အီတလီ၊ စပိန္၊ ၾသစေၾတးလ်၊ ဆြစ္ဇာလန္၊ ဂ်ာမနီႏွင့္ ရုရွားႏုိင္ငံသားမ်ားကို ျမန္မာကဆိုက္ေရာက္ဗီဇာ ထုတ္ေပးမည္

အီတလီ၊ စပိန္၊ ၾသစေၾတးလ်၊ ဆြစ္ဇာလန္၊ ဂ်ာမနီႏွင့္ ရုရွားႏုိင္ငံသားမ်ားကို ျမန္မာကဆိုက္ေရာက္ဗီဇာ ထုတ္ေပးမည္
ဇွန် 2, 2019
By 🌸
အီတလီ၊ စပိန္၊ ၾသစေၾတးလ်၊ ဆြစ္ဇာလန္၊ ဂ်ာမနီႏွင့္ ရုရွားႏုိင္ငံကူးလက္မွတ္ ကိုင္ေဆာင္ထားသူမ်ားကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁)ရက္ေန႔မွစ၍ ျမန္မာႏိုင္ငံက ဆုိက္ေရာက္ဗီဇာ ထုတ္ေပးေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

အျပည္ျပည္ဆုိင္ရာေလဆိပ္မ်ားမွ ဝင္ေရာက္လာသည့္ အဆိုပါႏုိင္ငံသားမ်ားကို ဗီဇာေၾကး အေမရိကန္ေဒၚလာ (၅၀)ႏွင့္ ရက္ေပါင္း (၃၀)အလည္အပတ္ဗီဇာေပးမည္ျဖစ္ေၾကာင္း သိရသည္။

ဆိုက္ေရာက္ဗီဇာျဖင့္ ဝင္ေရာက္သူမ်ားအေနျဖင့္ အလည္အပတ္ဗီဇာကိုသာ ရရိွမည္ျဖစ္ၿပီး ကန္႔သတ္နယ္ေျမမ်ားမွလြဲ၍ က်န္ေနရာမ်ားတြင္ သြားလာလည္ပတ္ခြင့္ရိွေၾကာင္း သိရသည္။

ဟိုတယ္ႏွင့္ ခရီးသြားၫႊန္ၾကားမႈ ဦးစီးဌာနက ဂ်ပန္ႏွင့္ ေတာင္ကိုရီးယားႏို္င္ငံကူးလက္မွတ္ ကိုင္ေဆာင္သူမ်ားကို ဗီဇာကင္းလြတ္ခြင့္ႏွင့္ အျပည္ျပည္ဆိုင္ရာေလဆိပ္မွ ဝင္ေရာက္သည့္ ေဟာင္ေကာင္၊ မကာအိုအပါအဝင္ တရုတ္ႏုိင္ငံသားမ်ားကို ဆိုက္ေရာက္ဗီဇာတို႔ကို ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၁)ရက္ေန႔က စတင္ခြင့္ျပဳေပးထားျခင္းျဖစ္သည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
အီတလီ၊ စပိန်၊ သြစတြေးလျ၊ ဆွစ်ဇာလန်၊ ဂျာမနီနှင့် ရုရှားနိုင်ငံသားများကို မြန်မာကဆိုက်ရောက်ဗီဇာ ထုတ်ပေးမည်
************
အီတလီ၊ စပိန်၊ သြစတြေးလျ၊ ဆွစ်ဇာလန်၊ ဂျာမနီနှင့် ရုရှားနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှစ၍ မြန်မာနိုင်ငံက ဆိုက်ရောက်ဗီဇာ ထုတ်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ဝင်ရောက်လာသည့် အဆိုပါနိုင်ငံသားများကို ဗီဇာကြေး အမေရိကန်ဒေါ်လာ (၅၀)နှင့် ရက်ပေါင်း (၃၀)အလည်အပတ်ဗီဇာပေးမည်ဖြစ်ကြောင်း သိရသည်။

ဆိုက်ရောက်ဗီဇာဖြင့် ဝင်ရောက်သူများအနေဖြင့် အလည်အပတ်ဗီဇာကိုသာ ရရှိမည်ဖြစ်ပြီး ကန့်သတ်နယ်မြေများမှလွဲ၍ ကျန်နေရာများတွင် သွားလာလည်ပတ်ခွင့်ရှိကြောင်း သိရသည်။

ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက ဂျပန်နှင့် တောင်ကိုရီးယားနို်င်ငံကူးလက်မှတ် ကိုင်ဆောင်သူများကို ဗီဇာကင်းလွတ်ခွင့်နှင့် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဝင်ရောက်သည့် ဟောင်ကောင်၊ မကာအိုအပါအဝင် တရုတ်နိုင်ငံသားများကို ဆိုက်ရောက်ဗီဇာတို့ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့က စတင်ခွင့်ပြုပေးထားခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net