မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ႏွင့္ ျမန္မာႏိုင္ငံရုပ္ရွင္အစည္းအရံုး အပါအ၀င္ ေဒသခံမ်ား ပူးေပါင္း၍ အပူခ်ိန္ေလွ်ာ့ခ်ေရးသစ္ပင္စိုက္ပဲြေတာ္ ေခ်ာက္ၿမိဳ႕တြင္ ျပဳလုပ္

မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ႏွင့္ ျမန္မာႏိုင္ငံရုပ္ရွင္အစည္းအရံုး အပါအ၀င္ ေဒသခံမ်ား ပူးေပါင္း၍ အပူခ်ိန္ေလွ်ာ့ခ်ေရးသစ္ပင္စိုက္ပဲြေတာ္ ေခ်ာက္ၿမိဳ႕တြင္ ျပဳလုပ္
ဇွန် 18, 2019
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး ေခ်ာက္ၿမိဳ႕တြင္ အပူခ်ိန္ေလွ်ာ့ခ်ႏိုင္ေရးအတြက္ တိုင္းေဒသႀကီးအစိုးရအဖဲြ႔ႏွင့္ ျမန္ မာႏိုင္ငံရုပ္ရွင္အစည္းအရံုးမွ ရုပ္ရွင္အနုပညာရွင္မ်ား၊ ေဒသခံမ်ား ပူးေပါင္း၍ သစ္ပင္စိုက္ပဲြေတာ္ကို ၂၀၁၉ခုႏွစ္ ဇြန္လ (၁၈)ရက္ ေန႔မွ (၂၀)ရက္ေန႔အထိ(၃)ရက္ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အပူခ်ိန္ေလွ်ာ့ခ်ႏိုင္ေရးအတြက္ ေခ်ာက္ၿမိဳ႕ အမွတ္ (၁) နယ္ေျမရိွ ရွစ္မ်က္နွာဘုရား နွင့္ ေအာင္မဂၤလာ ဘုရားအနီး ပတ္ဝန္းက်င္ေတာင္ကုန္းမ်ား၌ တူးထားသည့္ က်င္းေပါင္း(၅)ေထာင္တြင္ သစ္ပင္စိုက္ပဲြေတာ္ ပထမေန႔အျဖစ္  စတင္ က်င္းပျပဳလုပ္ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔ ေခ်ာက္ၿမိဳ႕ဟာ အပူခ်ိန္အျမင့္မားဆံုးၿမိဳ႕ျဖစ္ေနလို႔ ေဒသခံေတြမွာ ရာသီဥတုပူျပင္းျခင္းရဲ႕ ဒဏ္ကို ဆိုးရြားစြာ ခံစားၾကရပါတယ္။ ဒါ့ေၾကာင့္ ၿမိဳ႕သူၿမိဳ႕သားေတြစုေပါင္းၿပီး ဝိုင္းဝန္းေျဖရွင္းမွ ျဖစ္မယ္ လို႔ အသိစိတ္ေတြကိုယ္စီနဲ႔ ေမလ (၉)ရက္ေန႔မွာ ေခ်ာက္ၿမိဳ႕ေပၚကအရပ္ဖက္အဖဲြ႔အစည္းေတြ၊ ျပည္သူ လူထုေတြ စုေပါင္းၿပီး အင္အား(၅၀)ေက်ာ္နဲ႔ အပူခ်ိန္ေလွ်ာ့ခ်ေရးေကာ္မတီကို ဆပ္ေကာ္မတီမ်ားအလိုက္ ဖဲြ႔စည္းခဲ့ပါတယ္။ ေကာ္မတီက အပူခ်ိန္ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ စုေပါင္းသစ္ပင္စိုက္ၾကမယ္လို႔ ဆံုးျဖတ္ၿပီး ေရရရိွႏိုင္မယ္၊ လူ၊ ယာဥ္သြားလာေရးလြယ္ကူႏိုင္မယ္၊ ၿမိဳ႕ကို တိုက္ရိုက္အက်ိဳးျပဳႏိုင္မယ္ ဆိုတဲ့ ေနရာကို (၃)ေနရာကို ေရြးခ်ယ္ၿပီး သစ္ပင္စိုက္ဖို႔ ျပင္ဆင္ခဲ့ၾကတာပါ”ဟု ေခ်ာက္ၿမိဳ႕နယ္အပူခ်ိန္ေလွ်ာ့ခ်ေရး၊ သစ္ပင္စိုက္ပ်ိဳးထိန္းသိမ္းေရးေကာ္မတီမွ ဦးေဆာင္လႈံ႔ေဆာ္ေရးေကာ္မတီအဖဲြ႔ဝင္ တစ္ဦးက ေျပာသည္။

ေခ်ာက္ျမိဳ႕ အပူခ်ိန္ေလွ်ာ့ခ်ေရး သစ္ပင္စိုက္ပြဲေတာ္ကို  မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ နွင့္ အစိုးရအဖဲြ႔ဝန္ၾကီးမ်ား၊ တိုင္းေဒသႀကီး လႊတ္ေတာ္ဥကၠဌႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ဌာနဆိုင္ရာ အႀကီးအကဲမ်ား၊  ျမန္မာနိုင္ငံ ရုပ္ရွင္အစည္းရံုး ဥကၠဌ ဦးဇင္ဝိုင္း ဦးေဆာင္သည့္ အနုပညာရွင္မ်ား  တက္ ေရာက္၍ သစ္ပင္မ်ား စိုက္ပ်ိဳးၾကၿပီး ျမန္မာနိုင္ငံရုပ္ရွင္အစည္းအရံုး မွ အလွဴေငြ က်ပ္(၄,၈၂၀,၀၀၀)၊ ရန္ကုန္ေရာက္ ေခ်ာက္ျမိဳ႕နယ္မိသားစုအသင္း မွ အလွဴေတာ္ေငြ က်ပ္သိန္း (၇၀) ေခ်ာက္ၿမိဳ႕ သခင္ဖိုးလွၾကီးစက္မႈသိပၸံေက်ာင္း အင္ဂ်င္နီယာေက်ာင္းသားေဟာင္းမ်ား မွ အလွဴေတာ္ေငြ က်ပ္(၅)သိန္း တို႕အား အပူခ်ိန္ေလွ်ာ့ခ်ေရးေကာ္မတီထံသို႔ ေပးအပ္လွဴဒါန္းေၾကာင္း သိရသည္။

“ျမန္မာ့ရုပ္ရွင္ဟာ ေနာက္ႏွစ္မွာ ႏွစ္တစ္ရာျပည့္ပါေတာ့မယ္။ ကြ်န္ေတာ္တို႔ ရုပ္ရွင္ေလာကသားမ်ားဟာ ႏိုင္ငံရဲ႕ လြတ္လပ္ေရး၊ နယ္ခ်ဲ႕ဆန္႔က်င္ေရး၊ ဒီမိုကေရစီအေရးေတြနဲ႔ ျပည္သူေတြ ခံစားရင္ဆိုင္ေနရတဲ့ က်န္းမာေရး၊ လူမႈေရး၊ ပညာေရး၊ စစ္ေဘးနဲ႔ သဘာဝေဘးတို႔ကိုလည္း ျပည္သူ ေတြနဲ႔အတူ တစ္သားထဲခံစားၿပီး ျပည္သူကို အျမဲတန္းကူညီခဲ့ၾကပါတယ္။ ဒီအစဥ္အလာကို ထိန္းသိမ္းတဲ့ အေနနဲ႔ ရုပ္ရွင္ေလာကသားမ်ားဟာ ကြ်န္ေတာ္တို႔ႏိုင္ငံရဲ႕ လိုအပ္တဲ့ေနရာမ်ားမွာ ပါဝင္ကူညီေစာင့္ေရွာက္ရင္း တိုင္းျပည္ကို ျပဳျပင္ထူေထာင္မယ္ဆိုတဲ့ စိတ္နဲ႔ ျမန္မာ့ရုပ္ရွင္ ႏွစ္တစ္ရာျပည့္ေတာ့မယ့္ အႀကိဳအတြက္ လႈပ္ရွားေဆာင္ရြက္ၾကဖို႔ျပင္ဆင္ေနဆဲမွာ သရုပ္ေဆာင္ ကိုေနထူးႏိုင္က ေခ်ာက္ၿမိဳ႕နယ္မွာ အပူခ်ိန္ေလွ်ာ့ခ်ေရးအတြက္ကို သစ္ပင္စိုက္ဖို႔ရိွတယ္ ဆိုတဲ့အတြက္ အေရးေပၚအစည္းအေဝးထိုင္ၿပီး ကြ်န္ေတာ္တို႔ေလာကသားမ်ားက ကြ်န္ေတာ္တို႔တတ္ႏိုင္တဲ့ လူအား၊ ေငြအားနဲ႔ လာေရာက္လွဴဒါန္းေဆာင္ ရြက္ျခင္းျဖစ္ပါတယ္”ဟု သစ္ပင္စိုက္ပဲြေတာ္တြင္ ပူးေပါင္းပါဝင္ရသည့္ ရည္ရြယ္ခ်က္ႏွင့္ ပတ္သက္၍ ျမန္မာႏိုင္ငံရုပ္ရွင္အစည္းအရံုး ဥကၠဌ ဦးဇင္ဝိုင္း ကေျပာသည္။

အပူခ်ိန္ေလွ်ာ့ခ်ေရး သစ္ပင္စိုက္ပြဲေတာ္ကို ဇြန္လ (၁၈) ရက္မွ (၂၀) ရက္ေန႔အထိ (၃)ရက္တိုင္တိုင္ က်င္းပမည္ျဖစ္ျပီး နယ္ေျမခံတပ္မေတာ္၊ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕၊ မီးသတ္တပ္ဖြဲ႕၊ ဌာနဆိုင္ရာဝန္ထမ္းမ်ား၊ နိုင္ငံေရးပါတီမ်ား၊ လူမႈေရးပရဟိတအသင္းအဖြဲ႕မ်ား နွင့္ ေဒသခံျပည္သူမ်ားက စုေပါင္းျပီး ဆက္လက္၍ သစ္ပင္(၁)ေသာင္းအထိ စိုက္ပ်ိဳးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း-ဖီးနစ္
 ဓာတ္ပံု- ဖီးနစ္ ၊ U Aye Kyu Lay


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးတိုင်းဒေသကြီး ချောက်မြို့တွင် အပူချိန်လျှော့ချနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန် မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ရုပ်ရှင်အနုပညာရှင်များ၊ ဒေသခံများ ပူးပေါင်း၍ သစ်ပင်စိုက်ပွဲတော်ကို ၂၀၁၉ခုနှစ် ဇွန်လ (၁၈)ရက် နေ့မှ (၂၀)ရက်နေ့အထိ(၃)ရက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အပူချိန်လျှော့ချနိုင်ရေးအတွက် ချောက်မြို့ အမှတ် (၁) နယ်မြေရှိ ရှစ်မျက်နှာဘုရား နှင့် အောင်မင်္ဂလာ ဘုရားအနီး ပတ်ဝန်းကျင်တောင်ကုန်းများ၌ တူးထားသည့် ကျင်းပေါင်း(၅)ထောင်တွင် သစ်ပင်စိုက်ပွဲတော် ပထမနေ့အဖြစ် စတင် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ချောက်မြို့ဟာ အပူချိန်အမြင့်မားဆုံးမြို့ဖြစ်နေလို့ ဒေသခံတွေမှာ ရာသီဥတုပူပြင်းခြင်းရဲ့ ဒဏ်ကို ဆိုးရွားစွာ ခံစားကြရပါတယ်။ ဒါ့ကြောင့် မြို့သူမြို့သားတွေစုပေါင်းပြီး ဝိုင်းဝန်းဖြေရှင်းမှ ဖြစ်မယ် လို့ အသိစိတ်တွေကိုယ်စီနဲ့ မေလ (၉)ရက်နေ့မှာ ချောက်မြို့ပေါ်ကအရပ်ဖက်အဖွဲ့အစည်းတွေ၊ ပြည်သူ လူထုတွေ စုပေါင်းပြီး အင်အား(၅၀)ကျော်နဲ့ အပူချိန်လျှော့ချရေးကော်မတီကို ဆပ်ကော်မတီများအလိုက် ဖွဲ့စည်းခဲ့ပါတယ်။ ကော်မတီက အပူချိန်လျှော့ချနိုင်ဖို့အတွက် စုပေါင်းသစ်ပင်စိုက်ကြမယ်လို့ ဆုံးဖြတ်ပြီး ရေရရှိနိုင်မယ်၊ လူ၊ ယာဉ်သွားလာရေးလွယ်ကူနိုင်မယ်၊ မြို့ကို တိုက်ရိုက်အကျိုးပြုနိုင်မယ် ဆိုတဲ့ နေရာကို (၃)နေရာကို ရွေးချယ်ပြီး သစ်ပင်စိုက်ဖို့ ပြင်ဆင်ခဲ့ကြတာပါ”ဟု ချောက်မြို့နယ်အပူချိန်လျှော့ချရေး၊ သစ်ပင်စိုက်ပျိုးထိန်းသိမ်းရေးကော်မတီမှ ဦးဆောင်လှုံ့ဆော်ရေးကော်မတီအဖွဲ့ဝင် တစ်ဦးက ပြောသည်။

ချောက်မြို့ အပူချိန်လျှော့ချရေး သစ်ပင်စိုက်ပွဲတော်ကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းရုံး ဥက္ကဌ ဦးဇင်ဝိုင်း ဦးဆောင်သည့် အနုပညာရှင်များ တက် ရောက်၍ သစ်ပင်များ စိုက်ပျိုးကြပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး မှ အလှူငွေ ကျပ်(၄,၈၂၀,ဝဝဝ)၊ ရန်ကုန်ရောက် ချောက်မြို့နယ်မိသားစုအသင်း မှ အလှူတော်ငွေ ကျပ်သိန်း (၇၀) ချောက်မြို့ သခင်ဖိုးလှကြီးစက်မှုသိပ္ပံကျောင်း အင်ဂျင်နီယာကျောင်းသားဟောင်းများ မှ အလှူတော်ငွေ ကျပ်(၅)သိန်း တို့အား အပူချိန်လျှော့ချရေးကော်မတီထံသို့ ပေးအပ်လှူဒါန်းကြောင်း သိရသည်။

“မြန်မာ့ရုပ်ရှင်ဟာ နောက်နှစ်မှာ နှစ်တစ်ရာပြည့်ပါတော့မယ်။ ကျွန်တော်တို့ ရုပ်ရှင်လောကသားများဟာ နိုင်ငံရဲ့ လွတ်လပ်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေးတွေနဲ့ ပြည်သူတွေ ခံစားရင်ဆိုင်နေရတဲ့ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စစ်ဘေးနဲ့ သဘာဝဘေးတို့ကိုလည်း ပြည်သူ တွေနဲ့အတူ တစ်သားထဲခံစားပြီး ပြည်သူကို အမြဲတန်းကူညီခဲ့ကြပါတယ်။ ဒီအစဉ်အလာကို ထိန်းသိမ်းတဲ့ အနေနဲ့ ရုပ်ရှင်လောကသားများဟာ ကျွန်တော်တို့နိုင်ငံရဲ့ လိုအပ်တဲ့နေရာများမှာ ပါဝင်ကူညီစောင့်ရှောက်ရင်း တိုင်းပြည်ကို ပြုပြင်ထူထောင်မယ်ဆိုတဲ့ စိတ်နဲ့ မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့်တော့မယ့် အကြိုအတွက် လှုပ်ရှားဆောင်ရွက်ကြဖို့ပြင်ဆင်နေဆဲမှာ သရုပ်ဆောင် ကိုနေထူးနိုင်က ချောက်မြို့နယ်မှာ အပူချိန်လျှော့ချရေးအတွက်ကို သစ်ပင်စိုက်ဖို့ရှိတယ် ဆိုတဲ့အတွက် အရေးပေါ်အစည်းအဝေးထိုင်ပြီး ကျွန်တော်တို့လောကသားများက ကျွန်တော်တို့တတ်နိုင်တဲ့ လူအား၊ ငွေအားနဲ့ လာရောက်လှူဒါန်းဆောင် ရွက်ခြင်းဖြစ်ပါတယ်”ဟု သစ်ပင်စိုက်ပွဲတော်တွင် ပူးပေါင်းပါဝင်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်း ကပြောသည်။

အပူချိန်လျှော့ချရေး သစ်ပင်စိုက်ပွဲတော်ကို ဇွန်လ (၁၈) ရက်မှ (၂၀) ရက်နေ့အထိ (၃)ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပြီး နယ်မြေခံတပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးပရဟိတအသင်းအဖွဲ့များ နှင့် ဒေသခံပြည်သူများက စုပေါင်းပြီး ဆက်လက်၍ သစ်ပင်(၁)သောင်းအထိ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း-ဖီးနစ်
 ဓာတ်ပုံ- ဖီးနစ်၊ U Aye Kyu Lay

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net