မကွေးတိုင်းအတွင်း တည်ဆောက်မည့် လေအားလျှပ်စစ်စီမံကိန်း ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်နိုင်မည်
မကွေးတိုင်းအတွင်း တည်ဆောက်မည့် လေအားလျှပ်စစ်စီမံကိန်း ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်နိုင်မည်
မေ 14, 2019
By Tachileik News Agency
မကွေးတိုင်းဒေသကြီးတွင် မဂ္ဂါဝပ် (၂၆၀) ကျော် ထုတ်လွှတ်နိုင်မည့် လေအားလျှပ်စစ်စီမံကိန်း အတွက် လေ့လာဆန်းစစ်မှုများလုပ်ဆောင်နေပြီး ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် လုပ်ငန်းများစတင်နိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
လေအားလျှပ်စစ်စီမံကိန်း၏ ကနဦးစီမံချက်ကို မကွေးတိုင်းဒေသ ကြီးတွင် အကောင်အထည်ဖော်ရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စင်္ကာပူအခြေစိုက် Infra Capital Myanmar-ReEx ကုမ္ပဏီတို့ ၂၀၁၇ ခုနှစ် ဧပြီလ (၄)ရက်နေ့တွင် MOU သဘောတူစာချုပ်လက်မှတ်ရေး ထိုးကာ ၂၀၁၈ ခုနှစ်တွင် သက်တမ်းတိုး၍ ဆောင်ရွက်နေခြင်းဖြစ်သည်။
လေအားလျှပ်စစ်ထုတ်လုပ်နိုင်ရန် မကွေးတိုင်းဒေသကြီးအတွင်း ချောက်မြို့နယ်၊ မင်းတုန်းမြို့ နယ်နှင့် မင်းလှမြို့နယ် တို့တွင် တာဝါတိုင်များတည်ဆောက်ရန် လျာထားသည့်အနက် မင်းလှမြို့နယ် တွင်စတင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရပြီး ၂၀၂၁ ခုနှစ်တွင် မကွေးတိုင်းမှ နေပြည်တော်အပါအဝင် ပြည်နယ် တိုင်း(၁၅)ခုသို့ Pilot Project အနေဖြင့် ဖြန့်ဝေပေးနိုင်ရန် လျာထားကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဖီးနစ်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
မကွေးတိုင်းဒေသကြီးတွင် မဂ္ဂါဝပ် (၂၆၀) ကျော် ထုတ်လွှတ်နိုင်မည့် လေအားလျှပ်စစ်စီမံကိန်း အတွက် လေ့လာဆန်းစစ်မှုများလုပ်ဆောင်နပြေီး ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် လုပ်ငန်းများစတင်နို်င်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
“ဖြစ်နို်င်စွမ်းက အပြည့်ရှိနေပါပြီ။ နိုင်ငံတကာစံချိန်စံညွှန်းနဲ့ညီအောင် လေတိုက်နှုန်း၊ သဘာဝပတ်ဝန်း ကျင်ပျက်ဆီးမှု၊ မြေယာအသုံးချမှုအတွက်လေျာ်ကြေးငွေပေးရမယ့်ကိစ္စ စတဲ့ကိစ္စတွေအတွက် လိုအပ်သ လိုဆောင်ရွက်နိုင်ဖို့ လေ့လာရေးအဖွဲ့ကို တိုင်းအစိုးရအဖွဲ့နဲ့ ကုမ္ပဏီတို့ ပူးပေါင်းဖွဲ့စည်းပြီး လေ့လာ ဆန်း စစ်လျှက်ရှိပါတယ်။ အဲဒါတွပြေီးရင် အစိုးရအဖွဲ့နဲ့ သဘောတူညီချက် MOU ကို ပြည်ထောင်စုအစိုးရ အဖွဲ့ဆီလွှဲပေးပါ့မယ်။နောက် ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ ညှိနှိုင်းပြီး MOA ထိုးပါမယ်။ MOA ထိုးပြီး လေအားလျှပ်စစ် တစ်ယူနစ်ကိုဘယ်လောက်နှုန်းနဲ့ ကျနော်တို့က ဝယ်မယ် ဆိုတာ PPA သဘော တူညီချက်ရယူပြီးရင်တော့ လုပ်ငန်းတွေစတင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ၂၀၂၀ခုနှစ် အကုန် ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းမှာ လုပ်ငန်းတွေ စတင်နို်င်မယ်လို့ မျှော်မှန်းပါတယ်” ဟု မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ သဘာဝပတ် ဝန်းကျင်၊ သယံဇာတရေးရာ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော် က မေလ (၁၄)ရက်နေ့တွင် တတိယ(၁)နှစ်တာ သက်တမ်းကာလအတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
လေအားလျှပ်စစ်စီမံကိန်း၏ ကနဦးစီမံချက်ကို မကွေးတိုင်းဒေသ ကြီးတွင် အကောင်အထည်ဖော်ရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စင်္ကာပူအခြေစိုက် Infra Capital Myanmar-ReEx ကုမ္ပဏီတို့ ၂၀၁၇ ခုနှစ် ဧပြီလ (၄)ရက်နေ့တွင် MOU သဘောတူစာချုပ်လက်မှတ်ရေး ထိုးကာ ၂၀၁၈ ခုနှစ်တွင် သက်တမ်းတိုး၍ ဆောင်ရွက်နခြေင်းဖြစ်သည်။
“မင်းလှမြို့နယ်ထဲမှာ တာဝါတိုင်တွေဆောက်မယ့်နေရာ၊ ကေဘယ်လ်ကြိုးတွမြှေုပ်မယ့်နေရာ၊ အဲဒါတွေ အတွက် ဆုံးရှူံးရမယ့်လယ်ယာမြေတွေအတွက် လျော်ကြေးဘယ်လောက်ပေးရမယ်ဆိုတာ မင်းလှမြို့နယ် မှာကွင်းဆင်းပြီး အတိအကျထွက်အောင်တွက်နကြေပါပြီ။ လောလောဆယ်ဆုံးဖြတ်ထားတာကတော့ မြေတွေကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ပိုင်လုပ်ပြီး သူတို့ကို ငှါးရမ်းတဲ့ပုံစံနဲ့လုပ်မယ်။ လုပ်ငန်းတွေ ဆက်သွားနေပါတယ်။သေချာပေါက် လေစွမ်းအင်ကနေ လျှပ်စစ်ထုတ်လို့ရတယ်ဆိုတာ တစ်နှစ်ခွဲလောက် စမ်းပြီးပြီဖြစ်လို့ ထုတ်ဖြစ်ဖို့က သေချာပါတယ်”ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။
လေရဟတ်များမှာ (၂၂၅)မီတာခန့်၊ ပေအားဖြင့် ပေ(၇၅၀)ခန့်ရှိမည်ဖြစ်ပြီး အသံဆူညံမှု၊ ဆောင်းခို ငှက် များ ပျံသန်းရာ လမ်းကြောင်းအပေါ် ထိခိုက်နိုင်မှု၊ မြေအသုံးချသည့်အခါတွင် မြေယာများ ပျက်ဆီးနိုင်မှု၊ ရာသီဥတု ပြောင်းလဲ ထိခိုက်နိုင်မှုများ ရှိ၊မရှိ အခြေ အနေများကို နိုင်ငံတကာသဘာဝ ပတ်ဝန်းကျင် ထိန်း သိမ်းရေးက အသိအမှတ်ပြုထားသည့် ကုမ္ပဏီများမှ နိုင်ငံခြားသားပညာရှင်များဖြင့် လေ့လာဆန်းစစ် မှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
လေအားလျှပ်စစ်ထုတ်လုပ်နိုင်ရန် မကွေးတိုင်းဒေသကြီးအတွင်း ချောက်မြို့နယ်၊ မင်းတုန်းမြို့ နယ်နှင့် မင်းလှမြို့နယ် တို့တွင် တာဝါတိုင်များတည်ဆောက်ရန် လျာထားသည့်အနက် မင်းလှမြို့နယ် တွင်စတင် ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရပြီး ၂၀၂၁ ခုနှစ်တွင် မကွေးတိုင်းမှ နပြေည်တော်အပါအဝင် ပြည်နယ် တိုင်း(၁၅)ခုသို့ Pilot Project အနဖြေင့် ဖြန့်ဝေပေးနိုင်ရန် လျာထားကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဖီးနစ်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net