မေကြးတိုင္းေဒသႀကီး၌ (၇)လအတြင္း သဘာဝေဘးအႏၱရာယ္ (၂၅၆) ႀကိမ္ႀကံဳေတြ႕ရၿပီး (၉)ဦး ေသဆံုး

မေကြးတိုင္းေဒသႀကီး၌ (၇)လအတြင္း သဘာဝေဘးအႏၱရာယ္ (၂၅၆) ႀကိမ္ႀကံဳေတြ႕ရၿပီး (၉)ဦး ေသဆံုး
ဇွန် 2, 2019
By 🌸
မေကြးတိုင္းေဒသႀကီးအတြင္း ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလမွ ၂၀၁၉ ခုႏွစ္ ေမလ အထိ သဘာဝေဘး အႏၱရာယ္ စုစုေပါင္း(၂၅၆)ႀကိမ္ က်ေရာက္ခဲ့ၿပီး (၉)ဦး ေသဆံုးမႈရိွခဲ့ေၾကာင္း သိရသည္။

 “မီးေဘး (၆၄) ႀကိမ္၊ ေလေဘး အႀကိမ္ (၁၅၀)၊  မိုးႀကိဳးေဘး (၄)ႀကိမ္၊ ကမ္းပါးၿပိဳေဘး (၃၇)ႀကိမ္၊ အျခား ေဘး(၁)ႀကိမ္ စုစုေပါင္း(၂၅၆)ႀကိမ္ ျဖစ္ပြားခဲ့ၿပီး ေဘးသင့္ အိမ္ေထာင္စုေပါင္း (၅၅၂၇)စု၊ ေဘးသင့္ လူဦးေရေပါင္း (၂၂၉၂၆)ဦး၊ ေသဆံုးသူ(၉)ဦးရိွခဲ့ပါတယ္။ မေကြးတိုင္းေဒသႀကီးအတြင္း အျဖစ္မ်ားတဲ့ေဘး အႏၱရာယ္မ်ားကေတာ့ မီးေဘး၊ ေရေဘး၊ ေလေဘး၊ ကမ္းၿပိဳေဘးနဲ႔ ငလ်င္ေဘးတို႔ပဲျဖစ္ၿပီး မီးေဘးဟာ ျမန္မာႏိုင္ငံမွာ ျဖစ္ပြားမႈအမ်ားဆံုး ေဘးအႏၱရာယ္ ျဖစ္ပါတယ္။ ေဘးသင့္ျပည္သူေတြကို အျမန္ဆံုးကူညီ ေထာက္ပံ့ႏိုင္ဖို႔အတြက္ ကယ္ဆယ္ေရးပစၥည္းမ်ားကို တိုင္း၊ ခရိုင္၊ ၿမိဳ႕နယ္အသီးသီးမွာ ထားရိွၿပီး ရွာေဖြ ကယ္ဆယ္ေရးအဖဲြ႔ေတြကိုလည္း စနစ္တက် ဖဲြ႔စည္းထားရိွၿပီးျဖစ္ပါတယ္”ဟု မေကြးတိုင္းအစိုးရအဖဲြ႔ လူမႈေရးဝန္ႀကီး ေဒါက္တာခင္ေမာင္ေအးက ေျပာၾကားသည္။

မေကြးၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမတြင္ ဇြန္လ(၁)ရက္ေန႔က ျပဳလုပ္သည့္ လူမႈဝန္ထမ္း၊ကယ္ဆယ္ေရးႏွင့္ ျပန္ လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးႏွင့္ သဘာဝေဘး ႀကိဳ တင္ကာကြယ္ေရးလုပ္ငန္းမ်ား၊ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား အတြက္ ညိွႏိွဳင္းေဆြးေႏြးပဲြအခမ္း အနားတြင္ လူမႈေရးဝန္ႀကီးက ယင္းသို႔ ရွင္းလင္းေျပာၾကားျခင္းျဖစ္သည္။

မေကြးတိုင္းသည္ မိုးနည္းေရရွား ပူျပင္းေျခာက္ေသြ႔သည့္ေဒသျဖစ္ေသာ္လည္း ရခိုင္ျပည္နယ္ႏွင့္ ခ်င္း ျပည္နယ္တုိ႔ကို ျဖတ္ေက်ာ္ဝင္ေရာက္လာေသာ မုန္တိုင္းမ်ားေၾကာင့္ ရံဖန္ရံခါတြင္ မိုးႀကီးၿပီး ျမစ္ေရႏွင့္ ေခ်ာင္းေရတို႔ လွ်ံတက္မႈျဖစ္စဥ္မ်ား ျဖစ္ပြားေလ့ရိွရာ ၂၀၁၁ ခုႏွစ္ ေအာက္တိုဘာလပိုင္းတြင္ ပံုေတာင္ ပံုညာႏွင့္ ပခုကၠဴခရိုင္အတြင္း မိုးအဆက္မျပတ္ရြာသြန္းမႈေၾကာင့္ လူ(၁၆၀)ေက်ာ္ေသဆံုးခဲ့ၿပီး လူေနအိမ္ မ်ားႏွင့္ လမ္းတံတား အေဆာက္အဦမ်ား ပ်က္စီးဆံုးရံႈးခဲ့ကာ ဆံုးရံႈးမႈတန္ဖိုးလည္း အမ်ားဆံုး ျဖစ္ခဲ့ေၾကာင္း သိရသည္။

 ၂၀၁၅ ခုႏွစ္တြင္လည္း မုန္တိုင္းအရိွန္ေၾကာင့္ ဆည္ေရမ်ားလွ်ံ၍ ပြင့္ျဖဴ၊ စလင္း၊ ေစတုတၱရာ စသည့္ ၿမိဳ႕နယ္မ်ားတြင္ ရုတ္တရက္ ေရႀကီးမႈ ျဖစ္ပြားခဲ့၍ ပ်က္စီးဆံုးရံႈးမႈမ်ားႏွင့္ လူအေသအေပ်ာက္မ်ား လည္း ရိွခဲ့ၿပီး ၂၀၁၁ ခုႏွစ္ျဖစ္စဥ္ေနာက္ ပ်က္စီးဆံုးရံႈးမႈ အမ်ားဆံုးျဖစ္ခဲ့ေၾကာင္း သိရသည္။

“၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလကေန ၂၀၁၉ ခုႏွစ္ ေမလအထိ ႀကံဳေတြ႔ခဲ့ရတဲ့ ေဘးအႏၱရာယ္ေတြ အတြက္ ေဘးသင့္ျပည္သူမ်ားကို သက္ဆိုင္ရာဌာနမ်ားက ကယ္ဆယ္ေရးပစၥည္းမ်ား၊ အိမ္ေဆာက္ပစၥည္း ဖိုးေငြမ်ား၊ ပံ့ပိုးေငြမ်ား နဲ႔ ေသဆံုးဒဏ္ရာရသူေတြအတြက္ ေထာက္ပံ့ေငြမ်ားအပါအဝင္ က်ပ္(၂၉၃၀) သိန္းခန္႔ကို အခ်ိန္နဲ႔တေျပးညီ ေထာက္ပံ့မႈျပဳခဲ့ပါတယ္။ ျပည္ေထာင္စုကခ်ေပးတဲ့ ကယ္ဆယ္ေရးရန္ပံုေငြ ေတြနဲ႔ အခုလို ေထာက္ပံ့မႈျပဳခဲ့တဲ့အျပင္ တိုင္းေဒသႀကီးသဘာဝေဘးရန္ပံုေငြမွလည္း ေလေဘးအတြက္ တစ္အိမ္ေထာင္ကို က်ပ္(၅)ေသာင္းႏႈန္း၊ မီးေဘးသင့္ခံရသူေတြအတြက္ တစ္အိမ္ေထာင္ကို က်ပ္(၃)သိန္းႏႈန္း၊ ေသဆံုးသူေတြအတြက္ က်ပ္(၁)သိန္းႏႈန္း ထပ္မံေထာက္ပံ့ေပးခဲ့ပါတယ္”ဟု လူမႈေရးဝန္ႀကီးက ဆိုသည္။

သဘာဝေဘးသင့္ျပည္သူမ်ားအား အျမန္ဆံုးကူညီေထာက္ပံ့ႏိုင္ရန္အတြက္ ကယ္ေဆးေရးပစၥည္းမ်ားကို တိုင္း၊ ခရိုင္၊ ၿမိဳ႕နယ္အသီးသီး၌ ထားရိွၿပီး ရွာေဖြကယ္ဆယ္ေရးအဖဲြ႔မ်ားကိုလည္း တုိင္းအဆင့္တြင္ အင္ အား(၁၁၀)ဦး၊ ခရိုင္အဆင့္တြင္ အင္အား(၆၀)ဦး၊ ၿမိဳ႕နယ္အဆင့္တြင္ အင္အား(၃၀)ဦးတို႔ျဖင့္ ဖဲြ႔စည္း ထားသည့္အျပင္ ေစတုတၱရာၿမိဳ႕နယ္၌ ေရေဘးခိုလံႈႏိုင္ေရးအတြက္ အေဆာက္အဦေဆာက္လုပ္ရန္ အမ်ိဳး သားသဘာဝေဘးရန္ပံုေငြျဖင့္ စီစဥ္လွ်က္ရိွေၾကာင္း သိရသည္။

သတင္း #ဖီးနစ္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မကွေးတိုင်းဒေသကြီး၌ (၇)လအတွင်း သဘာဝဘေးအန္တရာယ် (၂၅၆) ကြိမ်ကြုံတွေ့ရပြီး (၉)ဦး သေဆုံး
************
မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် မေလ အထိ သဘာဝဘေး အန္တရာယ် စုစုပေါင်း(၂၅၆)ကြိမ် ကျရောက်ခဲ့ပြီး (၉)ဦး သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

 “မီးဘေး (၆၄) ကြိမ်၊ လေဘေး အကြိမ် (၁၅၀)၊  မိုးကြိုးဘေး (၄)ကြိမ်၊ ကမ်းပါးပြိုဘေး (၃၇)ကြိမ်၊ အခြား ဘေး(၁)ကြိမ် စုစုပေါင်း(၂၅၆)ကြိမ် ဖြစ်ပွားခဲ့ပြီး ဘေးသင့် အိမ်ထောင်စုပေါင်း (၅၅၂၇)စု၊ ဘေးသင့် လူဦးရေပေါင်း (၂၂၉၂၆)ဦး၊ သေဆုံးသူ(၉)ဦးရှိခဲ့ပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်း အဖြစ်များတဲ့ဘေး အန္တရာယ်များကတော့ မီးဘေး၊ ရေဘေး၊ လေဘေး၊ ကမ်းပြိုဘေးနဲ့ ငလျင်ဘေးတို့ပဲဖြစ်ပြီး မီးဘေးဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားမှုအများဆုံး ဘေးအန္တရာယ် ဖြစ်ပါတယ်။ ဘေးသင့်ပြည်သူတွေကို အမြန်ဆုံးကူညီ ထောက်ပံ့နိုင်ဖို့အတွက် ကယ်ဆယ်ရေးပစ္စည်းများကို တိုင်း၊ ခရိုင်၊ မြို့နယ်အသီးသီးမှာ ထားရှိပြီး ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့တွေကိုလည်း စနစ်တကျ ဖွဲ့စည်းထားရှိပြီးဖြစ်ပါတယ်”ဟု မကွေးတိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက ပြောကြားသည်။

မကွေးမြို့ မြို့တော်ခန်းမတွင် ဇွန်လ(၁)ရက်နေ့က ပြုလုပ်သည့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် သဘာဝဘေး ကြို တင်ကာကွယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အတွက် ညှိနှိုင်းဆွေးနွေးပွဲအခမ်း အနားတွင် လူမှုရေးဝန်ကြီးက ယင်းသို့ ရှင်းလင်းပြောကြားခြင်းဖြစ်သည်။

မကွေးတိုင်းသည် မိုးနည်းရေရှား ပူပြင်းခြောက်သွေ့သည့်ဒေသဖြစ်သော်လည်း ရခိုင်ပြည်နယ်နှင့် ချင်း ပြည်နယ်တို့ကို ဖြတ်ကျော်ဝင်ရောက်လာသော မုန်တိုင်းများကြောင့် ရံဖန်ရံခါတွင် မိုးကြီးပြီး မြစ်ရေနှင့် ချောင်းရေတို့ လျှံတက်မှုဖြစ်စဉ်များ ဖြစ်ပွားလေ့ရှိရာ ၂၀၁၁ ခုနှစ် အောက်တိုဘာလပိုင်းတွင် ပုံတောင် ပုံညာနှင့် ပခုက္ကူခရိုင်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လူ(၁၆၀)ကျော်သေဆုံးခဲ့ပြီး လူနေအိမ် များနှင့် လမ်းတံတား အဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့ကာ ဆုံးရှုံးမှုတန်ဖိုးလည်း အများဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။

 ၂၀၁၅ ခုနှစ်တွင်လည်း မုန်တိုင်းအရှိန်ကြောင့် ဆည်ရေများလျှံ၍ ပွင့်ဖြူ၊ စလင်း၊ စေတုတ္တရာ စသည့် မြို့နယ်များတွင် ရုတ်တရက် ရေကြီးမှု ဖြစ်ပွားခဲ့၍ ပျက်စီးဆုံးရှုံးမှုများနှင့် လူအသေအပျောက်များ လည်း ရှိခဲ့ပြီး ၂၀၁၁ ခုနှစ်ဖြစ်စဉ်နောက် ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

“၂၀၁၈ ခုနှစ် အောက်တိုဘာလကနေ ၂၀၁၉ ခုနှစ် မေလအထိ ကြံုတွေ့ခဲ့ရတဲ့ ဘေးအန္တရာယ်တွေ အတွက် ဘေးသင့်ပြည်သူများကို သက်ဆိုင်ရာဌာနများက ကယ်ဆယ်ရေးပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်း ဖိုးငွေများ၊ ပံ့ပိုးငွေများ နဲ့ သေဆုံးဒဏ်ရာရသူတွေအတွက် ထောက်ပံ့ငွေများအပါအဝင် ကျပ်(၂၉၃၀) သိန်းခန့်ကို အချိန်နဲ့တပြေးညီ ထောက်ပံ့မှုပြုခဲ့ပါတယ်။ ပြည်ထောင်စုကချပေးတဲ့ ကယ်ဆယ်ရေးရန်ပုံငွေ တွေနဲ့ အခုလို ထောက်ပံ့မှုပြုခဲ့တဲ့အပြင် တိုင်းဒေသကြီးသဘာဝဘေးရန်ပုံငွေမှလည်း လေဘေးအတွက် တစ်အိမ်ထောင်ကို ကျပ်(၅)သောင်းနှုန်း၊ မီးဘေးသင့်ခံရသူတွေအတွက် တစ်အိမ်ထောင်ကို ကျပ်(၃)သိန်းနှုန်း၊ သေဆုံးသူတွေအတွက် ကျပ်(၁)သိန်းနှုန်း ထပ်မံထောက်ပံ့ပေးခဲ့ပါတယ်”ဟု လူမှုရေးဝန်ကြီးက ဆိုသည်။

သဘာဝဘေးသင့်ပြည်သူများအား အမြန်ဆုံးကူညီထောက်ပံ့နိုင်ရန်အတွက် ကယ်ဆေးရေးပစ္စည်းများကို တိုင်း၊ ခရိုင်၊ မြို့နယ်အသီးသီး၌ ထားရှိပြီး ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကိုလည်း တိုင်းအဆင့်တွင် အင် အား(၁၁၀)ဦး၊ ခရိုင်အဆင့်တွင် အင်အား(၆၀)ဦး၊ မြို့နယ်အဆင့်တွင် အင်အား(၃၀)ဦးတို့ဖြင့် ဖွဲ့စည်း ထားသည့်အပြင် စေတုတ္တရာမြို့နယ်၌ ရေဘေးခိုလှုံနိုင်ရေးအတွက် အဆောက်အဦဆောက်လုပ်ရန် အမျိုး သားသဘာဝဘေးရန်ပုံငွေဖြင့် စီစဉ်လျှက်ရှိကြောင်း သိရသည်။

သတင်း #ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net