ထုိင္းႏိုင္ငံတြင္ သာသနာ့ရန္ပံုေငြအလြဲသံုးစားျပဳမႈျဖင့္ ဘုန္းေတာ္ႀကီးႏွစ္ပါးကို ေထာင္ဒဏ္အသီးသီးခ်မွတ္

ထုိင္းႏိုင္ငံတြင္ သာသနာ့ရန္ပံုေငြအလြဲသံုးစားျပဳမႈျဖင့္ ဘုန္းေတာ္ႀကီးႏွစ္ပါးကို ေထာင္ဒဏ္အသီးသီးခ်မွတ္
မေ 18, 2019
By 🌸
ထုိင္းနုိင္ငံတြင္ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားျပဳျပင္ရန္ အစိုးရေထာက္ပံ့ေငြအား အလြဲသံုးစားျပဳလုပ္မႈျဖင့္ အမႈရင္ဆုိင္ေနရသည့္ ေက်ာင္းထုိင္ဘုန္းေတာ္ႀကီးႏွစ္ပါးကို ေထာင္ဒဏ္အသီးသီးခ်မွတ္လိုက္ေၾကာင္း သိရသည္။

ဝပ္ဆန္ဘုန္းေတာ္ႀကီးေက်ာင္း၏ ယခင္ေက်ာင္းထုိင္ဘုန္းေတာ္ႀကီးကို ေထာင္ဒဏ္ (၆)ႏွစ္ႏွင့္ လက္ေထာက္ဆရာေတာ္အား ေထာင္ဒဏ္ (၃)ႏွစ္အသီးသီးခ်မွတ္လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရိွေထာင္ဒဏ္ (၆)ႏွစ္က်ခံရသည့္ ဘုန္းေတာ္ႀကီးမွာ ၂၀၁၈ ခုႏွစ္ တရားစြဲဆိုျခင္းမခံရမီက ဘန္ေကာက္ သံဃာ့အဖြဲ႕အစည္းအႀကီးအကဲဆရာေတာ္ျဖစ္သည့္အျပင္ သံဃာ့မဟာနာယကအဖြဲ႕ဝင္လည္းျဖစ္ခဲ့၍ သံဃာေတာ္မ်ား၏ ၾကည္ညိဳေလးစားမႈကို ရရိွထားခဲ့ျခင္းျဖစ္သည္။

ဘုန္းေတာ္ႀကီးေက်ာင္းမ်ားျပဳျပင္မြမ္းမံေရး အစိုးရစီမံကိန္းမွ ေက်ာင္းမ်ားျပဳျပင္ရန္ ေထာက္ပံ့ေပးထားသည့္ ဘတ္ (၅)သန္းကို အလြဲသံုးစားျပဳမႈျဖင့္ အဆိုပါ ေက်ာင္းထုိင္ဆရာေတာ္ႏွင့္ လက္ေထာက္ဆရာေတာ္တုိ႔အား တရားစြဲဆိုခဲ့ျခင္းျဖစ္သည္။

စီမံကိန္းမွေထာက္ပံ့ေငြရယူရာတြင္ ဘုန္းေတာ္ႀကီးေက်ာင္းျပဳျပင္ရန္အျပင္ အဆိုပါ ဘုန္းေတာ္ႀကီးေက်ာင္းတြင္ စာသင္ေက်ာင္းအတြက္ပါ ရယူထားျခင္းျဖစ္ေသာ္လည္း စာသင္ေက်ာင္းမွာ အမွန္တကယ္ေဆာက္လုပ္ထားျခင္းမရိွသျဖင့္ အေရးယူခံရျခင္းျဖစ္ေၾကာင္း သိရသည္။

အစိုးရက ဘုန္းေတာ္ႀကီးေက်ာင္းျပဳျပင္ရန္အတြက္ ဘတ္ (၈)သန္းႏွင့္ ဘုန္းေတာ္ႀကီးေက်ာင္းတြင္ အမွန္တကယ္မရိွခဲ့သည့္ စာသင္ေက်ာင္းအတြက္ ဘတ္ (၅)သန္းခ်ထားေပးသည့္အနက္ ဘတ္ (၃.၅)သန္းကို ရန္ပံုေငြရရိွသည္ႏွင့္ အျခားဘဏ္အေကာင့္တစ္ခုသို႔ ခ်က္ခ်င္းလႊဲေျပာင္းေပးထားသည္ကို စစ္ေဆးေတြ႔ရိွရၿပီး အဆုိပါဘဏ္အေကာင့္မွာေဆာက္လုပ္ေရးစရိတ္ေပးျခင္းျဖစ္သည္ဟု တရားရံုးတြင္ ျပန္လည္ေခ်ပထားေၾကာင္း သိရသည္။

အေဆာက္အဦေဆာက္လုပ္ရန္ရန္ပံုေငြမွ အခ်ိဳ႕ကို အမ်ိဳးသမီးတစ္ဦးက ထုတ္ယူထားသည္ကိုလည္း ေတြ႔ရၿပီး အဆိုပါအမ်ိဳးသမီးက ေဆာက္လုပ္ေရးအတြက္ ႀကိဳတင္ထုတ္ေပးေငြမွ အတိုးရယူထားသည္ကို စစ္ေဆးေတြ႔ရိွထားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါဆရာေတာ္(၂)ပါးမွာ တရားစြဲဆိုခံရခ်ိန္မွစ၍ သကၤန္းဝတ္ခြင့္မရေတာ့ဘဲ အမႈရင္ဆုိင္ေနရျခင္းျဖစ္ၿပီး အမႈအား ေနာက္ဆံုးအမိန္႔ခ်သည့္ ၂၀၁၉ ခုႏွစ္၊ ေမလ (၁၆)ရက္ေန႔က တရားရံုးတြင္ ဆရာေတာ္မ်ား၏ တပည့္ဒါယကာ၊ ဒါယိကာမ (၅၀)ခန္႔လည္း လာေရာက္ၾကေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္အတြင္းက သာသနာ့ရန္ပံုေငြခ်ထားေပးမႈမ်ားအား စစ္ေဆးခဲ့ရာ ရန္ပံုေငြ အလြဲသံုးစားျပဳမႈျဖင့္ ဘုန္းေတာ္ႀကီးမ်ားႏွင့္ သာသနာ့ရန္ပံုေငြအဖြဲ႕မွ အရာရိွမ်ား တရားရင္ဆုိင္ခဲ့ၾကရျခင္းျဖစ္သည္။
ဧၿပီလအတြင္းကလည္း သာသနာ့ရန္ပံုေငြအလြဲသံုးစားျပဳမႈျဖင့္ ေက်ာင္းထုိင္ဘုန္းေတာ္ႀကီးတစ္ပါးကို ေထာင္ဒဏ္ (၂၆)ႏွစ္အထိ ခ်မွတ္ခဲ့ျခင္းျဖစ္သည္။

Tachileik News Agency
Ref: The Nation

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံတွင် သာသနာ့ရန်ပုံငွေအလွဲသုံးစားပြုမှုဖြင့် ဘုန်းတော်ကြီးနှစ်ပါးကို ထောင်ဒဏ်အသီးသီးချမှတ်
*********
ထိုင်းနိုင်ငံတွင် ဘုန်းတော်ကြီးကျောင်းများပြုပြင်ရန် အစိုးရထောက်ပံ့ငွေအား အလွဲသုံးစားပြုလုပ်မှုဖြင့် အမှုရင်ဆိုင်နေရသည့် ကျောင်းထိုင်ဘုန်းတော်ကြီးနှစ်ပါးကို ထောင်ဒဏ်အသီးသီးချမှတ်လိုက်ကြောင်း သိရသည်။

ဝပ်ဆန်ဘုန်းတော်ကြီးကျောင်း၏ ယခင်ကျောင်းထိုင်ဘုန်းတော်ကြီးကို ထောင်ဒဏ် (၆)နှစ်နှင့် လက်ထောက်ဆရာတော်အား ထောင်ဒဏ် (၃)နှစ်အသီးသီးချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိထောင်ဒဏ် (၆)နှစ်ကျခံရသည့် ဘုန်းတော်ကြီးမှာ ၂၀၁၈ ခုနှစ် တရားစွဲဆိုခြင်းမခံရမီက ဘန်ကောက် သံဃာ့အဖွဲ့အစည်းအကြီးအကဲဆရာတော်ဖြစ်သည့်အပြင် သံဃာ့မဟာနာယကအဖွဲ့ဝင်လည်းဖြစ်ခဲ့၍ သံဃာတော်များ၏ ကြည်ညိုလေးစားမှုကို ရရှိထားခဲ့ခြင်းဖြစ်သည်။

ဘုန်းတော်ကြီးကျောင်းများပြုပြင်မွမ်းမံရေး အစိုးရစီမံကိန်းမှ ကျောင်းများပြုပြင်ရန် ထောက်ပံ့ပေးထားသည့် ဘတ် (၅)သန်းကို အလွဲသုံးစားပြုမှုဖြင့် အဆိုပါ ကျောင်းထိုင်ဆရာတော်နှင့် လက်ထောက်ဆရာတော်တို့အား တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

စီမံကိန်းမှထောက်ပံ့ငွေရယူရာတွင် ဘုန်းတော်ကြီးကျောင်းပြုပြင်ရန်အပြင် အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် စာသင်ကျောင်းအတွက်ပါ ရယူထားခြင်းဖြစ်သော်လည်း စာသင်ကျောင်းမှာ အမှန်တကယ်ဆောက်လုပ်ထားခြင်းမရှိသဖြင့် အရေးယူခံရခြင်းဖြစ်ကြောင်း သိရသည်။

အစိုးရက ဘုန်းတော်ကြီးကျောင်းပြုပြင်ရန်အတွက် ဘတ် (၈)သန်းနှင့် ဘုန်းတော်ကြီးကျောင်းတွင် အမှန်တကယ်မရှိခဲ့သည့် စာသင်ကျောင်းအတွက် ဘတ် (၅)သန်းချထားပေးသည့်အနက် ဘတ် (၃.၅)သန်းကို ရန်ပုံငွေရရှိသည်နှင့် အခြားဘဏ်အကောင့်တစ်ခုသို့ ချက်ချင်းလွှဲပြောင်းပေးထားသည်ကို စစ်ဆေးတွေ့ရှိရပြီး အဆိုပါဘဏ်အကောင့်အမှာ ဆောက်လုပ်ရေးစရိတ်ပေးခြင်းဖြစ်သည်ဟု တရားရုံးတွင် ပြန်လည်ချေပထားကြောင်း သိရသည်။
အဆောက်အဦဆောက်လုပ်ရန်ရန်ပုံငွေမှ အချို့ကို အမျိုးသမီးတစ်ဦးက ထုတ်ယူထားသည်ကိုလည်း တွေ့ရပြီး အဆိုပါအမျိုးသမီးက ဆောက်လုပ်ရေးအတွက် ကြိုတင်ထုတ်ပေးငွေမှ အတိုးရယူထားသည်ကို စစ်ဆေးတွေ့ရှိထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဆရာတော်(၂)ပါးမှာ တရားစွဲဆိုခံရချိန်မှစ၍ သင်္ကန်းဝတ်ခွင့်မရတော့ဘဲ အမှုရင်ဆိုင်နေရခြင်းဖြစ်ပြီး အမှုအား နောက်ဆုံးအမိန့်ချသည့် ၂၀၁၉ ခုနှစ်၊ မေလ (၁၆)ရက်နေ့က တရားရုံးတွင် ဆရာတော်များ၏ တပည့်ဒါယကာ၊ ဒါယိကာမ (၅၀)ခန့်လည်း လာရောက်ကြကြောင်း သိရသည်။

၂၀၁၈ ခုနှစ်အတွင်းက သာသနာ့ရန်ပုံငွေချထားပေးမှုများအား စစ်ဆေးခဲ့ရာ ရန်ပုံငွေ အလွဲသုံးစားပြုမှုဖြင့် ဘုန်းတော်ကြီးများနှင့် သာသနာ့ရန်ပုံငွေအဖွဲ့မှ အရာရှိများ တရားရင်ဆိုင်ခဲ့ကြရခြင်းဖြစ်သည်။

ဧပြီလအတွင်းကလည်း သာသနာ့ရန်ပုံငွေအလွဲသုံးစားပြုမှုဖြင့် ကျောင်းထိုင်ဘုန်းတော်ကြီးတစ်ပါးကို ထောင်ဒဏ် (၂၆)နှစ်အထိ ချမှတ်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

Ref: The Nation
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net