နယ္စပ္ၿမိဳ႕ တာခ်ီလိတ္တြင္ စေနေန႔တုိင္း စုေပါင္းအမိႈက္ေကာက္အစီအစဥ္ (၉)ႀကိမ္ေျမာက္ လုပ္ေဆာင္

နယ္စပ္ၿမိဳ႕ တာခ်ီလိတ္တြင္ စေနေန႔တုိင္း စုေပါင္းအမိႈက္ေကာက္အစီအစဥ္ (၉)ႀကိမ္ေျမာက္ လုပ္ေဆာင္
မေ 4, 2019
By 🌸
ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ဌာနဆုိင္ရာမ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ားႏွင့္ လူထုပူးေပါင္းပါဝင္သည့္ အပတ္စဥ္ စေနေန႔တုိင္း အမိႈက္ေကာက္အစီအစဥ္ ရက္သတၱပတ္ (၉)ပတ္ေျမာက္အျဖစ္ ၂၀၁၉ ခုႏွစ္၊ ေမလ (၄) ရက္ေန႔က ပါဆတ္ရပ္ကြက္တြင္ ေဆာင္ရြက္ၾကသည္။

တာခ်ီလိတ္ၿမိဳ႕တြင္း လမ္းေဘးႏွင့္ ေခ်ာင္း၊ေျမာင္းမ်ားတြင္ စည္းကမ္းမဲ့စြန္႔ပစ္ထားသည့္အမိႈက္မ်ားအား စုေပါင္းရွင္းလင္းသည့္ အစီအစဥ္ကို ၂၀၁၉ ခုႏွစ္၊ မတ္လ ပထမပတ္ စေနေန႔မွ စတင္ခဲ့ရာ ပထမ (၃) လပတ္တြင္ အမိႈက္စနစ္တက်စြန္႔ပစ္ျခင္းဆုိင္ရာ အသိပညာေပးႏွင့္ စည္းကမ္းမဲ့စြန္႔ပစ္ထားသည့္ အမိႈက္ေကာက္ျခင္းမ်ား ေဆာင္ရြက္မည္ျဖစ္ကာ သန္႔ရွင္းေသာရပ္ကြက္မ်ားကို ေရြးခ်ယ္ၿပီး ဆုေပး၊ဒဏ္ေပးစနစ္ကို က်င့္သံုးသြားမည္ျဖစ္ေၾကာင္း သိရသည္။

စုေပါင္းအမိႈက္ေကာက္သည့္အစီအစဥ္ကို ေမလ (၁၁) ရက္ေန႔၌ ဆန္ဆိုင္း(က) ရပ္ကြက္၊ ေမလ (၁၈) ရက္ေန႔၌ ပုန္းထြန္ရပ္ကြက္၊ ေမလ (၂၅) ရက္ေန႔၌ ဆန္ဆိုင္း(ခ) ရပ္ကြက္တို႔တြင္ ေဆာင္ရြက္မည္ျဖစ္ရာ ပါဝင္လိုသူမ်ား ပူးေပါင္းပါဝင္ႏုိင္ေၾကာင္း သိရသည္။

စုေပါင္းအမိႈက္ရွင္းလင္းျခင္းအစီအစဥ္ကို မတ္လ (၉) ရက္ေန႔က ဝမ္ေကာင္းရပ္ကြက္၊ မတ္လ (၁၆) ရက္ေန႔က မကာဟိုခမ္းရပ္ကြက္၊ မတ္လ (၂၃) ရက္ေန႔တြင္ ရန္ေအာင္ေျမရပ္ကြက္၊ မတ္လ (၃၀)ရက္ေန႔တြင္ ေဆခမ္းရပ္ကြက္ႏွင့္ ဧၿပီလ (၆)ရက္ေန႔႔တြင္ ပုန္းထြန္ရပ္ကြက္ ၊ ဧၿပီလ (၁၃) ရက္ေန႔တြင္ ဝိန္းေက်ာက္ရပ္ကြက္ႏွင့္ ဧၿပီလ (၂၀) ရက္ေန႔တြင္ တာေလာ့ရပ္ကြက္၊ ဧၿပီလ (၂၇) ရက္ေန႔တြင္ မယ္ေခါင္ရပ္ကြက္ႏွင့္ ေမလ (၄) ရက္ေန႔၌ ပါဆတ္ရပ္ကြက္တို႔၌ ေဆာင္ရြက္ခဲ့ၾကျခင္းျဖစ္သည္။

နယ္စပ္ၿမိဳ႕ျဖစ္သည့္ တာခ်ီလိတ္တြင္ ရပ္ကြက္မ်ားအတြင္း စည္းကမ္းမဲ့အမိႈက္စြန္႔ပစ္မႈမ်ားရိွေနၿပီး ေရေျမာင္းမ်ား၊ ေခ်ာင္းမ်ားတြင္ အမိႈက္မ်ားပိတ္ဆို႔သျဖင့္ မိုးရာသီအတြင္း ေရႀကီးေရလွ်ံမႈမ်ားကိုလည္း ႏွစ္စဥ္ႀကံဳေတြ႔ေနရျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု #UTS

~~~~~~~~⊰❂ Unicode Version ~~~~~~~~
နယ်စပ်မြို့ တာချီလိတ်တွင် စနေနေ့တိုင်း စုပေါင်းအမှိုက်ကောက်အစီအစဉ် (၉)ကြိမ်မြောက် လုပ်ဆောင်
*************
မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် လူထုပူးပေါင်းပါဝင်သည့် အပတ်စဉ် စနေနေ့တိုင်း အမှိုက်ကောက်အစီအစဉ် ရက်သတ္တပတ် (၉)ပတ်မြောက်အဖြစ် ၂၀၁၉ ခုနှစ်၊ မေလ (၄) ရက်နေ့က ပါဆတ်ရပ်ကွက်တွင် ဆောင်ရွက်ကြသည်။

တာချီလိတ်မြို့တွင်း လမ်းဘေးနှင့် ချောင်း၊မြောင်းများတွင် စည်းကမ်းမဲ့စွန့်ပစ်ထားသည့်အမှိုက်များအား စုပေါင်းရှင်းလင်းသည့် အစီအစဉ်ကို ၂၀၁၉ ခုနှစ်၊ မတ်လ ပထမပတ် စနေနေ့မှ စတင်ခဲ့ရာ ပထမ (၃) လပတ်တွင် အမှိုက်စနစ်တကျစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးနှင့် စည်းကမ်းမဲ့စွန့်ပစ်ထားသည့် အမှိုက်ကောက်ခြင်းများ ဆောင်ရွက်မည်ဖြစ်ကာ သန့်ရှင်းသောရပ်ကွက်များကို ရွေးချယ်ပြီး ဆုပေး၊ဒဏ်ပေးစနစ်ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရသည်။

စုပေါင်းအမှိုက်ကောက်သည့်အစီအစဉ်ကို မေလ (၁၁) ရက်နေ့၌ ဆန်ဆိုင်း(က) ရပ်ကွက်၊ မေလ (၁၈) ရက်နေ့၌ ပုန်းထွန်ရပ်ကွက်၊ မေလ (၂၅) ရက်နေ့၌ ဆန်ဆိုင်း(ခ) ရပ်ကွက်တို့တွင် ဆောင်ရွက်မည်ဖြစ်ရာ ပါဝင်လိုသူများ ပူးပေါင်းပါဝင်နိုင်ကြောင်း သိရသည်။

စုပေါင်းအမှိုက်ရှင်းလင်းခြင်းအစီအစဉ်ကို မတ်လ (၉) ရက်နေ့က ဝမ်ကောင်းရပ်ကွက်၊ မတ်လ (၁၆) ရက်နေ့က မကာဟိုခမ်းရပ်ကွက်၊ မတ်လ (၂၃) ရက်နေ့တွင် ရန်အောင်မြေရပ်ကွက်၊ မတ်လ (၃၀)ရက်နေ့တွင် ဆေခမ်းရပ်ကွက်နှင့် ဧပြီလ (၆)ရက်နေ့့တွင် ပုန်းထွန်ရပ်ကွက် ၊ ဧပြီလ (၁၃) ရက်နေ့တွင် ဝိန်းကျောက်ရပ်ကွက်နှင့် ဧပြီလ (၂၀) ရက်နေ့တွင် တာလော့ရပ်ကွက်၊ ဧပြီလ (၂၇) ရက်နေ့တွင် မယ်ခေါင်ရပ်ကွက်နှင့် မေလ (၄) ရက်နေ့၌ ပါဆတ်ရပ်ကွက်တို့၌ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ရပ်ကွက်များအတွင်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများရှိနေပြီး ရေမြောင်းများ၊ ချောင်းများတွင် အမှိုက်များပိတ်ဆို့သဖြင့် မိုးရာသီအတွင်း ရေကြီးရေလျှံမှုများကိုလည်း နှစ်စဉ်ကြုံတွေ့နေရခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ #UTS

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net