ထိုင်းနိုင်ငံရှိ ဈေးများနှင့် စူပါမားကတ်များ၌ ရောင်းချနေသည့် အသီးအနှံ၊ အသီးအရွက်များတွင် ဓါတုဓါတ်ကြွင်းများ ဘေးကင်းအဆင့် ကျော်လွန်နေ

ထိုင်းနိုင်ငံရှိ ဈေးများနှင့် စူပါမားကတ်များ၌ ရောင်းချနေသည့် အသီးအနှံ၊ အသီးအရွက်များတွင် ဓါတုဓါတ်ကြွင်းများ ဘေးကင်းအဆင့် ကျော်လွန်နေ
ဇှနျ 28, 2019
By 🌸
ထိုင်းနိုင်ငံတွင် ဈေးများနှင့် စူပါမားကတ်များ၌ ရောင်းချနေသည့် လူသုံးများသော အသီးအနှံများ၊ အသီးအရွက်များတွင် ဓါတုဓါတ်ကြွင်း ဘေးကင်းသည့်အဆင့်ကို ကျော်လွန်နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ထိုင်းပိုးသတ်ဆေးဆိုင်ရာသတိပေးရေးအဖွဲ့က ထုတ်ဖေါ်ပြောကြားလိုက်သည်။

စူပါမားကတ်များမှ အသီးအနှံများနှင့် အသီးအရွက်များတွင် ဓါတုဓါတ်ကြွင်းကျန်ရှိမှုပမာဏမှာ ဈေးများတွင်ရောင်းချသည်ထက်  ဓါတ်ကြွင်းပိုများနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း အဆိုပါအဖွဲ့က ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

စူပါမားကတ်များမှ နမူနာယူစမ်းသပ်သည့် အသီးအရွက်နှင့် အသီးအနှံများတွင် ဓါတုဓါတ်ကြွင်းပါဝင်မှု (၄၄)ရာခိုင်နှုန်းအထိ တွေ့ရပြီး ဈေးများမှ အသီးအရွက်နှင့် အသီးအနှံများတွင် ဓါတုဓါတ်ကြွင်း (၃၉)ရာခိုင်နှုန်းပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။


ဈေးများနှင့် စူပါမားကတ်များမှ လူသုံးများသည့် အသီးအရွက်၊ အသီးအနှံ (၁၅)မျိုး၏ နမူနာစုစုပေါင်း (၂၈၆)မျိုးကို ဗြိတိန်ရှိ ISO   - 17025 လက်မှတ်ရ ဓါတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးရာ အများစုတွင် မှိုသတ်ဆေးဓါတုဓါတ်ကြွင်းများတွေ့ရပြီး အခြားပိုးသတ်ဆေးဓါတ်ကြွင်းများကိုလည်း အနည်းငယ်စီတွေ့ရကြောင်း သိရသည်။


Tachileik News Agency
Ref: Bangkok Post


~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံရှိ စျေးများနှင့် စူပါမားကတ်များ၌ ရောင်းချနေသည့် အသီးအနှံ၊ အသီးအရွက်များတွင် ဓါတုဓါတ်ကြွင်းများ ဘေးကင်းအဆင့် ကျော်လွန်နေ
***********
ထိုင်းနိုင်ငံတွင် စျေးများနှင့် စူပါမားကတ်များ၌ ရောင်းချနေသည့် လူသုံးများသော အသီးအနှံများ၊ အသီးအရွက်များတွင် ဓါတုဓါတ်ကြွင်း ဘေးကင်းသည့်အဆင့်ကို ကျော်လွန်နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ထိုင်းပိုးသတ်ဆေးဆိုင်ရာသတိပေးရေးအဖွဲ့က ထုတ်ဖေါ်ပြောကြားလိုက်သည်။

စူပါမားကတ်များမှ အသီးအနှံများနှင့် အသီးအရွက်များတွင် ဓါတုဓါတ်ကြွင်းကျန်ရှိမှုပမာဏမှာ စျေးများတွင်ရောင်းချသည်ထက်  ဓါတ်ကြွင်းပိုများနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း အဆိုပါအဖွဲ့က ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

စူပါမားကတ်များမှ နမူနာယူစမ်းသပ်သည့် အသီးအရွက်နှင့် အသီးအနှံများတွင် ဓါတုဓါတ်ကြွင်းပါဝင်မှု (၄၄)ရာခိုင်နှုန်းအထိ တွေ့ရပြီး စျေးများမှ အသီးအရွက်နှင့် အသီးအနှံများတွင် ဓါတုဓါတ်ကြွင်း (၃၉)ရာခိုင်နှုန်းပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

တရုတ်မုန်ညှင်း၊ ကိုက်လန်၊ ငရုတ်သီး၊ ဘရိုကိုလီ၊ ဟင်းခတ်အမွှေးအကြိုင်အရွက်၊ နံနံပင်စသည့် လူသုံးများသော ဟင်းသီးဟင်းရွက်များကို ဓါတ်ခွဲစမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စျေးများနှင့် စူပါမားကတ်များမှ လူသုံးများသည့် အသီးအရွက်၊ အသီးအနှံ (၁၅)မျိုး၏ နမူနာစုစုပေါင်း (၂၈၆)မျိုးကို ဗြိတိန်ရှိ ISO   - 17025 လက်မှတ်ရ ဓါတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးရာ အများစုတွင် မှိုသတ်ဆေးဓါတုဓါတ်ကြွင်းများတွေ့ရပြီး အခြားပိုးသတ်ဆေးဓါတ်ကြွင်းများကိုလည်း အနည်းငယ်စီတွေ့ရကြောင်း သိရသည်။

အသီးအနှံ၊ အသီးအရွက်များ စိုက်ပျိုးရာတွင် အသုံးပြုသည့် ဓါတုဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးအပါအဝင် ဓါတုဆေးပစ္စည်းများကို သတ်မှတ်ထားသည့် ပမာဏ၊ သတ်မှတ်ချက်များနှင့်အညီ စနစ်တကျအသုံးပြုခြင်းမရှိပါက အဆိုပါဓါတုပစ္စည်းများက အသီးအနှံ၊ အသီးအရွက်များတွင် ဓါတ်ကြွင်းများအဖြစ် စားသုံးသူများထံရောက်ရှိသွားခြင်းဖြစ်သည်။

Tachileik News Agency
Ref: Bangkok Post
Photo :Tawatchai Kemgumnerd

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net