ျမန္မာႏိုင္ငံ၏ ပထမဆံုး ေနေရာင္ျခည္စြမ္းအင္သံုး ဓာတ္အားေပးစက္ရံုမွ လွ်ပ္စစ္ဓာတ္အား စတင္ထုတ္လႊတ္ေတာ့မည္

ျမန္မာႏိုင္ငံ၏ ပထမဆံုး ေနေရာင္ျခည္စြမ္းအင္သံုး ဓာတ္အားေပးစက္ရံုမွ လွ်ပ္စစ္ဓာတ္အား စတင္ထုတ္လႊတ္ေတာ့မည္
မေ 20, 2019
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး မင္းဘူးၿမိဳ႕နယ္၌ တည္ေဆာက္ထားသည့္ ျမန္မာႏိုင္ငံ၏ ပထမဆံုး ဆိုလာဓာတ္အားေပးစက္ရံုက ပထမအဆင့္ ထုတ္လႊတ္မႈအျဖစ္ မဂၢါဝပ္(၂၀)ကို  ၂၀၁၉ ခုႏွစ္၊ ေမလကုန္တြင္ ႏိုင္ငံေတာ္ဓာတ္အားစနစ္သို႔ ခိ်တ္ဆက္ထုတ္လႊတ္ေပးသြားႏိုင္မည္ျဖစ္ေၾကာင္း မေကြးတိုင္းေဒသႀကီး အစိုးရအဖဲြ႔ထံမွ သိရသည္။

“ႏိုင္ငံေတာ္ဓာတ္အားစနစ္ထဲကို ပထမအဆင့္အေနနဲ႔ (၄၀) မဂၢါဝပ္ထုတ္လႊတ္ဖို႔ ေဆာင္ရြက္ေနတာမွာ အခု ေမလ(၃၀)ရက္ေန႔မွာ မဂၢါဝပ္(၂၀) ကို စၿပီး ထုတ္လႊတ္သြားဖို႔ ျပင္ဆင္ေနပါၿပီ။ ေနာက္ မဂၢါဝပ္ (၂၀)ကိုလည္း တစ္လခဲြေလာက္ေနရင္ ထုတ္လႊတ္ေပးႏိုင္မွာျဖစ္ပါတယ္။ ဆည္ေတြ ေရခန္းလို႔ လွ်ပ္စစ္ ဓာတ္အားထုတ္လုပ္ႏိုင္မႈ က်ဆင္းေနခ်ိန္မွာ ႏိုင္ငံေတာ္အတြက္ေရာ တိုင္းေဒသႀကီးအတြက္ပါ လွ်ပ္စစ္ဓာတ္အားျဖည့္ဆည္းေပးႏိုင္မယ့္ ႏိုင္ငံရဲ႕ ပထမဆံုး ေနေရာင္ျခည္နဲ႔ လွ်ပ္စစ္ ဓာတ္အား ထုတ္လုပ္ႏိုင္မႈ ျဖစ္လို႔ ဂုဏ္ယူစရာပါ”ဟု မေကြးတုိင္းေဒသႀကီးသဘာဝပတ္ဝန္းက်င္၊သယံဇာတႏွင့္ လွ်ပ္စစ္စြမ္းအင္ဝန္ႀကီးထံမွ ဝန္ႀကီး ဦးျမင့္ေဇာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေနေရာင္ျခည္စြမ္းအင္သံုး ဓာတ္အားေပးစက္ရံုမွာ မင္းဘူးၿမိဳ႕၏ အေနာက္ေတာင္ဘက္ (၁၆.၃) မိုင္ခန႔္အကြာ မင္းဘူး- အမ္း ကားလမ္းေဘး၌ တည္ရွိၿပီး Green Earth Power (Myanmar) Co.,Ltd.ႏွင့္  ၂၀၁၃ ခုႏွစ္၊ ေမလ (၂)ရက္ေန႔တြင္ MOU သေဘာတူလက္မွတ္ေရးထိုး၍ ၂၀၁၆ ခုႏွစ္၊ မတ္လ (၂၀)ရက္ေန႔တြင္ PPA သေသာတူလက္မွတ္ေရးထိုးခဲ့သည့္ စီမံကိန္းတစ္ခု ျဖစ္သည္။

“အရင္ အစိုးရလက္ထက္က PPA လက္မွတ္ေရးထိုးသေဘာတူခဲ့တဲ့ စီမံကိန္းတစ္ခုျဖစ္ေပမဲ့ ေျမယာ႐ွင္းလင္းျခင္းလုပ္ငန္းေတြ၊ သဘာဝပတ္ဝန္းက်င္ကိစၥေတြကို ၿပီးျပတ္ေအာင္ ေဆာင္ရြက္ႏိုင္ျခင္း မရိွခဲ့တာေၾကာင့္ အေကာင္အထည္ေဖာ္ေဆာင္ႏိုင္ခဲ့ျခင္း မရိွခဲ့ပါဘူး။  ေျမလြတ္ေျမ႐ိုင္း လုပ္ကိုင္ခြင့္ ဧက (၇၀၀) ႏို္င္ငံေတာ္က ခ်ထားေပးခဲ့တယ္။အဲဒီ ဧက(၇၀၀)မေလာက္ဘူးဆိုတာေၾကာင့္ ကၽြန္ေတာ္တို႔ အစိုးရလက္ထက္မွာ သစ္ေတာေျမဧက (၁၃၆) ဧကကို ႏွစ္(၃၀)စာခ်ဳပ္နဲ႔ ငွါးရမ္းခဲ့ၿပီး ၂၀၁၈ ခုႏွစ္ ေဖေဖၚဝါရီလ (၄)ရက္ေန႔မွာ လုပ္ငန္းေတြ စတင္ေဆာင္ရြက္ခြင့္ေပးခဲ့တာျဖစ္ပါတယ္”ဟု ဝန္ႀကီး ဦးျမင့္ေဇာ္က ေျပာသည္။

ပထမအဆင့္ထုတ္လႊတ္မည့္ မဂၢါဝပ္(၄၀)ကို ယခင္အစိုးရလက္ထက္က သေဘာတူညီခဲ့သည့္ ႏႈန္းထားျဖစ္သည့္ (၁) ယူနစ္လွ်င္ အေမရိကန္ေဒၚလာ (၁၂.၇၅) ဆင့္၊ ျမန္မာေငြ က်ပ္(၁၉၀)ဝန္းက်င္ ေပးေခ်ရမည္ျဖစ္ၿပီး ေနာက္ထပ္ထုတ္လႊတ္မည့္ဓါတ္အားမ်ားကို ေစ်းႏႈန္းထပ္မံေလွ်ာ့ခ်ရန္ ညိႇႏိႈင္းမႈမ်ား လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။ 

ယင္း သေဘာ တူညီခ်က္ ႏွဳန္း ထားအတိုင္း ေပးေခ်မည္ျဖစ္ၿပီး ေနာက္ ထုတ္လႊတ္မည့္ မဂၢါဝပ္မ်ားအတြက္ ယခင္ အစိုးရႏွင့္ သေဘာ တူခဲ့သည့္ ႏွဳန္းထားထက္ ေလွ်ာ့၍ ေပးေခ်သြားႏိုင္ရန္ ညိွႏိွဳင္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္
ဓာတ္ပံု - မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႔


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်၌ တည်ဆောက်ထားသည့် မြန်မာနိုင်ငံ၏ ပထမဆုံး ဆိုလာဓာတ်အားပေးစက်ရုံက ပထမအဆင့် ထုတ်လွှတ်မှုအဖြစ် မဂ္ဂါဝပ်(၂၀)ကို ၂၀၁၉ ခုနှစ်၊ မေလကုန်တွင် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ထုတ်လွှတ်ပေးသွားနိုင်မည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

“နိုင်ငံတော်ဓာတ်အားစနစ်ထဲကို ပထမအဆင့်အနေနဲ့ (၄၀) မဂ္ဂါဝပ်ထုတ်လွှတ်ဖို့ ဆောင်ရွက်နေတာမှာ အခု မေလ(၃၀)ရက်နေ့မှာ မဂ္ဂါဝပ်(၂၀) ကို စပြီး ထုတ်လွှတ်သွားဖို့ ပြင်ဆင်နေပါပြီ။ နောက် မဂ္ဂါဝပ် (၂၀)ကိုလည်း တစ်လခွဲလောက်နေရင် ထုတ်လွှတ်ပေးနိုင်မှာဖြစ်ပါတယ်။ ဆည်တွေ ရေခန်းလို့ လျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်မှု ကျဆင်းနေချိန်မှာ နိုင်ငံတော်အတွက်ရော တိုင်းဒေသကြီးအတွက်ပါ လျှပ်စစ်ဓာတ်အားဖြည့်ဆည်းပေးနိုင်မယ့် နိုင်ငံရဲ့ ပထမဆုံး နေရောင်ခြည်နဲ့ လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်မှု ဖြစ်လို့ ဂုဏ်ယူစရာပါ”ဟု မကွေးတိုင်းဒေသကြီးသဘာဝပတ်ဝန်းကျင်၊သယံဇာတနှင့် လျှပ်စစ်စွမ်းအင်ဝန်ကြီးထံမှ ဝန်ကြီး ဦးမြင့်ဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံမှာ မင်းဘူးမြို့၏ အနောက်တောင်ဘက် (၁၆.၃) မိုင်ခန့်အကွာ မင်းဘူး- အမ်း ကားလမ်းဘေး၌ တည်ရှိပြီး Green Earth Power (Myanmar) Co.,Ltd.နှင့် ၂၀၁၃ ခုနှစ်၊ မေလ (၂)ရက်နေ့တွင် MOU သဘောတူလက်မှတ်ရေးထိုး၍ ၂၀၁၆ ခုနှစ်၊ မတ်လ (၂၀)ရက်နေ့တွင် PPA သသောတူလက်မှတ်ရေးထိုးခဲ့သည့် စီမံကိန်းတစ်ခု ဖြစ်သည်။

“အရင် အစိုးရလက်ထက်က PPA လက်မှတ်ရေးထိုးသဘောတူခဲ့တဲ့ စီမံကိန်းတစ်ခုဖြစ်ပေမဲ့ မြေယာရှင်းလင်းခြင်းလုပ်ငန်းတွေ၊ သဘာဝပတ်ဝန်းကျင်ကိစ္စတွေကို ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့တာကြောင့် အကောင်အထည်ဖော်ဆောင်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ မြေလွတ်မြေရိုင်း လုပ်ကိုင်ခွင့် ဧက (၇၀၀) နို်င်ငံတော်က ချထားပေးခဲ့တယ်။အဲဒီ ဧက(၇၀၀)မလောက်ဘူးဆိုတာကြောင့် ကျွန်တော်တို့ အစိုးရလက်ထက်မှာ သစ်တောမြေဧက (၁၃၆) ဧကကို နှစ်(၃၀)စာချုပ်နဲ့ ငှါးရမ်းခဲ့ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၄)ရက်နေ့မှာ လုပ်ငန်းတွေ စတင်ဆောင်ရွက်ခွင့်ပေးခဲ့တာဖြစ်ပါတယ်”ဟု ဝန်ကြီး ဦးမြင့်ဇော်က ပြောသည်။

ပထမအဆင့်ထုတ်လွှတ်မည့် မဂ္ဂါဝပ်(၄၀)ကို ယခင်အစိုးရလက်ထက်က သဘောတူညီခဲ့သည့် နှုန်းထားဖြစ်သည့် (၁) ယူနစ်လျှင် အမေရိကန်ဒေါ်လာ (၁၂.၇၅) ဆင့်၊ မြန်မာငွေ ကျပ်(၁၉၀)ဝန်းကျင် ပေးချေရမည်ဖြစ်ပြီး နောက်ထပ်ထုတ်လွှတ်မည့်ဓာတ်အားများကို ဈေးနှုန်းထပ်မံလျှော့ချရန် ညှိနှိုင်းမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်း သဘော တူညီချက် နှုန်း ထားအတိုင်း ပေးချေမည်ဖြစ်ပြီး နောက် ထုတ်လွှတ်မည့် မဂ္ဂါဝပ်များအတွက် ယခင် အစိုးရနှင့် သဘော တူခဲ့သည့် နှုန်းထားထက် လျှော့၍ ပေးချေသွားနိုင်ရန် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net