မေကြးတိုင္းေဒသႀကီးအတြင္း ေသြးလြန္တုပ္ေကြး ျဖစ္ပြားသူ (၈၆)ဦးအထိ ရွိလာရာတြင္ ကေလးမ်ား အမ်ားအျပား ပါ၀င္

မေကြးတိုင္းေဒသႀကီးအတြင္း ေသြးလြန္တုပ္ေကြး ျဖစ္ပြားသူ (၈၆)ဦးအထိ ရွိလာရာတြင္ ကေလးမ်ား အမ်ားအျပား ပါ၀င္
ဇွန် 15, 2019
By Tachileik News Agency

မေကြးတိုင္းေဒသႀကီးတြင္ ၂၀၁၉ခုႏွစ္၏ (၅)လတာကာလအတြင္း ေသြးလြန္တုပ္ေကြးျဖစ္ပြားသူ  (၈၆)ဦးအထိ ရွိလာရာတြင္ အသက္(၁၅)ႏွစ္ေအာက္ ကေလးငယ္မ်ား အျဖစ္မ်ားေၾကာင္း သိရသည္။

“၂၀၁၉ခုႏွစ္ အေနနဲ႔ ဒီေန႔အထိ ေသြးလြန္တုပ္ေကြးျဖစ္ပြားသူ (၈၆)ဦး စာရင္းေတြ႔ရၿပီး အေသအေပ်ာက္ေတာ့ မရိွပါဘူး။ အသက္ (၁၅)ႏွစ္ေအာက္ အထူးသျဖင့္ အသက္ (၅)ႏွစ္ ကေန (၉)ႏွစ္ အတြင္း ကေလးေတြမွာ ေရာဂါအျဖစ္ မ်ားတယ္ဆိုေပမယ့္ အသက္ႀကီးပိုင္းေတြမွာလည္း ေရာဂါျဖစ္ပြားမႈေတြ ေတြ႔ေနရပါတယ္။ အရင္က မိုးရာသီတစ္ခုထဲမွာပဲ ျဖစ္ပြားတတ္တဲ့ေရာဂါျဖစ္ၿပီး ဒီဘက္ႏွစ္ေတြမွာေတာ့ ရာသီမေ႐ြးျဖစ္ပြားေနတာကို ေတြ႔ရပါတယ္”ဟု တိုင္းေဒသႀကီးဌက္ဖ်ားတိုက္ဖ်က္ေရးဌာန ၊ အဖြဲ႔ေခါင္းေဆာင္ဆရာ၀န္ ေဒါက္တာၾကည္သာေဆြက ေျပာသည္။

၂၀၁၈ခုႏွစ္အတြင္း မေကြးတိုင္းတြင္ ေသြးလြန္တုပ္ေကြးျဖစ္ပြားသူ (၃,၀၅၆)ဦး၊ ေသဆံုးသူ (၁၈)ဦး ရိွခဲ့ရာ တစ္ႏိုင္ငံလံုး အတိုင္းအတာအရ မေကြးတိုင္းသည္ ေသြးလြန္တုပ္ေကြးျဖစ္ပြားမႈႏွင့္ ေသဆံုးမႈ ဒုတိယအမ်ားဆံုးျဖစ္ခဲ့ေၾကာင္း သိရသည္။

“ေရာဂါမျဖစ္ပြားဖို႔အတြက္ ျခင္ကိုက္မခံရေအာင္ေနထိုင္ဖို႔ ၊ ျခင္မ႐ွိေအာင္ ဖံုး၊ သြန္၊ စစ္၊ လဲ လုပ္ၾကဖို႔ လိုအပ္သလို ျပည္သူလူထုအေနနဲ႔လည္း ပူးေပါင္းပါ၀င္ၾကဖို႔လိုပါတယ္။ က်န္းမာေရး၀န္ထမ္းအင္အားအရ အိမ္ေပါက္ေစ့ မလုပ္ႏိုင္ေသးေပမယ့္ လုပ္ႏိုင္သမွ်ေတာ့ အိမ္တိုင္ရာေရာက္လိုက္လံလုပ္ေဆာင္ေပးေနၿပီး က်န္းမာေရးအသိပညာေပး တာေတြလည္း လုပ္ေနပါတယ္။ ျပည္သူလူထုပူးေပါင္းပါဝင္မႈကေတာ့ အားနည္းေနပါေသးတယ္”ဟု ေဒါက္တာၾကည္သာေဆြ က ေျပာသည္။

ေသြးလြန္တုပ္ေကြးျဖစ္ပြားမႈႏွင့္ ေသဆံုးမႈ အမ်ားဆံုး တိုင္းႏွင့္ျပည္နယ္ (၅)ခုအနက္ ဒုတိယအမ်ားဆံုးျဖစ္ခဲ့သည့္ မေကြးတိုင္း၌ ကာကြယ္ေရးႏွင့္ ကုသေရးပိုင္းဆိုင္ရာ သင္တန္း တစ္ရပ္ကို ဇြန္လ (၁၁)ရက္ေန႔ က မေကြးတိုင္း ျပည္သူ႔က်န္းမာေရးဦးစီးဌာန႐ံုး၌ ျပဳလုပ္ခဲ့ေၾကာင္း သိရၿပီး ေသြးလြန္တုပ္ေကြးမျဖစ္ပြားေစရန္၊ ျဖစ္ပြားလာပါကလည္း ကုသေရးအပိုင္းတြင္ အထိေရာက္ဆံုးျဖစ္ေစရန္ႏွင့္ ေသဆံုးမႈကို အတတ္ႏိုင္ဆံုး ေလ်ွာ့ခ်ႏိုင္ေစရန္ သင္တန္းပို႔ခ်ေပးျခင္း ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးတိုင်းဒေသကြီးတွင် ၂၀၁၉ခုနှစ်၏ (၅)လတာကာလအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ (၈၆)ဦးအထိ ရှိလာရာတွင် အသက်(၁၅)နှစ်အောက် ကလေးငယ်များ အဖြစ်များကြောင်း သိရသည်။

“၂၀၁၉ခုနှစ် အနေနဲ့ ဒီနေ့အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ (၈၆)ဦး စာရင်းတွေ့ရပြီး အသေအပျောက်တော့ မရှိပါဘူး။ အသက် (၁၅)နှစ်အောက် အထူးသဖြင့် အသက် (၅)နှစ် ကနေ (၉)နှစ် အတွင်း ကလေးတွေမှာ ရောဂါအဖြစ် များတယ်ဆိုပေမယ့် အသက်ကြီးပိုင်းတွေမှာလည်း ရောဂါဖြစ်ပွားမှုတွေ တွေ့နေရပါတယ်။ အရင်က မိုးရာသီတစ်ခုထဲမှာပဲ ဖြစ်ပွားတတ်တဲ့ရောဂါဖြစ်ပြီး ဒီဘက်နှစ်တွေမှာတော့ ရာသီမရွေးဖြစ်ပွားနေတာကို တွေ့ရပါတယ်”ဟု တိုင်းဒေသကြီးဌက်ဖျားတိုက်ဖျက်ရေးဌာန၊ အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာကြည်သာဆွေက ပြောသည်။

၂၀၁၈ခုနှစ်အတွင်း မကွေးတိုင်းတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ (၃,ဝ၅၆)ဦး၊ သေဆုံးသူ (၁၈)ဦး ရှိခဲ့ရာ တစ်နိုင်ငံလုံး အတိုင်းအတာအရ မကွေးတိုင်းသည် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှင့် သေဆုံးမှု ဒုတိယအများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

“ရောဂါမဖြစ်ပွားဖို့အတွက် ခြင်ကိုက်မခံရအောင်နေထိုင်ဖို့၊ ခြင်မရှိအောင် ဖုံး၊ သွန်၊ စစ်၊ လဲ လုပ်ကြဖို့ လိုအပ်သလို ပြည်သူလူထုအနေနဲ့လည်း ပူးပေါင်းပါဝင်ကြဖို့လိုပါတယ်။ ကျန်းမာရေးဝန်ထမ်းအင်အားအရ အိမ်ပေါက်စေ့ မလုပ်နိုင်သေးပေမယ့် လုပ်နိုင်သမျှတော့ အိမ်တိုင်ရာရောက်လိုက်လံလုပ်ဆောင်ပေးနပြေီး ကျန်းမာရေးအသိပညာပေး တာတွေလည်း လုပ်နေပါတယ်။ ပြည်သူလူထုပူးပေါင်းပါဝင်မှုကတော့ အားနည်းနေပါသေးတယ်”ဟု ဒေါက်တာကြည်သာဆွေ က ပြောသည်။

သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှင့် သေဆုံးမှု အများဆုံး တိုင်းနှင့်ပြည်နယ် (၅)ခုအနက် ဒုတိယအများဆုံးဖြစ်ခဲ့သည့် မကွေးတိုင်း၌ ကာကွယ်ရေးနှင့် ကုသရေးပိုင်းဆိုင်ရာ သင်တန်း တစ်ရပ်ကို ဇွန်လ (၁၁)ရက်နေ့ က မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရပြီး သွေးလွန်တုပ်ကွေးမဖြစ်ပွားစေရန်၊ ဖြစ်ပွားလာပါကလည်း ကုသရေးအပိုင်းတွင် အထိရောက်ဆုံးဖြစ်စေရန်နှင့် သေဆုံးမှုကို အတတ်နိုင်ဆုံး လျှော့ချနိုင်စေရန် သင်တန်းပို့ချပေးခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net