ထိုင်းနိုင်ငံတွင် (၁၁)လအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် ရွှေ့ပြောင်းမြန်မာလုပ်သား (၆)သောင်းကျော်ရှိလာ

ထိုင်းနိုင်ငံတွင် (၁၁)လအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် ရွှေ့ပြောင်းမြန်မာလုပ်သား (၆)သောင်းကျော်ရှိလာ
ဇှနျ 1, 2019
By Tachileik News Agency




ထိုင်းနိုင်ငံတွင် အလုပ်သမားဥပဒေသစ်အရ တရားမဝင်လုပ်သားများကို ဖမ်းဆီးခြင်းနှင့် တရားမဝင်လုပ်သားများ အသုံးပြုသည့် လုပ်ငန်းရှင်များအား အရေးယူခြင်းတို့ လုပ်ဆောင်နေပြီး မြန်မာလုပ်သားများအနေဖြင့် MoU စနစ်ဖြင့် သွားရောက်လုပ်ကိုင်နိုင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအနေဖြင့် အခက်အခဲကြုံရပါက မြန်မာ အလုပ်သမားသံအရာရှိရုံးမှ တာဝန်ပေးထားသည့် သံအရာရှိများထံ ဖုန်းဆက်သွယ်အကူအညီတောင်းခံနိုင်မည်ဖြစ်ရာ ဘန်ကောက်မြို့မှ မြန်မာလုပ်သားများအနေဖြင့် ဦးစန်းမောင်ဦး ဖုန်း ၀၉၄၈၈၄၅၄၈၄ နှင့် ဦးရဲရန်အောင် ဖုန်း ၀၆၃၄၄၂၆၂၀၄ ၊ ရနောင်းမြို့မှ မြန်မာလုပ်သားများအနေဖြင့် ဦးကျော်စိုးဝေ ဖုန်း ၀၅၂၂၀၆၉၅၁၊ ချင်းမိုင်မြို့မှ မြန်မာလုပ်သားများအနေဖြင့် ဦးဇော်မင်းထွေး ဖုန်း ၀၆၅၂၂၀၆၉၅၂ နှင့် မဲဆောက်မြို့မှ မြန်မာလုပ်သားများအနေဖြင့် ဦးဝေလင်းမောင် ဖုန်း ၀၆၅၂၂၀၆၉၅၃ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများကို နှစ်နိုင်ငံ သဘောတူညီချက်အရ နယ်စပ်ဂိတ်များဖြစ်သည့် မြဝတီ၊ ကော့သောင်း၊ တာချီလိတ်၊ ထီးခီး၊ မောတောင်တို့မှ လွှဲပြောင်းပေးနေရာ (၁၁)လအတွင်း လူပေါင်း (၆၇,၄၀၅)ဦးကို လွှဲပေးထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ အရေအတွက်မှာ ၂၀၁၈ ခုနှစ် ဇူလိုင်လ (၁)ရက်နေ့မှ ၂၀၁၉ ခုနှစ် မေလ (၂၇)ရက်နေ့အထိ နေရပ်အသီးသီးပြန်ပို့ပေးထားသည့် အရေအတွက်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းအစိုးရက တရားမဝင် နိုင်ငံခြားသားလုပ်သားများကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့မှစ၍ ဖမ်းဆီးအရေးယူနေရာ မြန်မာလုပ်သားများကို ဖမ်းမိပါက နှစ်နိုင်ငံချစ်ကြည်ရေးအရ ပြန်လည်လွှဲပြောင်းပေးရန် မြန်မာနှင့်ထိုင်း နှစ်နိုင်ငံအစိုးရကြား သဘောတူညီထားခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် အလုပ်သမားဥပဒေသစ်အရ တရားမဝင်လုပ်သားများကို ဖမ်းဆီးခြင်းနှင့် တရားမဝင်လုပ်သားများ အသုံးပြုသည့် လုပ်ငန်းရှင်များအား အရေးယူခြင်းတို့ လုပ်ဆောင်နပြေီး မြန်မာလုပ်သားများအနဖြေင့် MoU စနစ်ဖြင့် သွားရောက်လုပ်ကိုင်နိုင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအနဖြေင့် အခက်အခဲကြုံရပါက မြန်မာ အလုပ်သမားသံအရာရှိရုံးမှ တာဝန်ပေးထားသည့် သံအရာရှိများထံ ဖုန်းဆက်သွယ်အကူအညီတောင်းခံနိုင်မည်ဖြစ်ရာ ဘန်ကောက်မြို့မှ မြန်မာလုပ်သားများအနဖြေင့် ဦးစန်းမောင်ဦး ဖုန်း ဝ၉၄၈၈၄၅၄၈၄ နှင့် ဦးရဲရန်အောင် ဖုန်း ဝ၆၃၄၄၂၆၂၀၄၊ ရနောင်းမြို့မှ မြန်မာလုပ်သားများအနဖြေင့် ဦးကျော်စိုးဝေ ဖုန်း ဝ၅၂၂၀၆၉၅၁၊ ချင်းမိုင်မြို့မှ မြန်မာလုပ်သားများအနဖြေင့် ဦးဇော်မင်းထွေး ဖုန်း ဝ၆၅၂၂၀၆၉၅၂ နှင့် မဲဆောက်မြို့မှ မြန်မာလုပ်သားများအနဖြေင့် ဦးဝေလင်းမောင် ဖုန်း ဝ၆၅၂၂၀၆၉၅၃ တို့သို့ ဆက်သွယ်နို်င်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net