆိုရင္ ေလထုထဲကေန တိုက္ရိုက္ကူးစက္သြား ႏိုင္သလို ေရာဂါရိွေနသူရဲ႕ သလိပ္ေတြ၊ ခၽြဲေတြနဲ႔ ခႏၵာကိုယ္က အရည္ေတြကို ထိေတြ႔ကိုင္တြယ္ရာက လည္း ကူးစက္ႏိုင္ပါတယ္။ ေရာဂါရိွသူသံုးစဲြတဲ့ ပစၥည္းေတြကို ထိေတြ႔ကိုင္တြယ္ရာကေနလည္း ကူးစက္ ႏိုင္ပါတယ္။ ေရာဂါရိွသူအေနနဲ႔ အျခားသူေတြကို ကူးစက္ျခင္းမရိွေအာင္ ႏွာေခ် ေခ်ာင္းဆိုးတဲ့အခါမွာ လက္ကိုင္ပဝါတို႔ Mask တို႔ရဲ႕ အကာအကြယ္ယူတာမ်ိဳး လူထူထပ္တဲ့ေနရာေတြကို ေရွာင္တာမ်ိဳး၊ ေရာ ဂါမရိွသူေတြကလည္း ကူးစက္မခံရေအာင္ လူထူထပ္တဲ့ေနရာေတြကို မသြားသင့္ပါဘူး။ အဓိက လုပ္ ေဆာင္ရမွာေတြကေတာ့ လက္ေဆးမယ္၊ တစ္ကိုယ္ေရသန္႔ရွင္းမႈကို ဂရုစိုက္မယ္၊ အိပ္ေရးဝေအာင္ အိပ္မယ္၊ အစားအေသာက္ကို အာဟာရျဖစ္ေအာင္စားေသာက္မယ္ ဆိုရင္ အေကာင္းဆုံးကာကြယ္မႈပါပဲ” ဟု ေဒါက္တာ ခင္ေမာင္သန္းက ေျပာသည္။

H1N1 ရာသီတုပ္ေကြးအတြက္ ကာကြယ္ေဆးရိွေသာ္လည္း က်န္းမာေရးဌာန တိုးခ်ဲ႕ကာကြယ္ေဆးထိုး လုပ္ငန္း အေနျဖင့္မူ ကာကြယ္ေဆးအခမဲ့ထိုးေပးသည့္ အစီအစဥ္မရိွေသးေၾကာင္းႏွင့္ ကာကြယ္ေဆး လံုေလာက္မႈရိွႏိုင္ မရိွႏိုင္ဆိုသည္ကိုလည္း ျပင္ပေဆးအေရာင္းဆိုင္မ်ား၌ တင္၍ ေရာင္းခ်ေနျခင္းျဖစ္ေသာ ေၾကာင့္ ဌာနအေနျဖင့္ မသိႏိုင္ဟု ဆိုသည္။

၂၀၁၇ ခုႏွစ္တြင္ မေကြးတိုင္းအတြင္း  ရာသီတုပ္ေကြးျဖစ္ပြားသူ (၂၀)ဦး၊     အသက္ရွဴလမ္းေၾကာင္း၌ ျပင္းထန္သည့္ကူးစက္မႈလကၡဏာရိွသူ  (၂၇)ဦး၊ ေနျပည္ေတာ္သို႔ပို႔စစ္၍ H1N1 Positive  (၁၄)ဦး ၊ ေသ ဆံုးသူ(၂)ဦး ရိွခဲ့ေၾကာင္း သိရၿပီး ၂၀၁၈ ခုႏွစ္တြင္ ေရာဂါျဖစ္ပြားမႈမရိွခဲ့ဘဲ ၂၀၁၉ ခုႏွစ္တြင္လည္း ယေန႔ ဇြန္လ(၂၂)ရက္ေန႔အထိ မေကြးတိုင္းအတြင္း H1N1 ပိုးေတြ႔ရိွသူ မရိွေသးေၾကာင္း မေကြးတိုင္း ျပည္သူ႔ က်န္းမာေရးဦးစီး ဌာနမွ သိရသည္။

သတင္း၊ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မကွေးတိုင်းအတွင်း  H1N1 ဖြစ်ပွားသူမရှိသေးသော်လည်း စောင့်ကြပ်ကြည့်ရှုသတင်းပို့သည့်စနစ်ဖြင့် ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်နေ
*************
မကွေးတိုင်းတွင် ပြင်းထန်ရာသီတုပ်ကွေး H1N1 ဖြစ်ပွားသူမရှိသေးသော်လည်း မြို့နယ်အဆင့်၊ ခရိုင်အဆင့်နှင့် သက်ဆိုင်ရာ ဆေးရုံများသို့ စမ်းသပ်ပစ္စည်းများနှင့် လိုအပ်သည့်ဆေးဝါးများ ဖြန့်ဖြူးပေးထားပြီး စောင့်ကြပ်ကြည့်ရှု သတင်းပို့သည့်စနစ် အားကောင်းစေရန် ဆောင်ရွက်လျှက်ရှိနေကြောင်း မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 “ရာသီတုပ်ကွေးဟာ သာမန်အားဖြင့်တော့ ရောဂါမပြင်းထန်ပါဘူး။ တစ်ချို့ နာတာရှည်ရောဂါအခံရှိတဲ့လူတွေ၊ အသက်ကြီးတဲ့လူတွေ၊ ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာတော့ ပြင်းထန်တုပ်ကွေး ဖြစ်နိုင်ခြေများတယ်ပေါ့။ ရာသီတုပ်ကွေး၊ ပြင်းထန်တုပ်ကွေးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာမြို့နယ်အဆင့် ခရိုင်အဆင့်နဲ့ သက်ဆိုင်ရာဆေးရုံတွေမှာ စောင့်ကြပ်ကြည့်ရှုတဲ့စနစ်အားကောင်းအောင် ရုံးချုပ်ရဲ့ညွှန် ကြားချက်နဲ့ တိုင်းကျန်းမာကနေပြီးတော့ ဆောင်ရွက်ထားပါတယ်။ သက်ဆိုင်ရာမြို့နယ်အဆင့်တွေထိ ရာသီတုပ်ကွေးနဲ့ပတ်သက်ပြီး ချက်ချင်း စစ်ဆေးလို့ရတဲ့ RTT ပစ္စည်းတွေနဲ့ လိုအပ်တဲ့ ဆေးဝါးတွေကိုလည်း ဖြန့်ထားပါတယ်”ဟု မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ဇွန်လ(၂၂)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သာမန်အားဖြင့် ပြင်းထန်အဆင့်မရောက်သေးသည့် ရာသီတုပ်ကွေးဖြစ်ပါက နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ အရိုးအဆစ်များကိုက်ခဲခြင်း၊ လည်ချောင်းနာ၍ တံတွေးမြိုရခက်ခြင်း လက္ခဏာများတွေ့ရှိရပြီး   ပြင်းထန်တုပ်ကွေးအဆင့်တွင် အသက်ရှူကြပ်ခြင်း၊ အဖျားကြီးခြင်းနှင့် သတိလစ်ခြင်းတို့ဖြစ်ပွားပြီး အသက်အန္တရာယ်ရှိနိုင်ကြောင်း သိရသည်။

“ရောဂါပိုးရှိတဲ့သူက နှာချေလိုက်မယ်။ ချောင်းဆိုးလိုက်မယ်ဆိုရင် လေထုထဲကနေ တိုက်ရိုက်ကူးစက်သွား နိုင်သလို ရောဂါရှိနေသူရဲ့ သလိပ်တွေ၊ ချွဲတွေနဲ့ ခန္ဒာကိုယ်က အရည်တွေကို ထိတွေ့ကိုင်တွယ်ရာက လည်း ကူးစက်နိုင်ပါတယ်။ ရောဂါရှိသူသုံးစွဲတဲ့ ပစ္စည်းတွေကို ထိတွေ့ကိုင်တွယ်ရာကနေလည်း ကူးစက် နိုင်ပါတယ်။ ရောဂါရှိသူအနေနဲ့ အခြားသူတွေကို ကူးစက်ခြင်းမရှိအောင် နှာချေ ချောင်းဆိုးတဲ့အခါမှာ လက်ကိုင်ပဝါတို့ Mask တို့ရဲ့ အကာအကွယ်ယူတာမျိုး လူထူထပ်တဲ့နေရာတွေကို ရှောင်တာမျိုး၊ ရော ဂါမရှိသူတွေကလည်း ကူးစက်မခံရအောင် လူထူထပ်တဲ့နေရာတွေကို မသွားသင့်ပါဘူး။ အဓိက လုပ် ဆောင်ရမှာတွေကတော့ လက်ဆေးမယ်၊ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်မယ်၊ အိပ်ရေးဝအောင် အိပ်မယ်၊ အစားအသောက်ကို အာဟာရဖြစ်အောင်စားသောက်မယ် ဆိုရင် အကောင်းဆုံးကာကွယ်မှုပါပဲ” ဟု ဒေါက်တာ ခင်မောင်သန်းက ပြောသည်။

H1N1 ရာသီတုပ်ကွေးအတွက် ကာကွယ်ဆေးရှိသော်လည်း ကျန်းမာရေးဌာန တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်း အနေဖြင့်မူ ကာကွယ်ဆေးအခမဲ့ထိုးပေးသည့် အစီအစဉ်မရှိသေးကြောင်းနှင့် ကာကွယ်ဆေး လုံလောက်မှုရှိနိုင် မရှိနိုင်ဆိုသည်ကိုလည်း ပြင်ပဆေးအရောင်းဆိုင်များ၌ တင်၍ ရောင်းချနေခြင်းဖြစ်သော ကြောင့် ဌာနအနေဖြင့် မသိနိုင်ဟု ဆိုသည်။

၂၀၁၇ ခုနှစ်တွင် မကွေးတိုင်းအတွင်း  ရာသီတုပ်ကွေးဖြစ်ပွားသူ (၂၀)ဦး၊     အသက်ရှူလမ်းကြောင်း၌ ပြင်းထန်သည့်ကူးစက်မှုလက္ခဏာရှိသူ  (၂၇)ဦး၊ နေပြည်တော်သို့ပို့စစ်၍ H1N1 Positive  (၁၄)ဦး ၊ သေ ဆုံးသူ(၂)ဦး ရှိခဲ့ကြောင်း သိရပြီး ၂၀၁၈ ခုနှစ်တွင် ရောဂါဖြစ်ပွားမှုမရှိခဲ့ဘဲ ၂၀၁၉ ခုနှစ်တွင်လည်း ယနေ့ ဇွန်လ(၂၂)ရက်နေ့အထိ မကွေးတိုင်းအတွင်း H1N1 ပိုးတွေ့ရှိသူ မရှိသေးကြောင်း မကွေးတိုင်း ပြည်သူ့ ကျန်းမာရေးဦးစီး ဌာနမှ သိရသည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net