သီတဂူဆရာေတာ္၏ (၃၅)ခုေျမာက္ သီတဂူေဆးရံုကို ေရႊကုကၠိဳလ္ၿမိဳင္တြင္ စတင္ဖြင့္လွစ္

သီတဂူဆရာေတာ္၏ (၃၅)ခုေျမာက္ သီတဂူေဆးရံုကို ေရႊကုကၠိဳလ္ၿမိဳင္တြင္ စတင္ဖြင့္လွစ္
မေ 4, 2019
By 🌸
သီတဂူေဆးရံု (၃၅)ခုေျမာက္အျဖစ္ ကရင္ျပည္နယ္၊ ျမဝတီခ႐ိုင္၊ ေရႊကုကၠိဳၿမိဳင္ၿမိဳ႕တြင္ သီတဂူ ခ်စ္သူစကၡဳဒါနေဆးရံုကို ၂၀၁၉ ခုႏွစ္၊ ေမလ (၃)ရက္ေန႔ နံနက္ (၇)နာရီခြဲက ဖြင့္လွစ္ရာ သီတဂူဆရာေတာ္ ဘဒၵႏၱဥာဏိႆရ ၾကြေရာက္ဖြင့္လွစ္ေပးေၾကာင္း သိရသည္။

ေဆးရံုဖြင့္ပြဲအထိမ္းအမွတ္အျဖစ္ မ်က္စိေဝဒနာရွင္မ်ားကို စမ္းသပ္ကုသေပးရာ လာေရာက္ကုသသူ (၂၀၀)ဦးရိွၿပီး ယင္းတို႔အနက္ ခြဲစိတ္ကုသရန္လိုအပ္သည့္ လူနာ (၆၆)ဦးကို ခြဲစိတ္ကုသေပးခဲ့ေၾကာင္း သိရသည္။
ကရင္ျပည္နယ္တြင္ ၿမိဳင္ႀကီးငူသီတဂူစကၡဳဒါနေဆးရံုကိုဖြင့္လွစ္ထားၿပီးျဖစ္ရာ ယခုဖြင့္လွစ္သည့္ ေရႊကုကၠိဳၿမိဳင္ၿမိဳ႕မွ သီတဂူခ်စ္သူစကၡဳဒါနေဆးရံုမွာ ျပည္နယ္အတြင္း ဒုတိယေျမာက္ သီတဂူေဆးရံုျဖစ္သည္။

သီတဂူေဆးရံုမ်ားကို ေဒသအသီးသီးတြင္ တည္ေဆာက္ေနရာ စစ္ကိုင္းတိုင္းေဒသႀကီး အင္းေဒါင္ၿမိဳ႕၊ ခႏၲီးၿမိဳ႕ ႏွင့္ ပုလဲၿမိဳ႕၊ တနသၤာရီတိုင္းေဒသႀကီး ပုေလာၿမိဳ႕၊  ရန္ကုန္တိုင္းေဒသႀကီး ဒဂံုၿမိဳ႕သစ္ေျမာက္ပိုင္း၊ ပဲခူးတိုင္းေဒသႀကီး ေကတုမတီၿမိဳ႕၊ တနသၤာရီတိုင္းေဒသႀကီး ျမိတ္ၿမိဳ႕၊ မႏၲေလးတိုင္းေဒသႀကီး ကူမဲၿမိဳ႕တို႔တြင္လည္း ဆက္လက္တည္ေဆာက္ေနဆဲျဖစ္ေၾကာင္း သိရသည္။

သီတဂူဆရာေတာ္ ေဒါက္တာ ဘဒၵႏၲဥာဏိႆရသည္ ႏိုင္ငံတဝန္း ေဆးရံုေပါင္း (၄၅)ခု တည္ေဆာက္ရန္ လ်ာထားျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Photo #သီတဂူေက်ာ္ဆန္းဝင္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
သီတဂူဆရာတော်၏ (၃၅)ခုမြောက် သီတဂူဆေးရုံကို ရွှေကုက္ကိုလ်မြိုင်တွင် စတင်ဖွင့်လှစ်
**************
သီတဂူဆေးရုံ (၃၅)ခုမြောက်အဖြစ် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ရွှေကုက္ကိုမြိုင်မြို့တွင် သီတဂူ ချစ်သူစက္ခုဒါနဆေးရုံကို ၂၀၁၉ ခုနှစ်၊ မေလ (၃)ရက်နေ့ နံနက် (၇)နာရီခွဲက ဖွင့်လှစ်ရာ သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရ ကြွရောက်ဖွင့်လှစ်ပေးကြောင်း သိရသည်။

ဆေးရုံဖွင့်ပွဲအထိမ်းအမှတ်အဖြစ် မျက်စိဝေဒနာရှင်များကို စမ်းသပ်ကုသပေးရာ လာရောက်ကုသသူ (၂၀၀)ဦးရှိပြီး ယင်းတို့အနက် ခွဲစိတ်ကုသရန်လိုအပ်သည့် လူနာ (၆၆)ဦးကို ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်တွင် မြိုင်ကြီးငူသီတဂူစက္ခုဒါနဆေးရုံကိုဖွင့်လှစ်ထားပြီးဖြစ်ရာ ယခုဖွင့်လှစ်သည့် ရွှေကုက္ကိုမြိုင်မြို့မှ သီတဂူချစ်သူစက္ခုဒါနဆေးရုံမှာ ပြည်နယ်အတွင်း ဒုတိယမြောက် သီတဂူဆေးရုံဖြစ်သည်။

သီတဂူဆေးရုံများကို ဒေသအသီးသီးတွင် တည်ဆောက်နေရာ စစ်ကိုင်းတိုင်းဒေသကြီး အင်းဒေါင်မြို့၊ ခန္တီးမြို့ နှင့် ပုလဲမြို့၊ တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့၊  ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး ကေတုမတီမြို့၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၊ မန္တလေးတိုင်းဒေသကြီး ကူမဲမြို့တို့တွင်လည်း ဆက်လက်တည်ဆောက်နေဆဲဖြစ်ကြောင်း သိရသည်။
သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရသည် နိုင်ငံတဝန်း ဆေးရုံပေါင်း (၄၅)ခု တည်ဆောက်ရန် လျာထားခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Photo #သီတဂူကျော်ဆန်းဝင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net