H1N1 ေရာဂါပိုးေတြ႕လူနာ (၁၆)ဦးအနက္ ရန္ကုန္ႏွင့္ စစ္ကိုင္းတုိင္းေဒသႀကီးတုိ႔မွ လူနာ(၆)ဦး ေသဆံုး

H1N1 ေရာဂါပိုးေတြ႕လူနာ (၁၆)ဦးအနက္ ရန္ကုန္ႏွင့္ စစ္ကိုင္းတုိင္းေဒသႀကီးတုိ႔မွ လူနာ(၆)ဦး ေသဆံုး
ဇွန် 21, 2019
By 🌸
ရန္ကုန္တုိင္းေဒသႀကီးႏွင့္ စစ္ကိုင္းတုိင္းေဒသႀကီးတုိ႔တြင္ H1N1 ေၾကာင့္ ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၂၀)ရက္ေန႔အထိ ေသဆံုးသူ(၆)ဦးရိွေနသျဖင့္ ေဆးရံုမ်ားတြင္ ရာသီတုပ္ေကြးေရာဂါကုသမႈအတြက္ လိုအပ္သည့္ျပင္ဆင္မႈမ်ား ေဆာင္ရြက္ထားေၾကာင္း ျပည္သူ႔က်န္းမာေရးဦးစီးဌာနက သတင္းထုတ္ျပန္သည္။

၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁) ရက္ေန႔မွ ဇြန္လ (၂၀) ရက္ေန႔အထိ Influenza A(H1N1)pdm09 တုပ္ေကြးပိုးေတြ႔ရိွသူ (၁၆)ဦးရိွသည့္အနက္ ရန္ကုန္တိုင္းေဒသႀကီးမွ (၅) ဦးႏွင့္ စစ္ကိုင္းတိုင္းေဒသ ႀကီးမွ (၁) ဦး၊ စုစုေပါင္း (၆) ဦး ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ တုပ္ေကြးေရာဂါပိုးေၾကာင့္ ေသဆံုးသူမ်ားမွာ အသက္အရြယ္ႀကီးရင့္ သူမ်ား၊ အသက္အရြယ္ငယ္လြန္းသူမ်ားႏွင့္ ဆီးခ်ိဳေရာဂါ၊ ေသြးတိုးေရာဂါ၊ ႏွလုံးေရာဂါ၊ အသက္ရွူ လမ္းေၾကာင္းေရာဂါ စသည့္ နာတာရွည္ေရာဂါအခံရွိသူမ်ားျဖစ္သည္ကို ေတြ႔ရေၾကာင္း ျပည္သူ႔က်န္းမာေရးဦးစီးဌာနက သတင္းထုတ္ျပန္ထားသည္။  
 
  ျပည္သူလူထုအေနျဖင့္ ေရာဂါႀကိဳတင္ ကာကြယ္ႏိုင္ရန္ ပါးစပ္ႏွင့္ ႏွာေခါင္းကို ကာ၍ ႏွာေခ်ေခ်ာင္းဆိုးျခင္း၊ ႏွာေခ်ေခ်ာင္းဆိုးၿပီးခ်ိန္၊ ေရာဂါပိုးရွိသူအား ကိုင္တြယ္ၿပီးခ်ိန္ႏွင့္ အမ်ားသုံး အရာဝတၳဳပစၥည္းမ်ား ထိေတြ႕ၿပီးခ်ိန္တိုင္း လက္ေဆးျခင္း၊ လူထုထပ္ေသာေနရာမ်ားသို႔ မလိုအပ္ဘဲ သြားလာျခင္းမွ ေရွာင္ၾကဥ္ျခင္း စသည္တို႔ကို လိုက္နာေဆာင္ရြက္သြားၾကရန္ႏွင့္ တုပ္ေကြးဆန္ေသာ ေရာဂါလကၡဏာမ်ားအျပင္ အဖ်ားႀကီးျခင္း၊ အသက္ရွူၾကပ္ျခင္း၊ အသက္ရွူခက္ျခင္း၊ သတိလစ္ ျခင္းႏွင့္ ဂနာမၿငိမ္ျခင္း စသည့္လကၡဏာမ်ား ျဖစ္ပြားလာပါက နီးစပ္ရာက်န္းမာေရးဌာနမ်ားသို႔ သတင္းေပးပို႔ကုသမွုခံယူၾကရန္ တုိက္တြန္းထားသည္။


  Influenza A(H1N1)pdm09 တုပ္ေကြးေရာဂါပိုးသည္ ရာသီတုပ္ေကြးေရာဂါအေနျဖင့္ ႏွစ္စဥ္ျဖစ္ပြားေလ့ရွိၿပီး ျမန္မာနိုင္ငံတြင္ ၂၀၁၇ ခုႏွစ္ တုပ္ေကြးေရာဂါျဖစ္ပြားသူ (၄၀၆) ဦးတြင္ Influenza A(H1N1)pdm09 ပိုးေတြ႕ရွိခဲ့ၿပီး ေသဆုံးသူ (၃၈) ဦးရွိခဲ့ကာ ၂၀၁၈ ခုႏွစ္အတြင္း Influenza A(H1N1)pdm09 ပိုးေတြ႕ရွိသူ (၁၃)ဦးရိွခဲ့ကာ ေသဆံုးသူမရိွခဲ့ေၾကာင္း သိရသည္။

Tachileik News Agency 
~~~~~~~~⊰❂ Unicode Version ~~~~~~~~
H1N1 ရောဂါပိုးတွေ့လူနာ (၁၆)ဦးအနက် ရန်ကုန်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ လူနာ(၆)ဦး သေဆုံး
***************
ရန်ကုန်တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် H1N1 ကြောင့် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၀)ရက်နေ့အထိ သေဆုံးသူ(၆)ဦးရှိနေသဖြင့် ဆေးရုံများတွင် ရာသီတုပ်ကွေးရောဂါကုသမှုအတွက် လိုအပ်သည့်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်သည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ ဇွန်လ (၂၀) ရက်နေ့အထိ Influenza A(H1N1)pdm09 တုပ်ကွေးပိုးတွေ့ရှိသူ (၁၆)ဦးရှိသည့်အနက် ရန်ကုန်တိုင်းဒေသကြီးမှ (၅) ဦးနှင့် စစ်ကိုင်းတိုင်းဒေသ ကြီးမှ (၁) ဦး၊ စုစုပေါင်း (၆) ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တုပ်ကွေးရောဂါပိုးကြောင့် သေဆုံးသူများမှာ အသက်အရွယ်ကြီးရင့် သူများ၊ အသက်အရွယ်ငယ်လွန်းသူများနှင့် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အသက်ရှူ လမ်းကြောင်းရောဂါ စသည့် နာတာရှည်ရောဂါအခံရှိသူများဖြစ်သည်ကို တွေ့ရကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။  
 
  ပြည်သူလူထုအနေဖြင့် ရောဂါကြိုတင် ကာကွယ်နိုင်ရန် ပါးစပ်နှင့် နှာခေါင်းကို ကာ၍ နှာချေချောင်းဆိုးခြင်း၊ နှာချေချောင်းဆိုးပြီးချိန်၊ ရောဂါပိုးရှိသူအား ကိုင်တွယ်ပြီးချိန်နှင့် အများသုံး အရာဝတ္ထုပစ္စည်းများ ထိတွေ့ပြီးချိန်တိုင်း လက်ဆေးခြင်း၊ လူထုထပ်သောနေရာများသို့ မလိုအပ်ဘဲ သွားလာခြင်းမှ ရှောင်ကြဉ်ခြင်း စသည်တို့ကို လိုက်နာဆောင်ရွက်သွားကြရန်နှင့် တုပ်ကွေးဆန်သော ရောဂါလက္ခဏာများအပြင် အဖျားကြီးခြင်း၊ အသက်ရှူကြပ်ခြင်း၊ အသက်ရှူခက်ခြင်း၊ သတိလစ် ခြင်းနှင့် ဂနာမငြိမ်ခြင်း စသည့်လက္ခဏာများ ဖြစ်ပွားလာပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ သတင်းပေးပို့ကုသမှုခံယူကြရန် တိုက်တွန်းထားသည်။

  Influenza A(H1N1)pdm09 တုပ်ကွေးရောဂါပိုးသည် ရာသီတုပ်ကွေးရောဂါအနေဖြင့် နှစ်စဉ်ဖြစ်ပွားလေ့ရှိပြီး မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ် တုပ်ကွေးရောဂါဖြစ်ပွားသူ (၄၀၆) ဦးတွင် Influenza A(H1N1)pdm09 ပိုးတွေ့ရှိခဲ့ပြီး သေဆုံးသူ (၃၈) ဦးရှိခဲ့ကာ ၂၀၁၈ ခုနှစ်အတွင်း Influenza A(H1N1)pdm09 ပိုးတွေ့ရှိသူ (၁၃)ဦးရှိခဲ့ကာ သေဆုံးသူမရှိခဲ့ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net