ထုိင္းနယ္စပ္ရိွ စစ္ေျပးဒုကၡသည္စခန္းမ်ားႏွင့္ပတ္သက္၍ ထုတ္ျပန္ခ်က္မွာ မမွန္ကန္သည့္ စြပ္စြဲမႈမ်ားသာျဖစ္သည္ဟု UWSA တာဝန္ရိွသူ တုန္႔ျပန္

ထုိင္းနယ္စပ္ရိွ စစ္ေျပးဒုကၡသည္စခန္းမ်ားႏွင့္ပတ္သက္၍ ထုတ္ျပန္ခ်က္မွာ မမွန္ကန္သည့္ စြပ္စြဲမႈမ်ားသာျဖစ္သည္ဟု UWSA တာဝန္ရိွသူ တုန္႔ျပန္
မေ 30, 2019
By 🌸
ထိုင္းနယ္စပ္ရိွ ရွမ္းစစ္ေျပးဒုကၡသည္စခန္း (၅) ေနရာအား လံုၿခံဳေရးအရ ၿခိမ္းေျခာက္ခံေနရေၾကာင္း SHRF ရွမ္းလူ႔အခြင့္ေရးအဖြဲ႔ႏွင့္ SSRC (Thai Border) အဖြဲ႔တို႔၏  ထုတ္ျပန္ခ်က္မွာ မမွန္ကန္ေသာ စြပ္စြဲခ်က္မ်ားသာျဖစ္သည္ဟု UWSA ၏ လားရႈိးၿမိဳ႕ဆက္ဆံေရး႐ုံး တာဝန္ခံ ဦးညီရန္းက ေမလ (၃၀)ရက္ေန႔တြင္ တုန္႔ျပန္လုိက္သည္။

ျမန္မာ - ထုိင္းနယ္စပ္ရိွ ဒုကၡသည္စခန္းမ်ားအနီး UWSA က နယ္ေျမတိုးခ်ဲ႕မႈမ်ားရိွေနၿပီး ရွမ္းျပည္အတြင္း ေျမယာသိမ္းပိုက္မႈမ်ားလည္းရိွသည္ဟုလည္း SHRF ရွမ္းလူ႔အခြင့္ေရးအဖြဲ႔ႏွင့္ SSRC (Thai Border) အဖြဲ႔တို႔၏  ထုတ္ျပန္ခ်က္တြင္ ေဖၚျပထားခ်က္ကိုလည္း ဦးညီရန္းက ျငင္းဆိုထားသည္။

“ဝ ျပည္ေတာင္ပိုင္း 171 ထိန္းခ်ဳပ္ရာေဒသမွ ရွမ္းဒုကၡသည္စခန္းသို႔သြားေရာက္ေနထိုင္သူ အလြန္နည္းပါတယ္။ တခ်ိဳ႕လည္း ၂၀၁၈ မွာ ျပန္လာျပီးေနာက္ ယခင္ ေျမယာပိုင္ဆိုင္ခဲ့မႈႏွင့္ပတ္သက္ျပီး အျငင္းပြားမႈအနည္းငယ္ရွိတာေတာ့အမွန္ပဲ။ အစိုးရေျမစာရင္းေတြနဲ႔ ့ ပူးေပါင္းေျဖရွင္းခဲ့တာေတြ တစ္ခ်ိဳ႕လည္းရွိတယ္။ တစ္ခ်ိဳ႕က  ဆယ္စုႏွစ္(၂)ခုေက်ာ္ ေရႊ႕ေျပာင္းေတာင္ယာ၊ ေရႊ႕ေျပာင္းေနထိုင္ခဲ့ဖူးၿပီး ထြက္သြားၾကၿပီးမွ  ခုမွျပန္လာခ်င္ၾက၊ ျပန္လာေတာင္းၾကတယ္လို႔ သိရတယ္”ဟု UWSA ၏ လားရႈိးၿမိဳ႕ဆက္ဆံေရး႐ုံး တာဝန္ခံ ဦးညီရန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

SHRF ရွမ္းလူ႔အခြင့္ေရးအဖြဲ႔ႏွင့္ SSRC (Thai Border) အဖြဲ႔တို႔၏  ၂၀၁၉ ခုႏွစ္၊ ေမလ (၂၃) ရက္ေန႔ ေန႔စြဲျဖင့္ ထုတ္ျပန္ခ်က္တြင္ ေဖၚျပထားသည့္ ဒုကၡသည္စခန္းမ်ားကို အေထာက္အပံ့ေပးေနသည့္္ UNHCR ၏ အလႈရွင္ အဖြဲ႔အစည္း ကိုယ္စားလွယ္မ်ားက ကြင္းဆင္းစစ္ေဆးရာ ႏိုင္ငံတကာစစ္ေျပးဒုကၡသည္စံႏႈန္းႏွင့္ မကိုက္ညီေၾကာင္း ေတြ႔ရသျဖင့္ ၂၀၁၈ ခုနွစ္ ႏွစ္ဆန္းပိုင္းမွစ၍ အေထာက္အပံ့မ်ားရပ္ဆုိင္းလိုက္သျဖင့္ အေထာက္အပံ့ျပန္လည္ရရိွေရးရည္ရြယ္သည့္ ထုတ္ျပန္ခ်က္သာျဖစ္သည္ဟု ဦးညီရန္း၏ ေျဖရွင္းခ်က္တြင္ ေျပာၾကားထားသည္။

အဆိုပါစခန္းမ်ားမွာ ၁၉၉၄ ခုႏွစ္ခန္႔မွစ၍ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ရွမ္းျပည္အႏွံ႔မွ လူေပါင္းစံုလာ ေရာက္အေျခခ်ေနထိုင္ရာေနရာမ်ားျဖစ္ၾကျပီး ၂၀၀၆ ခုႏွစ္ေနာက္ပိုင္း လူသစ္မ်ားပိုမိုေရာက္ရိွလာခဲ့သျဖင့္ SHRF၊ SSRC သည္ UNHCR ၊ UNOCHA & TBBC တို႔ႏွင့္ ရိကၡာအပါအဝင္ အျခားေထာက္ပံ့ေရးကိစၥအရပ္ရပ္တို႔အား ၂၀၁၇ ခုႏွစ္အထိ ေဆာင္ရြက္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္း IDPs စခန္းမ်ားတဝိုက္တြင္ RCSS အပါအဝင္ ျပည္သူူ႔စစ္မ်ား၊ အစိုးရတပ္ႏွင့္ UWSA စသည့္ လက္နက္ကိုင္တပ္ဖြဲ႔မ်ား တပ္စြဲထားရာေဒသျဖစ္ေသာ္လည္း ၂၀၀၅ ခုႏွစ္ေနာက္ပိုင္းမွစ၍ တုိက္ပြဲႀကီးမ်ားျဖစ္ပြားျခင္းမရိွေတာ့ဘဲ ထုတ္ျပန္ခ်က္တြင္ ေဖၚျပထားသကဲ့သို႔ IDP မ်ားကို ၿခိမ္းေျခာက္မႈလည္းမရိွေၾကာင္း UWSA ၏ တာဝန္ရိွသူတစ္ဦးျဖစ္သူက ျပန္လည္ရွင္းလင္းထားသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနယ်စပ်ရှိ စစ်ပြေးဒုက္ခသည်စခန်းများနှင့်ပတ်သက်၍ ထုတ်ပြန်ချက်မှာ မမှန်ကန်သည့် စွပ်စွဲမှုများသာဖြစ်သည်ဟု UWSA တာဝန်ရှိသူ တုန့်ပြန်
**************
ထိုင်းနယ်စပ်ရှိ ရှမ်းစစ်ပြေးဒုက္ခသည်စခန်း (၅) နေရာအား လုံခြုံရေးအရ ခြိမ်းခြောက်ခံနေရကြောင်း SHRF ရှမ်းလူ့အခွင့်ရေးအဖွဲ့နှင့် SSRC (Thai Border) အဖွဲ့တို့၏  ထုတ်ပြန်ချက်မှာ မမှန်ကန်သော စွပ်စွဲချက်များသာဖြစ်သည်ဟု UWSA ၏ လားရှိုးမြို့ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက မေလ (၃၀)ရက်နေ့တွင် တုန့်ပြန်လိုက်သည်။
မြန်မာ - ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်းများအနီး UWSA က နယ်မြေတိုးချဲ့မှုများရှိနေပြီး ရှမ်းပြည်အတွင်း မြေယာသိမ်းပိုက်မှုများလည်းရှိသည်ဟုလည်း SHRF ရှမ်းလူ့အခွင့်ရေးအဖွဲ့နှင့် SSRC (Thai Border) အဖွဲ့တို့၏  ထုတ်ပြန်ချက်တွင် ဖေါ်ပြထားချက်ကိုလည်း ဦးညီရန်းက ငြင်းဆိုထားသည်။
“ဝ ပြည်တောင်ပိုင်း 171 ထိန်းချုပ်ရာဒေသမှ ရှမ်းဒုက္ခသည်စခန်းသို့သွားရောက်နေထိုင်သူ အလွန်နည်းပါတယ်။ တချို့လည်း ၂၀၁၈ မှာ ပြန်လာပြီးနောက် ယခင် မြေယာပိုင်ဆိုင်ခဲ့မှုနှင့်ပတ်သက်ပြီး အငြင်းပွားမှုအနည်းငယ်ရှိတာတော့အမှန်ပဲ။ အစိုးရမြေစာရင်းတွေနဲ့ ့ ပူးပေါင်းဖြေရှင်းခဲ့တာတွေ တစ်ချို့လည်းရှိတယ်။ တစ်ချို့က  ဆယ်စုနှစ်(၂)ခုကျော် ရွှေ့ပြောင်းတောင်ယာ၊ ရွှေ့ပြောင်းနေထိုင်ခဲ့ဖူးပြီး ထွက်သွားကြပြီးမှ  ခုမှပြန်လာချင်ကြ၊ ပြန်လာတောင်းကြတယ်လို့ သိရတယ်”ဟု UWSA ၏ လားရှိုးမြို့ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
SHRF ရှမ်းလူ့အခွင့်ရေးအဖွဲ့နှင့် SSRC (Thai Border) အဖွဲ့တို့၏  ၂၀၁၉ ခုနှစ်၊ မေလ (၂၃) ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည့် ဒုက္ခသည်စခန်းများကို အထောက်အပံ့ပေးနေသည့်် UNHCR ၏ အလှုရှင် အဖွဲ့အစည်း ကိုယ်စားလှယ်များက ကွင်းဆင်းစစ်ဆေးရာ နိုင်ငံတကာစစ်ပြေးဒုက္ခသည်စံနှုန်းနှင့် မကိုက်ညီကြောင်း တွေ့ရသဖြင့် ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ အထောက်အပံ့များရပ်ဆိုင်းလိုက်သဖြင့် အထောက်အပံ့ပြန်လည်ရရှိရေးရည်ရွယ်သည့် ထုတ်ပြန်ချက်သာဖြစ်သည်ဟု ဦးညီရန်း၏ ဖြေရှင်းချက်တွင် ပြောကြားထားသည်။
အဆိုပါစခန်းများမှာ ၁၉၉၄ ခုနှစ်ခန့်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ရှမ်းပြည်အနှံ့မှ လူပေါင်းစုံလာ ရောက်အခြေချနေထိုင်ရာနေရာများဖြစ်ကြပြီး ၂၀၀၆ ခုနှစ်နောက်ပိုင်း လူသစ်များပိုမိုရောက်ရှိလာခဲ့သဖြင့် SHRF၊ SSRC သည် UNHCR ၊ UNOCHA & TBBC တို့နှင့် ရိက္ခာအပါအဝင် အခြားထောက်ပံ့ရေးကိစ္စအရပ်ရပ်တို့အား ၂၀၁၇ ခုနှစ်အထိ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း IDPs စခန်းများတဝိုက်တွင် RCSS အပါအဝင် ပြည်သူူ့စစ်များ၊ အစိုးရတပ်နှင့် UWSA စသည့် လက်နက်ကိုင်တပ်ဖွဲ့များ တပ်စွဲထားရာဒေသဖြစ်သော်လည်း ၂၀၀၅ ခုနှစ်နောက်ပိုင်းမှစ၍ တိုက်ပွဲကြီးများဖြစ်ပွားခြင်းမရှိတော့ဘဲ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသကဲ့သို့ IDP များကို ခြိမ်းခြောက်မှုလည်းမရှိကြောင်း UWSA ၏ တာဝန်ရှိသူတစ်ဦးဖြစ်သူက ပြန်လည်ရှင်းလင်းထားသည်။ 
Tachileik News Agency 
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net