မေကြးၿမိဳ႕နယ္အတြင္း မိုးေနာက္က်သျဖင့္ ႏွမ္းႏွင့္ေျမပဲစိုက္ခင္းမ်ား ဒုတိယအႀကိမ္ျပန္လည္စိုက္ပ်ိဳးေနရ

မေကြးၿမိဳ႕နယ္အတြင္း မိုးေနာက္က်သျဖင့္ ႏွမ္းႏွင့္ေျမပဲစိုက္ခင္းမ်ား ဒုတိယအႀကိမ္ျပန္လည္စိုက္ပ်ိဳးေနရ
ဇွန် 3, 2019
By 🌸
မေကြးၿမိဳ႕နယ္အတြင္း မိုးေနာက္က်သျဖင့္  ႏွမ္းႏွင့္ ေျမပဲစိုက္ခင္းမ်ား ပ်က္စီးသြားရာ ေမလကုန္မိုးျဖင့္ ဒုတိယအႀကိမ္ စိုက္ပ်ိဳးရာ၌ စရိတ္သက္သာသည့္နည္း မ်ိဳးေစ့ခ်စိုက္ပ်ိဳးသည့္နည္းကို ေတာင္သူမ်ား အသံုးမ်ားလာေၾကာင္း သိရသည္။

“အခုႏွစ္ကေတာ့ ရာသီအစမွာကိုပဲ နစ္နာဆံုး႐ႈံးမႈေတြရိွပါတယ္။ မိုးရ ေနာက္က်ေတာ့ စိုက္ထားတဲ့ ႏွမ္းနဲ႔ ေျမပဲပင္ေလးေတြ  စံုလင္ေအာင္မေပါက္ၾကေတာ့ဘူး။ ေပါက္လာတဲ့အပင္ေတြက်ျပန္ေတာ့လည္း ေနအ ပူ႐ွိန္ျပင္းတာေၾကာင့္ ေသကုန္ၾကတယ္။ အခု ေနာက္မိုးရြာမွ ဒုတိယအႀကိမ္ ျပန္စိုက္ၾကရတယ္။ မ်ိဳးေျမပဲ၊ မ်ိဳးႏွမ္း တန္ဖိုး၊ ထြန္ယက္ခ၊ လုပ္သားခ စသျဖင့္ နစ္နာမႈေတြ တြက္ၾကည့္လိုက္ရင္ ေတာင္သူတစ္ဦးကို အနည္းဆံုး ငါးသိန္း၊ ဆယ္သိန္းကေန သိန္းႏွစ္ဆယ္ သိန္းသံုးဆယ္ အထိ ဆံုး႐ႈံးၾကရတယ္”ဟု ရွားေဇာင္းကန္ေက်းရြာမွ ႏွမ္းစိုက္ေတာင္သူ ဦးၾကည္စိန္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ပထမစိုက္ထားသည့္ ႏွမ္းႏွင့္ေျမပဲစိုက္ခင္းမ်ားမွာ  အပင္မေအာင္သျဖင့္ စိုက္ခင္းမ်ားျပန္ဖ်က္ကာ ၂၀၁၉ ခုႏွစ္၊ ေမလ(၃၁)ရက္ေန႔တြင္ ရြာသြန္းသည့္မိုးျဖင့္ ျပန္လည္ထြန္ယက္စိုက္ပ်ိဳးၾကရာ၌ ႏွမ္းမ်ိဳး အကုန္သက္သာေစရန္ လက္ႏွင့္ဆုပ္၍ ႀကဲပက္စိုက္ပ်ိဳးျခင္းအစား ႏွမ္းပံုးခ်သည့္နည္းကို ေတာင္သူမ်ား အသံုးျပဳလာေၾကာင္း သိရသည္။

“(၄) ဧက ယာတစ္ခင္းကို လက္နဲ႔ ပက္ႀကဲရင္ ႏွမ္း(၁) တင္းေလာက္ ကုန္တယ္။ ေရသန္႔ဗူး ေအာက္တစ္ပိုင္းျဖတ္ထားတဲ့ ေကာ္ဗူးကို ဖင္မွာ ႏွမ္းေစ့ထြက္က်ရံု အေပါက္ ႏွစ္ေပါက္၊ သံုးေပါက္ ေဖာက္၊ လက္ကိုင္ဖို႔ ဝါးျခမ္းျပားကိုင္းတပ္ၿပီး တစ္ဖက္တစ္ပံုးကိုင္၊ ထြန္ေၾကာင္းထဲတည့္တည့္ ႏွမ္းကို လိုသေလာက္ႀကဲ ခ်ေတာ့ ႏွမ္းကုန္သက္သာတယ္ေလ။ လုပ္အားေတာ့ ပိုစိုက္ရတာေပါ့။ ႏွမ္းပံုးခ်ရင္ (၄) ဧက တစ္ခင္းကို(၈)ျပည္ပဲ ကုန္တယ္။တစ္ခ်ိဳ႕ဆို  (၆) ျပည္ပဲ ကုန္တယ္”ဟု ဦးၾကည္စိန္က ေျပာသည္။

ယခုႏွစ္စိုက္ပ်ိဳးရာသီတြင္ စမံုနက္ ႏွမ္းမ်ိဳးမွာ (၁)တင္းလွ်င္ က်ပ္(၁၁၅၀၀၀)ေစ်းတက္ခဲ့ၿပီး ၂၀၁၈ ခုႏွစ္ ရိတ္သိမ္းခ်ိန္က ေတာင္သူေရာင္းရသည့္ေစ်းမွာ က်ပ္ (၇၀၀၀၀)ဝန္းက်င္သာ ရိွခဲ့ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မကွေးမြို့နယ်အတွင်း မိုးနောက်ကျသဖြင့် နှမ်းနှင့်မြေပဲစိုက်ခင်းများ ဒုတိယအကြိမ် ပြန်လည်စိုက်ပျိုးနေရ
************
မကွေးမြို့နယ်အတွင်း မိုးနောက်ကျသဖြင့်  နှမ်းနှင့် မြေပဲစိုက်ခင်းများ ပျက်စီးသွားရာ မေလကုန်မိုးဖြင့် ဒုတိယအကြိမ် စိုက်ပျိုးရာ၌ စရိတ်သက်သာသည့်နည်း မျိုးစေ့ချစိုက်ပျိုးသည့်နည်းကို တောင်သူများ အသုံးများလာကြောင်း သိရသည်။

“အခုနှစ်ကတော့ ရာသီအစမှာကိုပဲ နစ်နာဆုံးရှုံးမှုတွေရှိပါတယ်။ မိုးရ နောက်ကျတော့ စိုက်ထားတဲ့ နှမ်းနဲ့ မြေပဲပင်လေးတွေ  စုံလင်အောင်မပေါက်ကြတော့ဘူး။ ပေါက်လာတဲ့အပင်တွေကျပြန်တော့လည်း နေအ ပူရှိန်ပြင်းတာကြောင့် သေကုန်ကြတယ်။ အခု နောက်မိုးရွာမှ ဒုတိယအကြိမ် ပြန်စိုက်ကြရတယ်။ မျိုးမြေပဲ၊ မျိုးနှမ်း တန်ဖိုး၊ ထွန်ယက်ခ၊ လုပ်သားခ စသဖြင့် နစ်နာမှုတွေ တွက်ကြည့်လိုက်ရင် တောင်သူတစ်ဦးကို အနည်းဆုံး ငါးသိန်း၊ ဆယ်သိန်းကနေ သိန်းနှစ်ဆယ် သိန်းသုံးဆယ် အထိ ဆုံးရှုံးကြရတယ်”ဟု ရှားဇောင်းကန်ကျေးရွာမှ နှမ်းစိုက်တောင်သူ ဦးကြည်စိန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပထမစိုက်ထားသည့် နှမ်းနှင့်မြေပဲစိုက်ခင်းများမှာ  အပင်မအောင်သဖြင့် စိုက်ခင်းများပြန်ဖျက်ကာ ၂၀၁၉ ခုနှစ်၊ မေလ(၃၁)ရက်နေ့တွင် ရွာသွန်းသည့်မိုးဖြင့် ပြန်လည်ထွန်ယက်စိုက်ပျိုးကြရာ၌ နှမ်းမျိုး အကုန်သက်သာစေရန် လက်နှင့်ဆုပ်၍ ကြဲပက်စိုက်ပျိုးခြင်းအစား နှမ်းပုံးချသည့်နည်းကို တောင်သူများ အသုံးပြုလာကြောင်း သိရသည်။

“(၄) ဧက ယာတစ်ခင်းကို လက်နဲ့ ပက်ကြဲရင် နှမ်း(၁) တင်းလောက် ကုန်တယ်။ ရေသန့်ဗူး အောက်တစ်ပိုင်းဖြတ်ထားတဲ့ ကော်ဗူးကို ဖင်မှာ နှမ်းစေ့ထွက်ကျရုံ အပေါက် နှစ်ပေါက်၊ သုံးပေါက် ဖောက်၊ လက်ကိုင်ဖို့ ဝါးခြမ်းပြားကိုင်းတပ်ပြီး တစ်ဖက်တစ်ပုံးကိုင်၊ ထွန်ကြောင်းထဲတည့်တည့် နှမ်းကို လိုသလောက်ကြဲ ချတော့ နှမ်းကုန်သက်သာတယ်လေ။ လုပ်အားတော့ ပိုစိုက်ရတာပေါ့။ နှမ်းပုံးချရင် (၄) ဧက တစ်ခင်းကို(၈)ပြည်ပဲ ကုန်တယ်။တစ်ချို့ဆို  (၆) ပြည်ပဲ ကုန်တယ်”ဟု ဦးကြည်စိန်က ပြောသည်။

ယခုနှစ်စိုက်ပျိုးရာသီတွင် စမုံနက် နှမ်းမျိုးမှာ (၁)တင်းလျှင် ကျပ်(၁၁၅၀၀၀)စျေးတက်ခဲ့ပြီး ၂၀၁၈ ခုနှစ် ရိတ်သိမ်းချိန်က တောင်သူရောင်းရသည့်စျေးမှာ ကျပ် (၇၀၀၀၀)ဝန်းကျင်သာ ရှိခဲ့ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net