မူးယစ္ေမွာင္ခိုမႈ၊ ေငြေၾကးခဝါခ်မႈမ်ားျဖင့္ ထုိင္းလူငယ္တစ္ဦးကို ဘန္ေကာက္တြင္ဖမ္းဆီးၿပီး ဘတ္သန္း (၂၀)တန္ဖိုးရိွ ပိုင္ဆုိင္မႈမ်ား သိမ္းဆည္း

မူးယစ္ေမွာင္ခိုမႈ၊ ေငြေၾကးခဝါခ်မႈမ်ားျဖင့္ ထုိင္းလူငယ္တစ္ဦးကို ဘန္ေကာက္တြင္ဖမ္းဆီးၿပီး ဘတ္သန္း (၂၀)တန္ဖိုးရိွ ပိုင္ဆုိင္မႈမ်ား သိမ္းဆည္း
မေ 14, 2019
By 🌸
မူးယစ္ေမွာင္ခိုမႈ၊ မူးယစ္ေဆးဝါးေရာင္းခ်ရေငြမ်ားကို ခဝါခ်ေပးမႈျဖင့္ အသက္ (၂၆)ႏွစ္အရြယ္ ထုိင္းလူငယ္တစ္ဦးကို ဘန္ေကာက္တြင္ ဖမ္းဆီးလုိက္ၿပီး ဘတ္သန္း (၂၀)တန္ဖိုးရိွ ပိုင္ဆုိင္မႈမ်ားကို ထိန္းသိမ္းလုိက္ေၾကာင္း ၂၀၁၉ ခုႏွစ္၊ ေမလ (၁၃)ရက္ေန႔တြင္ မူးယစ္ဗဟိုမွရဲခ်ဳပ္၏ သတင္းစာရွင္းလင္းပြဲတြင္ ထုတ္ေဖၚေျပာၾကားလုိက္ေၾကာင္း The Nation သတင္းတြင္ ေဖၚျပထားသည္။

ယခုထိန္းသိမ္းလုိက္သည့္ ခ်တူရြန္ဆိုသည့္လူငယ္ကို ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၃)ရက္ေန႔ကတည္းက ရာဇဝတ္တရားရံုးက မူးယစ္ေဆးေရာင္းဝယ္မႈမ်ားႏွင့္ဆက္စပ္ၿပီး ဝရမ္းထုတ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

ခ်တူရြန္၏ အိမ္(၂)လံုး၊ ကား (၃)စီး၊ ဆုိင္ကယ္တစ္စီးႏွင့္ စိန္ေရႊလက္ဝတ္ရတနာမ်ားကိုပါ ထိန္းသိမ္းလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါလူငယ္မွာ မူးယစ္ေဆးထုတ္လုပ္သည့္ေနရာမ်ားမွေန၍ နိုင္ငံတြင္းသို႔ မူးယစ္ေမွာင္ခိုတင္သြင္းမႈမ်ားတြင္ ပါဝင္ပတ္သက္ေနသည့္အျပင္ မူးယစ္ေဆးေရာင္းဝယ္မႈမ်ားမွ ေငြေၾကးမ်ားျဖင့္ အိမ္ၿခံေျမမ်ား၊ အိမ္မ်ား၊ ေမာ္ေတာ္ယာဥ္မ်ားႏွင့္ အျခားတန္ဖိုးရိွပစၥည္းမ်ား ဝယ္ယေပးေနသူျဖစ္သည္ဟု သံသယရိွခံေနရျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Ref: The Nation

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မူးယစ်မှောင်ခိုမှု၊ ငွေကြေးခဝါချမှုများဖြင့် ထိုင်းလူငယ်တစ်ဦးကို ဘန်ကောက်တွင်ဖမ်းဆီးပြီး ဘတ်သန်း (၂၀)တန်ဖိုးရှိ ပိုင်ဆိုင်မှုများ သိမ်းဆည်း
*********
မူးယစ်မှောင်ခိုမှု၊ မူးယစ်ဆေးဝါးရောင်းချရငွေများကို ခဝါချပေးမှုဖြင့် အသက် (၂၆)နှစ်အရွယ် ထိုင်းလူငယ်တစ်ဦးကို ဘန်ကောက်တွင် ဖမ်းဆီးလိုက်ပြီး ဘတ်သန်း (၂၀)တန်ဖိုးရှိ ပိုင်ဆိုင်မှုများကို ထိန်းသိမ်းလိုက်ကြောင်း ၂၀၁၉ ခုနှစ်၊ မေလ (၁၃)ရက်နေ့တွင် မူးယစ်ဗဟိုမှရဲချုပ်၏ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖေါ်ပြောကြားလိုက်ကြောင်း The Nation သတင်းတွင် ဖေါ်ပြထားသည်။

ယခုထိန်းသိမ်းလိုက်သည့် ချတူရွန်ဆိုသည့်လူငယ်ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၃)ရက်နေ့ကတည်းက ရာဇဝတ်တရားရုံးက မူးယစ်ဆေးရောင်းဝယ်မှုများနှင့်ဆက်စပ်ပြီး ဝရမ်းထုတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ချတူရွန်၏ အိမ်(၂)လုံး၊ ကား (၃)စီး၊ ဆိုင်ကယ်တစ်စီးနှင့် စိန်ရွှေလက်ဝတ်ရတနာများကိုပါ ထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလူငယ်မှာ မူးယစ်ဆေးထုတ်လုပ်သည့်နေရာများမှနေ၍ နိုင်ငံတွင်းသို့ မူးယစ်မှောင်ခိုတင်သွင်းမှုများတွင် ပါဝင်ပတ်သက်နေသည့်အပြင် မူးယစ်ဆေးရောင်းဝယ်မှုများမှ ငွေကြေးများဖြင့် အိမ်ခြံမြေများ၊ အိမ်များ၊ မော်တော်ယာဉ်များနှင့် အခြားတန်ဖိုးရှိပစ္စည်းများ ဝယ်ယပေးနေသူဖြစ်သည်ဟု သံသယရှိခံနေရခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref: The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net