ထိုင္းလယ္သမားမ်ား ပိုးသတ္ေဆး၊ေပါင္းသတ္ေဆးမ်ားကို သင္တန္းဆင္းၿပီးမွ အသံုးျပဳခြင့္ရေတာ့မည္

ထိုင္းလယ္သမားမ်ား ပိုးသတ္ေဆး၊ေပါင္းသတ္ေဆးမ်ားကို သင္တန္းဆင္းၿပီးမွ အသံုးျပဳခြင့္ရေတာ့မည္
ဇွန် 28, 2019
By 🌸
ထုိင္းႏုိင္ငံတြင္ လယ္သမားမ်ားကို ပိုးသတ္ေဆး၊ေပါင္းသတ္ေဆးအသံုးျပဳနည္းသင္တန္းမ်ား သင္ၾကားေပးသြားမည္ျဖစ္ၿပီး သင္တန္းဆင္းလယ္သမားမ်ားကိုသာ ပိုးသတ္ေဆး၊ေပါင္းသတ္ေဆး အသံုးျပဳခြင့္ေပးေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

ထုိင္းနိုင္ငံအတြင္း ၂၀၁၈ ခုႏွစ္က ပိုးသတ္ေဆး၊ ေပါင္းသတ္ေဆးေၾကာင့္ ေဆးရံုတက္၍ ကုသမႈခံယူရသူေပါင္း (၆၀၇၉)ဦးရိွခဲ့ၿပီး ဖ်ားနာသူ (၂၉၅၆)ဦး ရိွခဲ့သျဖင့္ တစ္ႏုိင္ငံလံုးရိွ လယ္သမားမ်ားကို ပိုးသတ္ေဆး၊ေပါင္းသတ္ေဆးမ်ား စနစ္တက်သံုးစြဲေစေရး 
သင္တန္းမ်ားတက္ေရာက္ၾကရမည့္သတ္မွတ္ခ်က္ကို ခ်မွတ္လုိက္ၿပီး ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလ (၂၀)ရက္တြင္ စတင္သက္ဝင္မည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ သတ္မွတ္ခ်က္အရ သင္တန္းမ်ားအေကာင္အထည္ေဖၚရန္အတြက္ စိုက္ပ်ိဳးေရးႏွင့္ အက်ိဳးတူပူးေပါင္းေဆာင္ရြက္ေရးဝန္ႀကီးဌာနက ဘတ္ (၉၈)သန္း တင္ျပေတာင္းခံထားေၾကာင္း သိရသည္။

ပိုးသတ္ေဆး၊ေပါင္းသတ္ေဆးကို စနစ္တက်သံုးစြဲျခင္းမရိွပါက မူးေဝေအာ့အန္ျခင္း၊ ေခါင္းကိုက္ျခင္း၊ ၾကြက္သားမ်ား ေတာင့္တင္းျခင္း၊ အသက္ရႈရပ္ေမ့ေမ်ာျခင္းစသည့္ ရုတ္တရက္ျဖစ္ပြားသည့္လကၡဏာမ်ားအျပင္ ေရရွည္တြင္ ကင္ဆာ၊ ဆီးခ်ိဳေသြးခ်ိဳ၊ ေလျဖတ္ျခင္းႏွင့္ အေရျပားေရာဂါမ်ား ျဖစ္ပြားႏုိင္ျခင္းျဖစ္သည္။

Tachileik News Agency

Ref: The Nation

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းလယ်သမားများ ပိုးသတ်ဆေး၊ပေါင်းသတ်ဆေးများကို သင်တန်းဆင်းပြီးမှ အသုံးပြုခွင့်ရတော့မည်
***************
ထိုင်းနိုင်ငံတွင် လယ်သမားများကို ပိုးသတ်ဆေး၊ပေါင်းသတ်ဆေးအသုံးပြုနည်းသင်တန်းများ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းဆင်းလယ်သမားများကိုသာ ပိုးသတ်ဆေး၊ပေါင်းသတ်ဆေး အသုံးပြုခွင့်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း ၂၀၁၈ ခုနှစ်က ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးကြောင့် ဆေးရုံတက်၍ ကုသမှုခံယူရသူပေါင်း (၆၀၇၉)ဦးရှိခဲ့ပြီး ဖျားနာသူ (၂၉၅၆)ဦး ရှိခဲ့သဖြင့် တစ်နိုင်ငံလုံးရှိ လယ်သမားများကို ပိုးသတ်ဆေး၊ပေါင်းသတ်ဆေးများ စနစ်တကျသုံးစွဲစေရေး သင်တန်းများတက်ရောက်ကြရမည့်သတ်မှတ်ချက်ကို ချမှတ်လိုက်ပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာလ (၂၀)ရက်တွင် စတင်သက်ဝင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သတ်မှတ်ချက်အရ သင်တန်းများအကောင်အထည်ဖေါ်ရန်အတွက် စိုက်ပျိုးရေးနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ဘတ် (၉၈)သန်း တင်ပြတောင်းခံထားကြောင်း သိရသည်။

ပိုးသတ်ဆေး၊ပေါင်းသတ်ဆေးကို စနစ်တကျသုံးစွဲခြင်းမရှိပါက မူးဝေအော့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ တောင့်တင်းခြင်း၊ အသက်ရှုရပ်မေ့မျောခြင်းစသည့် ရုတ်တရက်ဖြစ်ပွားသည့်လက္ခဏာများအပြင် ရေရှည်တွင် ကင်ဆာ၊ ဆီးချိုသွေးချို၊ လေဖြတ်ခြင်းနှင့် အရေပြားရောဂါများ ဖြစ်ပွားနိုင်ခြင်းဖြစ်သည်။

Tachileik News Agency
Ref: The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net