အျပစ္ေျပာ မလြတ္ခဲ့ေသာ္လည္း အစိုးရတစ္ဖဲြ႔လံုး ကိုယ္စြမ္းဥာဏ္စြမ္းရိွသမွ် ဆက္လက္၍ မွန္ကန္စြာရပ္တည္လုပ္ေဆာင္သြားမည္ဟု မေကြးတိုင္းဝန္ႀကီးခ်ဳပ္ ေျပာၾကား

အျပစ္ေျပာ မလြတ္ခဲ့ေသာ္လည္း အစိုးရတစ္ဖဲြ႔လံုး ကိုယ္စြမ္းဥာဏ္စြမ္းရိွသမွ် ဆက္လက္၍ မွန္ကန္စြာရပ္တည္လုပ္ေဆာင္သြားမည္ဟု မေကြးတိုင္းဝန္ႀကီးခ်ဳပ္ ေျပာၾကား
မေ 15, 2019
By Tachileik News Agency

မွန္မွန္ကန္ကန္ႀကိဳးႀကိဳးစားစား လုပ္ေဆာင္ေနပါလွ်က္ႏွင့္ အျပစ္ေျပာမလြတ္ခဲ့ေသာ္လည္း အစိုးရတစ္ဖဲြ႔ လံုး ကိုယ္စြမ္း ဥာဏ္စြမ္းရိွသမွ် ၂၀၂၀ အထိ ဆက္လက္ႀကိဳးပမ္းေဆာင္ရြက္သြားျဖစ္ေၾကာင္း မေကြးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္က သတင္းစာရွင္းလင္းပဲြတြင္ ေျပာၾကားသည္။

“တိုင္းေဒသႀကီးအတြက္ အတတ္နို္င္ဆံုးႀကိဳးစား ေဆာင္ရြက္ခဲ့ၾကတယ္။ အဲလိုေဆာင္ရြက္ၾကတဲ့ေနရာမွာ ေက်းဇူးတင္လို႔ ေက်းဇူးတုန္႔ျပန္တဲ့အေနနဲ႔ ေရႊအတံုးလိုက္လာေပးတာေတာင္ မယူဘူး။ လွ်ပ္စစ္နဲ႔ ပတ္သက္ၿပီးေတာ့ သန္း (၅၀၀)တန္ ေလာ့ဂ္ ၂ ခု ရတယ္။ ရၿပီးသြားၿပီ။ ပစၥည္းလည္းေရာင္းၿပီးၿပီ။ ေက်းဇူး  တင္လို႔ ေက်းဇူးဆပ္တာဆိုၿပီး ေရႊေတြလာေပးတာ လွ်ပ္စစ္ဝန္ႀကီးမယူဘူး” ဟု အစိုးရအဖဲြ႔ဝန္ႀကီးမ်ား၏ ကိုယ္က်င့္တရားေကာင္းမြန္မႈအေပၚ စံျပဳေျပာၾကားသြားသည္။

ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္လည္း ေပးလာေသာ တန္ဘိုးျမင့္ လက္ေဆာင္ပစၥည္းမ်ားကို ျငင္းဆန္ခဲ့သည္ဆိုသည္။

“ကြ်န္ေတာ့္ဆိုလို႔ရိွရင္ တိုင္းဦးစီးတစ္ေယာက္ကလာေပးတာ အိုင္ဖုန္းေရာ အိုင္ပက္ေရာ သိန္း(၃၀) ေက်ာ္ (၄၀)ေလာက္တန္တယ္ မယူခဲ့ဘူး။ ကြ်န္ေတာ့္ PSO ကတစ္ဆင့္ျပန္ေပးလိုက္တယ္။ ကိုင္ေတာင္မၾကည့္ လိုက္ဘူး။ ေနာက္တစ္ခါ ေရႊစက္ေတာ္ဘက္စံုလုပ္ေနတဲ့ လုပ္ငန္းရွင္သူေဌးႀကီးတစ္ေယာက္ကလည္း လာေပးတယ္။ အိုင္ဖုန္းနဲ႔ အိုင္ပက္ပဲ။ မယူဘူး ကြ်န္ေတာ္ျပန္ေပးလိုက္တယ္။ အဲဒီေနာက္  တရုတ္နဲ႔ျမန္မာ ခ်စ္ၾကည္ေရးအသင္းက နတ္ေမာက္ေဆးရံု တိုးခ်ဲ႕လူနာေဆာင္ ပႏၷက္ခ်တုန္းက ကြ်န္ေတာ့္ကို ေနာက္ဆံုး ေပၚ အိုင္ဖုန္းတစ္လံုးလာေပးတယ္။ ဒီလို လက္ေဆာင္လာေပးထားပါတယ္။ ျပန္ေပးမွာပါဆိုၿပီးေတာ့ ႏိုင္ငံေတာ္သမၼတႀကီးဆီကို တင္ျပထားတယ္။ တင္ျပထားတဲ့အတုိင္းပဲ ဟိုတစ္ေန႔ကဖြင့္ပဲြမွာ ကြ်န္ေတာ္ ေပးလိုက္တယ္”ဟု ဝန္ႀကီးခ်ဳပ္က ေျပာသည္။

မေကြးတိုင္းေဒသႀကီး၏ တတိယ(၁)နွစ္တာ သက္တမ္းကာလအတြင္း လုပ္ငန္းေဆာင္ရြက္ခဲ့မႈမ်ားႏွင့္ ပတ္သက္၍  ၂၀၁၉ခုႏွစ္ ေမလ(၁၄)ရက္ေန႔က က်င္းပျပဳလုပ္သည့္  သတင္းစာရွင္းလင္းပဲြတြင္ ေျပာၾကားျခင္း ျဖစ္သည္။

မည္သို႔ပင္ မွန္ကန္ေအာင္ႀကိဳးစားေနေသာ္လည္း ျပစ္တင္ေျပာဆိုခံရမႈမွ လြတ္ကင္းျခင္းမရိွေၾကာင္း၊ ဒီမိုကေရစီစနစ္ကို ေဖာ္ေဆာင္ေနသည့္ ႏိုင္ငံျဖစ္၍ မည္သူေတြက မည္သို႔ပင္ျပစ္တင္ေျပာဆိုမႈမ်ားရိွ ေနေသာ္လည္း ၎တို႔အစိုးရအဖဲြ႔အေနျဖင့္ ကိုယ္စြမ္းဥာဏ္စြမ္းရိွသမွ် ၂၀၂၀ ထိေအာင္ အစိုးရအဖဲြ႔ တစ္ဖဲြ႔လံုး ရိုးရိုးသားသားျဖင့္ ဆက္လက္ ႀကိဳးစားေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းျဖင့္ ဝန္ႀကီးခ်ဳပ္က ေျပာ ၾကားသည္။

သတင္း - ဖီးနစ္
ဓာတ္ပံု - သန္းႏိုင္ဦး


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မှန်မှန်ကန်ကန်ကြိုးကြိုးစားစား လုပ်ဆောင်နေပါလျှက်နှင့် အပြစ်ပြောမလွတ်ခဲ့သော်လည်း အစိုးရတစ်ဖွဲ့ လုံး ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ၂၀၂၀ အထိ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
“တိုင်းဒေသကြီးအတွက် အတတ်နို်င်ဆုံးကြိုးစား ဆောင်ရွက်ခဲ့ကြတယ်။ အဲလိုဆောင်ရွက်ကြတဲ့နေရာမှာ ကျေးဇူးတင်လို့ ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ ရွှေအတုံးလိုက်လာပေးတာတောင် မယူဘူး။ လျှပ်စစ်နဲ့ ပတ်သက်ပြီးတော့ သန်း (၅၀၀)တန် လော့ဂ် ၂ ခု ရတယ်။ ရပြီးသွားပြီ။ ပစ္စည်းလည်းရောင်းပြီးပြီ။ ကျေးဇူး တင်လို့ ကျေးဇူးဆပ်တာဆိုပြီး ရွှေတွေလာပေးတာ လျှပ်စစ်ဝန်ကြီးမယူဘူး” ဟု အစိုးရအဖွဲ့ဝန်ကြီးများ၏ ကိုယ်ကျင့်တရားကောင်းမွန်မှုအပေါ် စံပြုပြောကြားသွားသည်။

ဝန်ကြီးချုပ်ကိုယ်တိုင်လည်း ပေးလာသော တန်ဘိုးမြင့် လက်ဆောင်ပစ္စည်းများကို ငြင်းဆန်ခဲ့သည်ဆိုသည်။

“ကျွန်တော့်ဆိုလို့ရှိရင် တိုင်းဦးစီးတစ်ယောက်ကလာပေးတာ အိုင်ဖုန်းရော အိုင်ပက်ရော သိန်း(၃၀) ကျော် (၄၀)လောက်တန်တယ် မယူခဲ့ဘူး။ ကျွန်တော့် PSO ကတစ်ဆင့်ပြန်ပေးလိုက်တယ်။ ကိုင်တောင်မကြည့် လိုက်ဘူး။ နောက်တစ်ခါ ရွှေစက်တော်ဘက်စုံလုပ်နေတဲ့ လုပ်ငန်းရှင်သူဌေးကြီးတစ်ယောက်ကလည်း လာပေးတယ်။ အိုင်ဖုန်းနဲ့ အိုင်ပက်ပဲ။ မယူဘူး ကျွန်တော်ပြန်ပေးလိုက်တယ်။ အဲဒီနောက် တရုတ်နဲ့မြန်မာ ချစ်ကြည်ရေးအသင်းက နတ်မောက်ဆေးရုံ တိုးချဲ့လူနာဆောင် ပန္နက်ချတုန်းက ကျွန်တော့်ကို နောက်ဆုံး ပေါ် အိုင်ဖုန်းတစ်လုံးလာပေးတယ်။ ဒီလို လက်ဆောင်လာပေးထားပါတယ်။ ပြန်ပေးမှာပါဆိုပြီးတော့ နိုင်ငံတော်သမ္မတကြီးဆီကို တင်ပြထားတယ်။ တင်ပြထားတဲ့အတိုင်းပဲ ဟိုတစ်နေ့ကဖွင့်ပွဲမှာ ကျွန်တော် ပေးလိုက်တယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။

မကွေးတိုင်းဒေသကြီး၏ တတိယ(၁)နှစ်တာ သက်တမ်းကာလအတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ၂၀၁၉ခုနှစ် မေလ(၁၄)ရက်နေ့က ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခြင်း ဖြစ်သည်။

မည်သို့ပင် မှန်ကန်အောင်ကြိုးစားနေသော်လည်း ပြစ်တင်ပြောဆိုခံရမှုမှ လွတ်ကင်းခြင်းမရှိကြောင်း၊ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေသည့် နိုင်ငံဖြစ်၍ မည်သူတွေက မည်သို့ပင်ပြစ်တင်ပြောဆိုမှုများရှိ နေသော်လည်း၎င်းတို့အစိုးရအဖွဲ့အနဖြေင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ၂၀၂၀ ထိအောင် အစိုးရအဖွဲ့ တစ်ဖွဲ့လုံး ရိုးရိုးသားသားဖြင့် ဆက်လက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ဝန်ကြီးချုပ်က ပြော ကြားသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - သန်းနိုင်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net