ႏုိင္ငံကိုယ္စားျပဳ ေရြးခ်ယ္ခံရသည့္ ထူးခြ်န္ေက်ာင္းသူမွာ ႏိုင္ငံမဲ့ျဖစ္ေန၍ ထိုင္းအစိုးရက ႏုိင္ငံသားအသိအမွတ္ျပဳကတ္ထုတ္ေပး

ႏုိင္ငံကိုယ္စားျပဳ ေရြးခ်ယ္ခံရသည့္ ထူးခြ်န္ေက်ာင္းသူမွာ ႏိုင္ငံမဲ့ျဖစ္ေန၍ ထိုင္းအစိုးရက ႏုိင္ငံသားအသိအမွတ္ျပဳကတ္ထုတ္ေပး
မေ 10, 2019
By Tachileik News Agency

အေမရိကန္ျပည္ေထာင္စုတြင္ က်င္းပမည့္ သိပၸံၿပိဳင္ပြဲသို႔ ထုိင္းႏုိင္ငံကိုယ္စားျပဳ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ေက်ာင္းသူမွာ ႏိုင္ငံမဲ့ျဖစ္ေနသည့္အတြက္  ဗီဇာေလွ်ာက္ထားႏုိင္ရန္ ၂၀၁၉ ခုႏွစ္၊ ေမလ (၁၀)ရက္ေန႔တြင္ ထုိင္းအာဏာပိုင္မ်ားက နုိင္ငံသားအျဖစ္ အသိအမွတ္ျပဳလုိက္ၿပီျဖစ္ေၾကာင္း သိရသည္။

၂၀၁၉ခုႏွစ္ ေမလ(၁၀)ရက္ေန႔ ေသာၾကာေန႔ နံနက္က ခ်င္းရိုင္းခရိုင္အုပ္ခ်ဳပ္ေရးမွဴး ႏိုင္းပရကြ်န္း ပရစကြန္းႏွင့္ တာ၀န္ရွိသူမ်ားက အသက္(၁၈)ႏွစ္အရြယ္ နမ္ဖြန္အား ထိုင္းႏိုင္ငံသားမွတ္ပံုတင္ကို ေန႔ခ်င္းအၿပီး ျပဳလုပ္ေပးလိုက္ျခင္းျဖစ္သည္။

အဆုိပါေက်ာင္းသူမွာ အရီဇိုးနားျပည္နယ္၊ ဖီးနစ္တြင္ က်င္းပမည့္ Intel International Science and Engineering Fair တက္ေရာက္ရန္အတြက္ အေမရိကန္ဗီဇာေလွ်ာက္ထားရာတြင္ ႏုိင္ငံမဲ့ျဖစ္ေနသည့္အတြက္ အခက္အခဲျဖစ္ေနရသျဖင့္ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္ထံမွ အကူအညီေတာင္းခံခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

အသက္ (၁၈)ႏွစ္အရြယ္ နမ္ဖြန္ကို ျမန္မာမိဘမ်ားက ထုိင္းနုိင္ငံ ခ်င္းရိုင္းတြင္ ေမြးဖြားခဲ့ၿပီး အဆိုပါေဒသတြင္ အေျခစိုက္ေနထုိင္သူမ်ားျဖစ္ကာ ၂၀၁၇ ခုႏွစ္က ႏုိင္ငံသားေလွ်ာက္ထားခဲ့သူျဖစ္ေၾကာင္း သိရသည္။

အလားတူပင္ အသက္ (၁၇)ႏွစ္အရြယ္ ေက်ာင္းသူတစ္ဦးျဖစ္သည့္ ပလိြဳင္မွာလည္း အေမရိကန္လူငယ္သိပၸံၿပိဳင္ပြဲတြင္ ထုိင္းနိုင္ငံကိုယ္စားျပဳအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ ေရြးခ်ယ္ခံရေသာ္လည္း ႏုိင္ငံမဲ့ျဖစ္ေန၍ အခက္အခဲျဖစ္ေနရျခင္းျဖစ္ရာ ထုိင္းအာဏာပိုင္မ်ားက အဆိုပါေက်ာင္းသူမ်ားအား ႏုိင္ငံသားခြင့္ျပဳျခင္းကို အေဆာတလ်င္ေဆာင္ရြက္ေပးလာေၾကာင္း သိရသည္။

Tachileik News Agency
Ref:Bangkok Post, chaingrai governor
Photo: Chaingrai Governor


~~~~~~~~⊰❂ Unicode Version ~~~~~~~~

အမေရိကန်ပြည်ထောင်စုတွင် ကျင်းပမည့် သိပ္ပံပြိုင်ပွဲသို့ ထိုင်းနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသူမှာ နိုင်ငံမဲ့ဖြစ်နေသည့်အတွက် ဗီဇာလျှောက်ထားနိုင်ရန် ၂၀၁၉ ခုနှစ်၊ မေလ (၁၀)ရက်နေ့တွင် ထိုင်းအာဏာပိုင်များက နိုင်ငံသားအဖြစ် အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

၂၀၁၉ခုနှစ် မေလ(၁၀)ရက်နေ့ သောကြာနေ့ နံနက်က ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူး နိုင်းပရကျွန်း ပရစကွန်းနှင့် တာဝန်ရှိသူများက အသက်(၁၈)နှစ်အရွယ် နမ်ဖွန်အား ထိုင်းနိုင်ငံသားမှတ်ပုံတင်ကို နေ့ချင်းအပြီး ပြုလုပ်ပေးလိုက်ခြင်းဖြစ်သည်။

အဆိုပါကျောင်းသူမှာ အရီဇိုးနားပြည်နယ်၊ ဖီးနစ်တွင် ကျင်းပမည့် Intel International Science and Engineering Fair တက်ရောက်ရန်အတွက် အမေရိကန်ဗီဇာလျှောက်ထားရာတွင် နိုင်ငံမဲ့ဖြစ်နေသည့်အတွက် အခက်အခဲဖြစ်နေရသဖြင့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံမှ အကူအညီတောင်းခံခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အသက် (၁၈)နှစ်အရွယ် နမ်ဖွန်ကို မြန်မာမိဘများက ထိုင်းနိုင်ငံ ချင်းရိုင်းတွင် မွေးဖွားခဲ့ပြီး အဆိုပါဒေသတွင် အခြေစိုက်နေထိုင်သူများဖြစ်ကာ ၂၀၁၇ ခုနှစ်က နိုင်ငံသားလျှောက်ထားခဲ့သူဖြစ်ကြောင်း သိရသည်။

အလားတူပင် အသက် (၁၇)နှစ်အရွယ် ကျောင်းသူတစ်ဦးဖြစ်သည့် ပလွိုင်မှာလည်း အမေရိကန်လူငယ်သိပ္ပံပြိုင်ပွဲတွင် ထိုင်းနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခံရသော်လည်း နိုင်ငံမဲ့ဖြစ်နေ၍ အခက်အခဲဖြစ်နေရခြင်းဖြစ်ရာ ထိုင်းအာဏာပိုင်များက အဆိုပါကျောင်းသူများအား နိုင်ငံသားခွင့်ပြုခြင်းကို အဆောတလျင်ဆောင်ရွက်ပေးလာကြောင်း သိရသည်။

Tachileik News Agency
Ref:Bangkok Post, chaingrai governor
Photo: Chaingrai Governor

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net