ျမန္မာႏိုင္ငံ၏ ပထမဆံုး ေနေရာင္ျခည္စြမ္းအင္သံုး ဓါတ္အားေပးစက္ရံု စတင္ဖြင့္လွစ္

ျမန္မာႏိုင္ငံ၏ ပထမဆံုး ေနေရာင္ျခည္စြမ္းအင္သံုး ဓါတ္အားေပးစက္ရံု စတင္ဖြင့္လွစ္
ဇွန် 27, 2019
By Tachileik News Agency

ျမန္မာႏိုင္ငံ၏ ပထမဆံုး ေနေရာင္ျခည္စြမ္းအင္သံုး ဆိုလာဓါတ္အားေပးစက္ရံု ဖြင့္ပြဲအား ၂၀၁၉ခုႏွစ္ ဇြန္လ(၂၇)ရက္ေန႔ နံနက္ပိုင္းက က်င္းပျပဳလုပ္ရာ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္ ဖြင့္လွစ္ေပးခဲ့ၿပီး ေခတ္ေျပာင္း၊ ပတ္ဝန္းက်င္ေျပာင္းလဲလာသည္ႏွင့္ အမွ် နည္းပညာအသံုးျပဳမႈကိုလည္း လိုက္ပါေျပာင္းလဲရဲရန္ လိုအပ္ေၾကာင္း အဖြင့္မိန္႔ခြန္းတြင္ ေျပာၾကားသြားသည္။

“ရာသီဥတု ေျပာင္းလဲလာတာနဲ႔အမွ် ေရအားနဲ႔ လွ်ပ္စစ္ထုတ္တဲ့ စနစ္က အျမဲတမ္း စိတ္ခ်ရတာ မဟုတ္ေတာ့ဘူး ဆိုတာ တစ္ခ်ိဳ႕ သတိျပဳမိၾကမွာပါ။ ဒါ့ေၾကာင့္ ကြ်န္မတို႔က ေခတ္ေျပာင္းလာတာနဲ႔အမွ်၊ ပတ္ဝန္း က်င္ေျပာင္းလဲလာတာနဲ႔အမွ် ကြ်န္မတို႔ရဲ႕ နည္းပညာေတြကို လိုက္ပါေျပာင္းႏိုင္တဲ့ ေျပာင္းရဲတဲ့ အရည္အခ်င္းေတြရိွဖို႔ လိုအပ္ပါတယ္”ဟု ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားသည္။

အဆိုပါ ဓာတ္အားေပးစက္ရံုသည္ မေကြးတိုင္းေဒသႀကီး မင္းဘူး(စကု)ၿမိဳ႕၏ အေနာက္ေတာင္ဘက္ (၁၆.၃) မိုင္ခန႔္အကြာ မင္းဘူး- အမ္း ကားလမ္းေဘး၌ တည္ရွိၿပီး   Green Earth Power (Myanmar) Co.,Ltd. ႏွင့္  ၂၀၁၃ ခုႏွစ္၊ ေမလ (၂)ရက္ေန႔တြင္ MOU သေဘာတူလက္မွတ္ေရးထိုး၍ ၂၀၁၆ ခုႏွစ္၊ မတ္လ (၂၀)ရက္ေန႔တြင္ PPA သေသာတူလက္မွတ္ေရးထိုးခဲ့သည့္ စီမံကိန္းတစ္ခု ျဖစ္ေၾကာင္းႏွင့္ စီမံကိန္းကို အဆင့္(၄)ဆင့္ႏွင့္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆင့္(၄)ဆင့္ျဖင့္ ေဆာင္ရြက္သြားမည့္ အဆိုပါ စီမံကိန္းတြင္ ပထမအဆင့္မွ တတိယအဆင့္ထိ (၄၀)မဂၢါ ဝပ္စီ အသီးသီး ထုတ္လႊတ္၍ စတုတၳအဆင့္တြင္ (၅၀)မဂၢါဝပ္ ထုတ္လႊတ္ႏိုင္ရန္ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

စီမံကိန္းတစ္ခုလံုး (၁၇၀)မဂၢါဝပ္တည္ေဆာက္ၿပီးစီးသြားၿပီဆိုပါက တစ္ႏွစ္လွ်င္ လွ်ပ္စစ္စြမ္းအင္ ကီလိုဝပ္ နာရီသန္းေပါင္း (၃၅၀)ထုတ္လႊတ္ေပးသြားႏိုင္မည္ျဖစ္ၿပီး အိမ္ေထာင္စုေပါင္း (၂)သိန္း(၁)ေသာင္းခန္႔အား လွ်ပ္စစ္ဓာတ္အား ျဖန္႔ျဖဴးေပးႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ယင္း စီမံကိန္းကို ယခင္အစိုးရလက္ထက္ ၂၀၁၃ ခုႏွစ္တြင္ MOU သေဘာတူလက္မွတ္ေရးထိုးခဲ့ျခင္း ျဖစ္ ေသာ္လည္း  ေျမယာ႐ွင္းလင္းျခင္းလုပ္ငန္းမ်ား၊ သဘာဝပတ္ဝန္းက်င္ကိစၥရပ္မ်ားအား ၿပီးျပတ္ေအာင္ ေဆာင္ရြက္ႏိုင္ျခင္း မရိွခဲ့၍ အေကာင္အထည္ေဖာ္ေဆာင္ႏိုင္ျခင္း မရွိခဲ့ေသာ္လည္း လက္ရိွ အစိုးရလက္ထက္ ၂၀၁၆ ခုႏွစ္တြင္ PPA သေသာတူလက္မွတ္ေရးထိုးႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း တိုင္းအစိုးရအဖဲြ႔ လွ်ပ္စစ္စြမ္းအင္ဝန္ႀကီး၏ ေျပာၾကားခ်က္အရ သိရသည္။

အဆိုပါ ေနေရာင္ျခည္စြမ္းအင္သံုး ဆိုလာဓာတ္အားေပးစက္ရံုဖြင့္ပြဲသို႔ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အပါအ၀င္ ျပည္ေထာင္စုအဆင့္ ဝန္ႀကီးမ်ား၊ မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႔ ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳႏွင့္ အစိုးရအဖြဲ႔ဝင္ ဝန္ႀကီးမ်ား၊ မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ဥကၠ႒၊ ဒု-ဥကၠ႒ႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ခဲ့ၾကသည္။

သတင္း - ဖီးနစ္
ဓါတ္ပံု - မ်ဳိးျမတ္ ၊ ေ၀ယံလင္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာနိုင်ငံ၏ ပထမဆုံး နေရောင်ခြည်စွမ်းအင်သုံး ဆိုလာဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအား ၂၀၁၉ခုနှစ် ဇွန်လ(၂၇)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဖွင့်လှစ်ပေးခဲ့ပြီး ခေတ်ပြောင်း၊ ပတ်ဝန်းကျင်ပြောင်းလဲလာသည်နှင့် အမျှ နည်းပညာအသုံးပြုမှုကိုလည်း လိုက်ပါပြောင်းလဲရဲရန် လိုအပ်ကြောင်း အဖွင့်မိန့်ခွန်းတွင် ပြောကြားသွားသည်။

“ရာသီဥတု ပြောင်းလဲလာတာနဲ့အမျှ ရေအားနဲ့ လျှပ်စစ်ထုတ်တဲ့ စနစ်က အမြဲတမ်း စိတ်ချရတာ မဟုတ်တော့ဘူး ဆိုတာ တစ်ချို့ သတိပြုမိကြမှာပါ။ ဒါ့ကြောင့် ကျွန်မတို့က ခေတ်ပြောင်းလာတာနဲ့အမျှ၊ ပတ်ဝန်း ကျင်ပြောင်းလဲလာတာနဲ့အမျှ ကျွန်မတို့ရဲ့ နည်းပညာတွေကို လိုက်ပါပြောင်းနိုင်တဲ့ ပြောင်းရဲတဲ့ အရည်အချင်းတွေရှိဖို့ လိုအပ်ပါတယ်”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အဆိုပါ ဓာတ်အားပေးစက်ရုံသည် မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့၏ အနောက်တောင်ဘက် (၁၆.၃) မိုင်ခန့်အကွာ မင်းဘူး- အမ်း ကားလမ်းဘေး၌ တည်ရှိပြီး Green Earth Power (Myanmar) Co.,Ltd. နှင့် ၂၀၁၃ ခုနှစ်၊ မေလ (၂)ရက်နေ့တွင် MOU သဘောတူလက်မှတ်ရေးထိုး၍ ၂၀၁၆ ခုနှစ်၊ မတ်လ (၂၀)ရက်နေ့တွင် PPA သသောတူလက်မှတ်ရေးထိုးခဲ့သည့် စီမံကိန်းတစ်ခု ဖြစ်ကြောင်းနှင့် စီမံကိန်းကို အဆင့်(၄)ဆင့်နှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆင့်(၄)ဆင့်ဖြင့် ဆောင်ရွက်သွားမည့် အဆိုပါ စီမံကိန်းတွင် ပထမအဆင့်မှ တတိယအဆင့်ထိ (၄၀)မဂ္ဂါ ဝပ်စီ အသီးသီး ထုတ်လွှတ်၍ စတုတ္ထအဆင့်တွင် (၅၀)မဂ္ဂါဝပ် ထုတ်လွှတ်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

စီမံကိန်းတစ်ခုလုံး (၁၇၀)မဂ္ဂါဝပ်တည်ဆောက်ပြီးစီးသွားပြီဆိုပါက တစ်နှစ်လျှင် လျှပ်စစ်စွမ်းအင် ကီလိုဝပ် နာရီသန်းပေါင်း (၃၅၀)ထုတ်လွှတ်ပေးသွားနိုင်မည်ဖြစ်ပြီး အိမ်ထောင်စုပေါင်း (၂)သိန်း(၁)သောင်းခန့်အား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်း စီမံကိန်းကို ယခင်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်တွင် MOU သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ် သော်လည်း မြေယာရှင်းလင်းခြင်းလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်ကိစ္စရပ်များအား ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့၍ အကောင်အထည်ဖော်ဆောင်နိုင်ခြင်း မရှိခဲ့သော်လည်း လက်ရှိ အစိုးရလက်ထက် ၂၀၁၆ ခုနှစ်တွင် PPA သသောတူလက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ လျှပ်စစ်စွမ်းအင်ဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာဓာတ်အားပေးစက်ရုံဖွင့်ပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်ထောင်စုအဆင့် ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - မျိုးမြတ်၊ေဝယံလင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net