မေလးရွားႏုိင္ငံတြင္ ျမန္မာ (၆)ဦး အရက္တုေၾကာင့္ မက္သေနာအဆိပ္သင့္ေသဆံုး

မေလးရွားႏုိင္ငံတြင္ ျမန္မာ (၆)ဦး အရက္တုေၾကာင့္ မက္သေနာအဆိပ္သင့္ေသဆံုး
ဇွန် 23, 2019
By 🌸
မေလးရွားႏုိင္ငံတြင္ အရက္တုမ်ားေၾကာင့္ မက္သေနာအဆိပ္သင့္ကာ ၂၀၁၉ ခုႏွစ္၊ ဇြန္လအတြင္း ေသဆံုးမႈမ်ားတြင္ ျမန္မာႏုိင္ငံသား (၆)ဦးလည္း ပါဝင္ေၾကာင္း မေလးရွားႏုိင္ငံအေျခစိုက္ ကပုန္းလူမႈကူညီေရးအသင္းက ေဖၚျပထားသည္။

အရည္အေသြးမမီေသာ အရက္၊ ဘီယာမ်ားေသာက္သံုးရာမွ အရက္အဆိပ္သင့္မႈျဖစ္ပြားရာ ဇြန္လ (၁၁)ရက္ေန႔က ပီနန္းၿမိဳ႕တြင္ ျမန္မာႏုိင္ငံသား (၈)ဦးေဆးရံုေရာက္သည့္အနက္ (၃)ဦးႏွင့္ ကြာလာလမ္ပူၿမိဳ႕ တြင္ (၁)ဦးေသဆံုးခဲ့ကာ ဇြန္လ (၁၆)ရက္ေန႔တြင္ ဂ်ိဳဟိုး၌ (၁)ဦး၊ နဂရီဆင္ပီလန္းတြင္ (၁)ဦးေသဆံုးခဲ့ရၿပီး အမ္ပန္းၿမိဳ႕ေဆးရံုတြင္လည္း မက္သေနာအဆိပ္သင့္၍ ေဆးကုသမႈခံယူေနရဆဲျဖစ္ေၾကာင္း ကပုန္းလူမႈကူညီေရးအသင္း၏ ေဖၚျပခ်က္အရ သိရသည္။

မက္သေနာအဆိပ္သင့္မႈေၾကာင့္ ျမန္မာ၊ အိႏၵိယႏုိင္ငံသားမ်ားႏွင့္ ေဒသခံမ်ား  ေသဆံုးခဲ့ရၿပီး အရက္တုမ်ား ထုတ္လုပ္ျဖန္႔ျဖဴးေရာင္းခ်သူမ်ားကို  ရဲတပ္ဖြဲ႕က စံုစမ္းေဖၚထုတ္ေနဆဲျဖစ္ေၾကာင္း  Straits Times က ဇြန္လ (၂၀)ရက္ေန႔ သတင္းေဖၚျပခ်က္အရ သိရသည္။

မေလးရွားႏုိင္ငံတြင္ အရက္တုမ်ားေၾကာင့္ ၂၀၁၈ ခုႏွစ္အတြင္းက ျမန္မာႏုိင္ငံသား (၂၇)ဦးအထိေသဆံုးခဲ့ရကာ ႏွစ္ေယာက္အျမင္အာရံုပ်က္စီးခဲ့ၿပီး ၂၀၁၂ ခုႏွစ္က ျမန္မာႏုိင္ငံသား (၃၅)ဦး ေသဆံုးခဲ့ရေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မလေးရှားနိုင်ငံတွင် မြန်မာ (၆)ဦး အရက်တုကြောင့် မက်သနောအဆိပ်သင့်သေဆုံး
*************
မလေးရှားနိုင်ငံတွင် အရက်တုများကြောင့် မက်သနောအဆိပ်သင့်ကာ ၂၀၁၉ ခုနှစ်၊ ဇွန်လအတွင်း သေဆုံးမှုများတွင် မြန်မာနိုင်ငံသား (၆)ဦးလည်း ပါဝင်ကြောင်း မလေးရှားနိုင်ငံအခြေစိုက် ကပုန်းလူမှုကူညီရေးအသင်းက ဖေါ်ပြထားသည်။

အရည်အသွေးမမီသော အရက်၊ ဘီယာများသောက်သုံးရာမှ အရက်အဆိပ်သင့်မှုဖြစ်ပွားရာ ဇွန်လ (၁၁)ရက်နေ့က ပီနန်းမြို့တွင် မြန်မာနိုင်ငံသား (၈)ဦးဆေးရုံရောက်သည့်အနက် (၃)ဦးနှင့် ကွာလာလမ်ပူမြို့ တွင် (၁)ဦးသေဆုံးခဲ့ကာ ဇွန်လ (၁၆)ရက်နေ့တွင် ဂျိုဟိုး၌ (၁)ဦး၊ နဂရီဆင်ပီလန်းတွင် (၁)ဦးသေဆုံးခဲ့ရပြီး အမ်ပန်းမြို့ဆေးရုံတွင်လည်း မက်သနောအဆိပ်သင့်၍ ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း ကပုန်းလူမှုကူညီရေးအသင်း၏ ဖေါ်ပြချက်အရ သိရသည်။

မက်သနောအဆိပ်သင့်မှုကြောင့် မြန်မာ၊ အိန္ဒိယနိုင်ငံသားများနှင့် ဒေသခံများ  သေဆုံးခဲ့ရပြီး အရက်တုများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများကို  ရဲတပ်ဖွဲ့က စုံစမ်းဖေါ်ထုတ်နေဆဲဖြစ်ကြောင်း  Straits Times က ဇွန်လ (၂၀)ရက်နေ့ သတင်းဖေါ်ပြချက်အရ သိရသည်။

မလေးရှားနိုင်ငံတွင် အရက်တုများကြောင့် ၂၀၁၈ ခုနှစ်အတွင်းက မြန်မာနိုင်ငံသား (၂၇)ဦးအထိသေဆုံးခဲ့ရကာ နှစ်ယောက်အမြင်အာရုံပျက်စီးခဲ့ပြီး ၂၀၁၂ ခုနှစ်က မြန်မာနိုင်ငံသား (၃၅)ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net