ထိုင္းႏုိင္ငံတြင္ အေျခစိုက္ၿပီး အြန္လိုင္းေလာင္းကစားလုပ္ေနသည့္ တရုတ္ႏုိင္ငံသား (၉)ဦးကို ဖမ္းမိ

ထိုင္းႏုိင္ငံတြင္ အေျခစိုက္ၿပီး အြန္လိုင္းေလာင္းကစားလုပ္ေနသည့္ တရုတ္ႏုိင္ငံသား (၉)ဦးကို ဖမ္းမိ
ဇွန် 14, 2019
By 🌸
ထုိင္းႏုိင္ငံ၊ ဘန္ေကာက္တြင္အေျခစိုက္ၿပီး တရားမဝင္သည့္ အြန္လုိင္းေလာင္းကစားလုပ္ငန္းကို လုပ္ကိုင္ေနသည့္ တရုတ္ႏုိင္ငံသား (၉)ဦးကို ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

ဘန္ေကာက္ရိွ လူေနအေဆာက္အဦႏွစ္ခုတြင္ အခန္း(၂)ခန္းတြင္ ငွားရမ္းေနထုိင္သည့္ တရုတ္ႏုိင္ငံသားမ်ားကို သံသယျဖစ္ဖြယ္ေတြ႔ေၾကာင္း သတင္းေပးပို႔ခ်က္အရ သြားေရာက္စစ္ေဆးရာမွ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕က ဝင္ေရာက္စစ္ေဆးရာ ပထမအခန္းတြင္ ကြန္ပ်ဴတာ(၅)လံုးႏွင့္ ဒုတိယအခန္းတြင္ ကြန္ပ်ဴတာ(၂)လံုးတို႔၌ အြန္လိုင္းေလာင္းကစားလုပ္ငန္းမ်ား လုပ္ေဆာင္ေနသည္ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ တရုတ္ႏုိင္ငံသားမ်ားသည္ တရုတ္ႏုိင္ငံမွ စီးပြားေရးသမားတစ္ဦးအတြက္ ထုိင္းႏုိင္ငံတြင္ အေျခစိုက္လုပ္ကိုင္ေပးေနၾကျခင္းျဖစ္ၿပီး ၎တို႔အား တစ္လလွ်င္ ဘတ္တစ္သိန္းခြဲျဖင့္ ငွားရမ္းထားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အြန္လုိင္းေလာင္းကစားမ်ားက ဒစ္ဂ်စ္တယ္ေငြေၾကးျဖင့္သာ ေပးေခ်မႈျပဳလုပ္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ တရုတ္ႏုိင္ငံသားမ်ားကို အမည္ပ်က္စာရင္းသြင္းၿပီး တရုတ္ႏုိင္ငံသို႔ ျပန္လည္လႊဲေျပာင္းမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Ref: The Nation

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံတွင် အခြေစိုက်ပြီး အွန်လိုင်းလောင်းကစားလုပ်နေသည့် တရုတ်နိုင်ငံသား (၉)ဦးကို ဖမ်းမိ
***********
ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင်အခြေစိုက်ပြီး တရားမဝင်သည့် အွန်လိုင်းလောင်းကစားလုပ်ငန်းကို လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၉)ဦးကို ဖမ်းဆီးရမိထားကြောင်း သိရသည်။

ဘန်ကောက်ရှိ လူနေအဆောက်အဦနှစ်ခုတွင် အခန်း(၂)ခန်းတွင် ငှားရမ်းနေထိုင်သည့် တရုတ်နိုင်ငံသားများကို သံသယဖြစ်ဖွယ်တွေ့ကြောင်း သတင်းပေးပို့ချက်အရ သွားရောက်စစ်ဆေးရာမှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးရာ ပထမအခန်းတွင် ကွန်ပျူတာ(၅)လုံးနှင့် ဒုတိယအခန်းတွင် ကွန်ပျူတာ(၂)လုံးတို့၌ အွန်လိုင်းလောင်းကစားလုပ်ငန်းများ လုပ်ဆောင်နေသည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသားများသည် တရုတ်နိုင်ငံမှ စီးပွားရေးသမားတစ်ဦးအတွက် ထိုင်းနိုင်ငံတွင် အခြေစိုက်လုပ်ကိုင်ပေးနေကြခြင်းဖြစ်ပြီး ၎င်းတို့အား တစ်လလျှင် ဘတ်တစ်သိန်းခွဲဖြင့် ငှားရမ်းထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အွန်လိုင်းလောင်းကစားများက ဒစ်ဂျစ်တယ်ငွေကြေးဖြင့်သာ ပေးချေမှုပြုလုပ်ကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသားများကို အမည်ပျက်စာရင်းသွင်းပြီး တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref: The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net